NCA လက်မှတ်ထိုး လက်နက်ကိုင် (၅) ဖွဲ့ နှင့် NSPNC နေပြည်တော်တွင် (၃) ရက်ကြာ တွေ့ဆုံဆွေးနွေးမည်

စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် အပစ်ရပ် သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင် တပ်ဖွဲ့ (၅) ဖွဲ့တို့သည် နေပြည်တော်တွင် (၃) ရက်ကြာ တွေ့ဆုံဆွေးနွေးမည်ဟု သတင်းရရှိသည်။

.

ယမန်နေ့ (သြဂုတ် ၂၉) ရက်နေ့မှ စတင်ကာ စစ်ကောင်စီမှ ဗိုလ်ချုပ်ရာပြည့် ဦးဆောင်သည့် NSPNC ကိုယ်စားလှယ်အဖွဲ့ နှင့် အပစ်ရပ် (NCA) လက်မှတ်ရေးထိုးသည့် လက်နက်ကိုင် (၅) ဖွဲ့တို့၏ ကိုယ်စားလှယ် အဖွဲ့များသည် သြဂုတ်လ (၃၁) ရက်နေ့အထိ တွေ့ဆုံဆွေးနွေးကြမည်ဟု NCA-S-EAO မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံ/စာ – သြဂုတ်လ ၂၉ ရက်နေ့တွင် NSPNC နှင့် NCA-S-EAO (၅) ဖွဲ့ ကိုယ်စားလှယ်များ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဥ်။

“တွေ့ဆုံမှုမှာ အဖွဲ့ဝင် (၅) ဖွဲ့ရဲ့ ကိုယ်စားလှယ် အသီးသီး တက်ရောက် ဆွေးနွေးနေပါတယ်။ ဆွေးနွေးမှုကတော့ (၃) ရက်ကြာ ပြုလုပ်မှာ ဆိုတော့ မနက်ဖြန်မှပဲ အစည်းအဝေးက ပြီးမှာပါ။ ဆွေးနွေးမှု အသေးစိတ် အချက်အလက်တွေကိုတော့ ဆွေးနွေးပွဲပြီးတဲ့ မနက်ဖြန်မှ သိရမှာပေါ့” ဟု NCA-S-EAO မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

NSPNC နှင့် တွေ့ဆုံဆွေးနွေးနေသည့် အပစ်ရပ် (NCA) အဖွဲ့ (၅) ဖွဲ့တို့သည် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပုံ/စာ – သြဂုတ်လ ၂၉ ရက်နေ့တွင် NSPNC နှင့် NCA-S-EAO (၅) ဖွဲ့ ကိုယ်စားလှယ်များ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဥ်။

တွေ့ဆုံရာတွင် စစ်ကောင်စီ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပြင်ဆင်လိုသည့် ပုဒ်မများ၊ ရွေးကောက်ပွဲပြုလုပ် မည့် ကိစ္စများကို ဆွေးနွေးနိုင်ခြေ ရှိကြောင်းလည်း နိုင်ငံရေး လေ့လာသုံးသပ်သူ အမည်မဖော်လိုတစ်ဦးက ပြောဆို သုံးသပ်ထားသည်။

“ကြိုပြီးတပ်အပ်ပြောနိုင်တဲ့ ကိစ္စ မဟုတ်ပေမဲ့ တိုင်းရင်းသားတွေ လိုလားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်ဆင်လိုတဲ့ အချက်တွေ၊ ပြီးတော့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံဖွဲ့စည်း တည်ထောင်ဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေကို ဆွေးနွေးဖြစ်ကြမယ်ထင်တယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲ ကျင်းပမယ့် ကိစ္စလည်းပါမှာပေါ့၊ စစ်ကောင်စီ အနေနဲ့ ဒါတွေကိုပဲ ဆွေးနွေးဖို့ရှိတယ်” ဟု အမည်မဖော်လိုသည့် နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောဆိုထားသည်။

ယခု တစ်ကြိမ် NCA-S-EAO နှင့် NSPNC တို့၏ တွေ့ဆုံဆွေးနွေးမှုတွင် NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့က မတက်ရောက်ကြကြောင်းလည်း သိရသည်။

ပုံ/စာ – သြဂုတ်လ ၂၉ ရက်နေ့တွင် NSPNC နှင့် NCA-S-EAO (၅) ဖွဲ့ ကိုယ်စားလှယ်များ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဥ်။

လက်ရှိတွင် PPST ၏ တင်းပြည့် အဖွဲ့ဝင်အဖြစ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ ဖြစ်ကြပြီး မွန်ပြည်သစ်ပါတီ (NMSP) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA တို့က ပူးပေါင်းအဖွဲ့ဝင် အဖြစ်သာ ရှိနေကြကြောင်းလည်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီသည် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များ ဖော်ဆောင်ရန်အတွက်ဟုဆိုကာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး (၁) နှစ် ကြေညာထားသော်လည်း မြေပြင် စစ်ပွဲများက ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

သျှမ်းအရှေ့ ကော်ဖီစိုက်ပျိုးရေး နည်းပညာပံ့ပိုးပေးရန် NSPNC နှင့် LDU နေပြည်တော်တွင်ဆွေးနွေး

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ-ပန်ဝိုင်-ဝိုင်လီဒေသရှိ လားဟူတိုင်းရင်းသားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အာရေးဗီးကား ကော်ဖီစိုက်ပျိုးရေးတို့ကို ကူညီပံ့ပိုးပေးရန် NSPNC နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ...