စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့ သဘာတူညီချက် တစုံတရာမှ မရရှိ

တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုကြောင့် ဖြစ်လာသည့် ညီနောင်မဟာမိတ် (၃) ဖွဲ့ နှင့် စစ်ကောင်စီ လက်အောက်ခံ NSPNC တို့ တွေ့ဆုံဆွေးနွေးမှုသည် သဘောတူညီချက် တစ်စုံတစ်ရာ မရှိဘဲ ပြီးဆုံးသွားခဲ့ကြောင်း စုံစမ်း သိရ သည်။

ပုံ- NSPNC နှင့် ညီနောင်မဟာမိတ် သုံးဖွဲ့ မိုင်းလား၌ တွေ့ဆုံဆွေးနွေးစဥ်။

အဆိုပါ တွေ့ဆုံမှုသည် ဇွန်လ ၁ ရက်မှ ၃ ရက်နေ့အထိ ပြုလုပ်ရန် လျာထားသည့် စစ်ကောင်စီ လက်အောက်ခံ အမျိုးသား စည်းလုံးညီညွှတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) နှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့ တွေ့ဆုံ ဆွေးနွေးမှုသည် ဇွန် ၂ ရက်နေ့ဖြင့် ပြီးဆုံးခဲ့သည်။

နှစ်ဖက်ဆွေးနွေးမှုမှ သဘောတူညီချက် တစ်စုံတစ်ရာ မရရှိသော်လည်း ပြေပြေလည်လည်ဖြင့်ပင် ဆွေးနွေးပွဲက ပြီးဆုံးသွားကြောင်း NDAA (မိုင်းလားတပ်ဖွဲ့) အတွင်းရေးမှူး ဦးကြည်မြင့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော် ကိုယ်တိုင်ကတော့ အစည်းအဝေး ခန်းမထဲကို အမြဲရှိနေတာတော့ မဟုတ်ဘူး။ ဒီဘက်က ကျနော်တို့ ကလည်း သူတို့ လုံခြုံရေးတွေ၊ နေထိုင်စားသောက်ရေးတွေကို အဓိက စီစဥ် ပေးပါတယ်။ ဆွေးနွေးပွဲကတော့ ပြေပြေလည်လည် ပြီးသွားပါတယ်” ဟု ဦးကြည်မြင့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မိုင်းလားတပ်ဖွဲ့သည် ဆွေးနွေးပွဲ ဖြစ်မြောက်ရန် နေရာထိုင်ခင်း၊ စားသောက်ရေး နှင့် လုံခြုံရေး ကိစ္စကိုသာ အကျိုးဆောင်ပေးခြင်းဖြစ်ကြောင်း ဦးကြည်မြင့်က ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ NSPNC နှင့် ဆွေးနွေးသည့် ညီနောင်မဟာမိတ် (၃) ဖွဲ့သည် ရက္ခိုင့် တပ်တော် (AA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ် တို့ဖြစ်ကြပြီး အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) ထိန်းချုပ်သည့် မိုင်းလားမြို့တွင် ဇွန်လ ၁ ရက်မှစတင်ပြီး ၂ ရက်နေ့တွင် ဆွေးနွေးမှု ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ NSPNC နှင့် ညီနောင်မဟာမိတ်တို့ တွေ့ဆုံဆွေးနွေးမှု လျာထားသည့် ရက်မတိုင်ခင် ပြီးဆုံးခြင်း နှင့် ပတ်သက်ပြီး နိုင်ငံရေး လေ့လာသုံးသပ်သူ (ဦးရဲထွန်း) သီပေါက “အဓိက ကတော့ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ က လိုလိုလားလား ဆွေးနွေးချင်ပုံ မရဘူး။ တရုတ်တိုက်တွန်းမှုကို မလွဲသာလို့သာ အစည်းအဝေးလာတက် ရတယ်လေ” ဟု သုံးသပ်ပြောဆိုထားသည်။

NSPNC နှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့ တွေ့ဆုံဆွေးနွေးမှုတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူး သံတမန် မစ္စတာကောပေါင်လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသော်လည်း တရုတ်သံတမန်က ဝင်ရောက် ဆွေးနွေးခြင်း ရှိ မရှိကိုမူ ရှင်းလင်းစွာ မသိရသေးပေ။

ယင်းတွေ့ဆုံမှု နှင့် ပတ်သက်ပြီး စစ်ကောင်စီမှ တင်ပြသည့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များကို ပြန်လည် မဆွေးနွေးခဲ့ သည့် အကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခ က သတင်းမီဒီယာများကို ဖြေကြားထားသည်။

ယခုတကြိမ် တွေ့ဆုံဆွေးနွေးမှုသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း NSPNC နှင့် ညီနောင် မဟာမိတ် (၃) ဖွဲ့တို့၏ ပထမဆုံး အကြိမ် တွေ့ဆုံမှုလည်း ဖြစ်နေသည်။

ယင်းကဲ့သို့ ဆွေးနွေးမှု ပြုလုပ်နေစဥ် ကာလအတွင်းမှာပင် ညီနောင်မဟာမိတ် (၃) ဖွဲ့ တပ်ဖွဲ့ဝင် ဖြစ်သည့် ကိုးကန့် တပ်မတော် MNDAA နှင့် စစ်ကောင်စီတို့က လားရှိုးမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

ရခိုင် လမ်းဆုံလမ်းခွ – လွတ်လပ်ရေး အိပ်မက်နှင့် ကွန်ဖက်ဒရေးရှင်း 

0
ရှေ့ပြေး နိုင်ငံငယ်တစ်ခု ပေါ်ပေါက်စပြုလာခြင်း  ဝါရှင်တန်ဒီစီအခြေစိုက် လွတ်လပ်သော သုတေသနအဖွဲ့တစ်ခုဖြစ်သည့် The Jamestown Foundation ၏ လေ့လာမှုတစ်ခုအရ ရက္ခိုင့်တပ်တော် (AA) သည် နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော မြန်မာ့ ပြည်တွင်းစစ်တွင် အင်အားအတောင့်တင်းဆုံးနှင့် ဩဇာအလွှမ်းမိုးနိုင်ဆုံး တော်လှန်ရေးအဖွဲ့ ဖြစ်လာခဲ့ပြီဖြစ်သည်။ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်တွင် ထုတ်ဝေခဲ့ပြီး "Arakan...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...