“လက်နက်ကိုင် ပဋိပက္ခများရပ်တန့်နိုင်ရေး” ကိစ္စ NCA (၇)ဖွဲ့နှင့် NSPNC တွေ့ဆုံ ဆွေးနွေး

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၇)ဖွဲ့ နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ညှိနှိုင်းရေး ကော်မတီ (NSPNC) တို့ သည် လက်နက်ကိုင် ပဋိပက္ခများရပ်တန့်နိုင်ရေးဆိုင်ရာ ကိစ္စများကို နေပြည်တော်တွင် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုသည် ယမန်နေ့ (မတ် ၂၉)ရက်တွင် နေပြည်တော်၌ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုလက်မှတ်ရေးထိုးထားသည့်တိုင်းရင်းသးလက်နက်ကိုင် (၇)ဖွဲ့ ၏ ကိုယ်စားလှယ်များ နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ညှိနှိုင်းရေး ကော်မတီ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တို့ တွေ့ဆုံစဥ်တွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် (၇၉)နှစ်မြောက်တပ်မတော်နေ့ အခမ်းအနား၌ အာဏာသိမ်းစစ်ခေါင်းဆောင် ပြောကြားခဲ့သည့် NCA နှင့်စပ်လျဥ်းသည် ငြိမ်းချမ်းရေး ဆိုင်ရာ လုပ်ငန်းစဥ်များ၊ လက်နက်ကိုင်ပဋိပက္ခများရပ်တန့်ရေး ဆိုင်ရာကိစ္စများ၊ တပ်မတော်၏ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒ ၆ ရပ်နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များနှင့် ပတ်သက်ပြီး ညှိနှိုင်ရေးကော်မတီ ဥက္ကဌ က ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စများ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့် INGO အဖွဲ့ တို့အကြား အကောင်အထည်ဖော်ဆောင်ရွက်မည့် “ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်အတွက် လိုအပ်သော အကူအညီများ ပေးအပ်နိုင်ရေး စီမံကိန်း”လျားထားဆောင်ရွက်နိုင်မည့်အ ခြေအနေ ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ငြိမ်းချမ်းရေး လုပ်ငန်းစက်များစဥ်ဆက်မပြတ်ဖြစ်ပေါ်လာရေး နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်နိုင်ရေး ကိစ္စများ ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ (PPST) အာားပြင်ဆင်ဖွဲ့စည်းခြင်း ကိစ္စများနှင့် ပတ်သက်ပြီး ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) ဥက္ကဌ စောမြရာဇာလင်း က ပြောကြားခဲ့သည်။

ထို တွေ့ဆုံဆွေးနွေးပွဲ တွင် NCA (၇)ဖွဲ့ဘက်မှ ပအိုဝ်းအမျိုးသးလွတ်မြောက်ရေး ပါတီ (PNLO) နာယက ဦးခွန်ဥက္ကာ၊ ALP ဥက္ကဌ စောမြရာဇာလင်း၊ လားဟူဒီမိုကရက်တစ် အစည်းအဝေး (LDU) မှ ဒုတိယဥက္ကဌ ကျာဖူး၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) မှ စောကျော်သန်းဌေး၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စောမောင်မောင်၊ မွန်ပြည်သစ်ပါတီ (NMSP) မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေး၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စဝ်ဆောင်းဟန် တို့ တက်ရောက်ခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံ ပြည်တွင်းပဋိပက္ခ အခြေအနေတည်ငြိမ်လာစေရန်မျှော်လင့်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တိုးတက်မှုရရှိပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုကို ကာကွယ်ရန် မျှော်လင့်ကြောင်း၊
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် NSPNC အတွင်းရေးမှူးနှင့် ညှိနှိုင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးမင်းနိုင် တို့ ယမန်နေ့ ( မတ်လ ၂၈) ရက်နေ့တွင် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့ 7 NCA-S EAO တို့သည် မတ် ၁၈ရက်နေ့တွင် စုဖွဲ့မှုပုံစံအသစ်ဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ (7 EAO Alliance) အဖြစ် ပြောင်းလဲဖွဲ့စည်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းအရှေ့ ကော်ဖီစိုက်ပျိုးရေး နည်းပညာပံ့ပိုးပေးရန် NSPNC နှင့် LDU နေပြည်တော်တွင်ဆွေးနွေး

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ-ပန်ဝိုင်-ဝိုင်လီဒေသရှိ လားဟူတိုင်းရင်းသားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အာရေးဗီးကား ကော်ဖီစိုက်ပျိုးရေးတို့ကို ကူညီပံ့ပိုးပေးရန် NSPNC နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ထင်ယောင်ထင်မှား ငြိမ်းချမ်းရေးနှင့် ကျရှုံးရန်ဇာတာပါလာသော “ရက် ၁၀၀ စီမံချက်”

0
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်-မြန်မာနယ်စပ် တလျှောက်ရှိ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဇွန်လ လယ်ပိုင်းတွင် သျှမ်းပြည်သို့ လာရောက်ခဲ့သည်။ ထိုကိုယ်စားလှယ်အဖွဲ့သည်  ဇွန် ၁၇ရက်တွင် မိုင်းလားမြို့၌ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) နှင့် တွေ့ဆုံကာ အစိုးရသစ်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့်...