ငြိမ်းချမ်းရေး ညီလာခံ ပြုလုပ်ရန် RCSS နှင့် NSPNC တို့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး

ငြိမ်းချမ်းရေး ညီလာခံ ပြုလုပ်ရန် အတွက် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) နှင့် စစ်ကောင်စီ လက်အောက်ခံ အမျိုးသား စည်းလုံးညီညွှတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

(Photo credit to – The Global New Light Of Myanmar) ဇူလိုင် – ၁၂ ရက်နေ့ RCSS နဲ့ NSPNC တို့ တွေ့ဆုံဆွေးနွေးစဥ်

RCSS/SSA နှင့် NSPNC တို့သည် ငြိမ်းချမ်းရေး ညီလာခံ ပြုလုပ်ရန် နှင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး တို့နှင့်ဆိုင်သည့် ကိစ္စရပ်များကို ယမန့် (ဇူလိုင် ၁၁)ရက် တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ၏ လက်အောက်ခံ The Global News Light of Myanmar တွင်ရေးသားထားသည်။

“၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ယခင်ဆွေးနွေးပွဲတွေမှာ သဘောတူထားတဲ့ အချက်တွေ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ငြိမ်းချမ်းရေး ညီလာခံကျင်းပရေး၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက် ရေး၊ ဖွံ့ဖြိုးရေးကိစ္စနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပံ့ပိုးရေး စတာတွေကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့တယ်” ဟု စစ်ကောင်စီ လက်အောက်ခံ သတင်းစာတွင် ရေးသားထားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် စစ်ကောင်စီ လက်အောက်ခံ NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ RCSS/SSA မှ အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စဝ်စိုင်းငင်း၊ ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် ဗိုလ်မှူးကြီး စဝ်ဆောင်းဟန် နှင့် ဗဟိုဦးစီးကော်မတီဝင် စဝ်စိုင်းဟန်တို့ တက်ရောက်နေကြောင်း လည်း သိရသည်။

ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးမှု နှင့် ပတ်သက်ပြီး အသေးစိတ် မေးမြန်း သိရှိနိုင်ရန် သျှမ်းပြည်ပြန်လည် ထူထောင် ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) မှ တာဝန်ရှိသူများ၊ ပြောရေးဆိုခွင့်ရှိသူများထံသို့ ဖုန်းဆက် သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

ထို့ပြင် ဇူလိုင် ၅ ရက်နှင့် ၆ ရက်တွင်လည်း မွန်ပြည်သစ်ပါတီ (NMSP) နှင့် စစ်ကောင်စီ လက်အောက်ခံ NSPNC တို့သည် နေပြည်တော်၌ တွေ့ဆုံခဲ့သေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက် မှ ၁၇ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သည့် PPST အဖွဲ့ဝင် ခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်အရ PPST အဖွဲ့ဝင် (၅) ဖွဲ့မှ စစ်ကောင်စီ နှင့် အတူ တွေ့ဆုံရန် သဘောတူသော်လည်း RCSS/SSA နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့က သီးသန့်တွေ့ဆုံရန် သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း ချင်းမိုင်မြို့က တွေ့ဆုံဆွေးနွေးမှု အပြီးတွင် PPST ၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွှန့်က သျှမ်းသံတော်ဆင့်ကို ပြောခဲ့သည်။

“ကျနော်တို့ NCA-S EAO (၇) ဖွဲ့ မျက်နှာစုံညီ အစည်းအဝေးက ရရှိတဲ့ သဘောတူ ဆုံးဖြတ်ချက်တစ်ခုလို့ ပြောရမှာ ပေါ့နော်။ NSPNC နဲ့ တွေ့ဆုံမှု မှာ RCSS နဲ့ NMSP တို့က သီးသန့်အဖွဲ့ အနေ နဲ့ သွားမယ် ဆိုပေမယ့် ကျနော်တို့ EAO ကြားမှာ (၇) ဖွဲ့လုံး သဘောတူညီ ထားတဲ့ အတိုင်း တူတာကို တွဲလုပ်မယ်၊ မတူတာကို ခွဲလုပ်မယ် ဆိုပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေကို ရှေ့ဆက် လုပ်ဆောင်သွားမှာပါ။”ဟု PPST ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွှန့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုတစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုသည် RCSS/SSA တပ်ဖွဲ့နှင့် NSPNC တို့၏ သီးသန့် တွေ့ဆုံဆွေးနွေးမှု ဖြစ်နေပြီး ပြီးခဲ့သည့် ဇွန်လ ၂၆ မှ ၂၈ ရက်နေ့အထိ PPST အဖွဲ့ဝင် (၅) ဖွဲ့ကလည်း စစ်ကောင်စီ လက်အောက်ခံ NSPNC နှင့် တွေ့ဆုံ ဆွေးနွေးမှု ရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

သျှမ်းအရှေ့ ကော်ဖီစိုက်ပျိုးရေး နည်းပညာပံ့ပိုးပေးရန် NSPNC နှင့် LDU နေပြည်တော်တွင်ဆွေးနွေး

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ-ပန်ဝိုင်-ဝိုင်လီဒေသရှိ လားဟူတိုင်းရင်းသားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အာရေးဗီးကား ကော်ဖီစိုက်ပျိုးရေးတို့ကို ကူညီပံ့ပိုးပေးရန် NSPNC နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...