Tuesday, January 27, 2026

NCA လက်မှတ်ထိုး လက်နက်ကိုင် (၅) ဖွဲ့ နှင့် NSPNC နေပြည်တော်တွင် (၃) ရက်ကြာ တွေ့ဆုံဆွေးနွေးမည်

စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် အပစ်ရပ် သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင် တပ်ဖွဲ့ (၅) ဖွဲ့တို့သည် နေပြည်တော်တွင် (၃) ရက်ကြာ တွေ့ဆုံဆွေးနွေးမည်ဟု သတင်းရရှိသည်။

.

ယမန်နေ့ (သြဂုတ် ၂၉) ရက်နေ့မှ စတင်ကာ စစ်ကောင်စီမှ ဗိုလ်ချုပ်ရာပြည့် ဦးဆောင်သည့် NSPNC ကိုယ်စားလှယ်အဖွဲ့ နှင့် အပစ်ရပ် (NCA) လက်မှတ်ရေးထိုးသည့် လက်နက်ကိုင် (၅) ဖွဲ့တို့၏ ကိုယ်စားလှယ် အဖွဲ့များသည် သြဂုတ်လ (၃၁) ရက်နေ့အထိ တွေ့ဆုံဆွေးနွေးကြမည်ဟု NCA-S-EAO မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံ/စာ – သြဂုတ်လ ၂၉ ရက်နေ့တွင် NSPNC နှင့် NCA-S-EAO (၅) ဖွဲ့ ကိုယ်စားလှယ်များ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဥ်။

“တွေ့ဆုံမှုမှာ အဖွဲ့ဝင် (၅) ဖွဲ့ရဲ့ ကိုယ်စားလှယ် အသီးသီး တက်ရောက် ဆွေးနွေးနေပါတယ်။ ဆွေးနွေးမှုကတော့ (၃) ရက်ကြာ ပြုလုပ်မှာ ဆိုတော့ မနက်ဖြန်မှပဲ အစည်းအဝေးက ပြီးမှာပါ။ ဆွေးနွေးမှု အသေးစိတ် အချက်အလက်တွေကိုတော့ ဆွေးနွေးပွဲပြီးတဲ့ မနက်ဖြန်မှ သိရမှာပေါ့” ဟု NCA-S-EAO မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

NSPNC နှင့် တွေ့ဆုံဆွေးနွေးနေသည့် အပစ်ရပ် (NCA) အဖွဲ့ (၅) ဖွဲ့တို့သည် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပုံ/စာ – သြဂုတ်လ ၂၉ ရက်နေ့တွင် NSPNC နှင့် NCA-S-EAO (၅) ဖွဲ့ ကိုယ်စားလှယ်များ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဥ်။

တွေ့ဆုံရာတွင် စစ်ကောင်စီ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပြင်ဆင်လိုသည့် ပုဒ်မများ၊ ရွေးကောက်ပွဲပြုလုပ် မည့် ကိစ္စများကို ဆွေးနွေးနိုင်ခြေ ရှိကြောင်းလည်း နိုင်ငံရေး လေ့လာသုံးသပ်သူ အမည်မဖော်လိုတစ်ဦးက ပြောဆို သုံးသပ်ထားသည်။

“ကြိုပြီးတပ်အပ်ပြောနိုင်တဲ့ ကိစ္စ မဟုတ်ပေမဲ့ တိုင်းရင်းသားတွေ လိုလားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်ဆင်လိုတဲ့ အချက်တွေ၊ ပြီးတော့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံဖွဲ့စည်း တည်ထောင်ဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေကို ဆွေးနွေးဖြစ်ကြမယ်ထင်တယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲ ကျင်းပမယ့် ကိစ္စလည်းပါမှာပေါ့၊ စစ်ကောင်စီ အနေနဲ့ ဒါတွေကိုပဲ ဆွေးနွေးဖို့ရှိတယ်” ဟု အမည်မဖော်လိုသည့် နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောဆိုထားသည်။

ယခု တစ်ကြိမ် NCA-S-EAO နှင့် NSPNC တို့၏ တွေ့ဆုံဆွေးနွေးမှုတွင် NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့က မတက်ရောက်ကြကြောင်းလည်း သိရသည်။

ပုံ/စာ – သြဂုတ်လ ၂၉ ရက်နေ့တွင် NSPNC နှင့် NCA-S-EAO (၅) ဖွဲ့ ကိုယ်စားလှယ်များ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဥ်။

လက်ရှိတွင် PPST ၏ တင်းပြည့် အဖွဲ့ဝင်အဖြစ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ ဖြစ်ကြပြီး မွန်ပြည်သစ်ပါတီ (NMSP) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA တို့က ပူးပေါင်းအဖွဲ့ဝင် အဖြစ်သာ ရှိနေကြကြောင်းလည်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီသည် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များ ဖော်ဆောင်ရန်အတွက်ဟုဆိုကာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး (၁) နှစ် ကြေညာထားသော်လည်း မြေပြင် စစ်ပွဲများက ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...