MNDAA

သျှမ်းပြည်ထဲ မြောက်ပိုင်းမဟာမိတ်ထိန်းချုပ် (၁၇) မြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပဟု စစ်ကော်မရှင်ကြေညာ

သျှမ်းပြည်အတွင်း ‘ဝ’တပ်ဖွဲ့ UWSA နှင့် ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် (၁၇) မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည် မဟုတ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (စက်တင်ဘာလ ၁၄ ရက်) တွင် UEC ထုတ်ပြန်ခဲ့သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်းလွှတ်တော်များအတွက်...

မုံးကိုးမြို့အနီး တရုတ်-မြန်မာ နယ်စပ်လုံခြုံရေး MNDAA ကင်းလှည့်

တရုတ်-မြန်မာနယ်စပ်တလျှောက် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မုံးကိုးမြို့အနီးတွင် နယ်စပ်လုံခြုံရေး အတွက် (၉) ရက်တာ ကင်းလှည့်စောင့်ကြည့်ခဲ့ကြောင်း သတင်းသိရသည်။ ဩဂုတ်လ (၂၅) ရက်မှ စတင်ပြီး စက်တင်ဘာလ (၄) ရက်အထိ တရုတ်-မြန်မာ နယ်စပ်တလျှောက် လုံခြုံရေး လှည့်လည်စောင့်ကြပ်ခြင်းကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့်...

MNDAA ထိန်းချုပ် သိန္နီမြို့နယ်တွင် တရုတ်ကျောင်းဆရာမတစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရ

သျှမ်းပြည် သိန္နီမြို့နယ် စယ်အူကျေးရွာအုပ်စု မန်ပန်ရွာတွင် တရုတ်ကျောင်းဆရာမတစ်ဦး မုဒိမ်းကျင့်ခံရပြီး သတ်ဖြတ်ခံထားရကြောင်း ဒေသခံများက ပြောသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်တွင် အဆိုပါ မုဒိမ်းကျင့် သတ်ဖြတ်ခံရသူမှာ စယ်အူကျေးရွာအုပ်စု မန်ပန်ရွာရှိ တရုတ်ကျောင်း၌ စာသင်ပေးနေသည့် အသက် (၅၀) နှစ်ခန့်အရွယ် Wu Yin...

လားရှိုးမြို့ သံတိုသံစရောင်းဝယ်သည့်အိမ် ပေါက်ကွဲမှုဖြစ်ပွား အရပ်သား ၄ ဦး ဒဏ်ရာရ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် သံတိုသံစရောင်းဝယ်သည့်အိမ် ယနေ့ (စက်တင်ဘာ ၃)ရက် နေ့လည်ပိုင်း၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အရပ်သား ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ ( စက်တင်ဘာလ ၃ ရက်) နေ့လည် ၁၂နာရီခွဲ တွင် လားရှိုးမြို့ ရပ်ကွက်...

ကွတ်ခိုင်တွင် MNDAA ရုံးထဲ မြန်မာနိုင်ငံအလံလွှင့်ထူ၊ TNLA မှ စာသင်ကျောင်းများ အရေးပေါ်ပိတ်ထား

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ရုံးများထဲတွင် မြန်မာနိုင်ငံတော်အလံကို ပြန်လည်လွှင့်ထူထားပြီး TNLA ဘက်မှလည်း စာသင်ကျောင်းများ အရေးပေါ် ပိတ်ထားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၇ ရက်) တွင် ကွတ်ခိုင်မြို့ပေါ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ဘက်ခြမ်းရှိ ဌာနဆိုင်ရာ ရုံးများထဲတွင်...

MNDAA က နယ်စပ်လုံခြုံရေးအတွက် သေနတ်(၂၀၀) လက်ကို တရုတ်လက်အပ်၊ (၅၀၀)နီးပါး မီးရှို့ဖျက်ဆီး

မြန်မာ-တရုတ်နယ်စပ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA က သေနတ် (၆၇၆) လက်ကို သိမ်းဆည်းခဲ့ပြီး ထိုထဲမှ သေနတ် (၂၀၀) လက်ကို တရုတ်နိုင်ငံဘက် လွှဲပြောင်းပေးခဲ့ကာ ကျန်ရှိသည့် (၄၇၆) လက်ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သတင်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့်...

နမ့်ခမ်း TNLA မှ ပြစ်မှုကျူးလွန်သူများကို ကားပေါ်တင်ပြီး မြို့အနှံ့လှည့်လည်ပြသ

သျှမ်းပြည် နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ TNLA မှ ပြစ်ဒဏ်စီရင်မည့် ပြစ်မှုကျူးလွန်သူများကို ကားပေါ်တင်ပြီး မြို့အနှံ့ လှည့်လည်ပြသခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၃ ရက်) နေ့လယ်ပိုင်းတွင် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ်တွင် TNLA လက်အောက်ခံရဲတပ်ဖွဲ့မှ ဖမ်းဆီးထားသည့် ပြစ်မှုကျူးလွန်သူ အမျိုးသား...

အိမ်ကြက်အချင်းချင်း အထင်မှားပြီး ခွပ်အောင် အိုးမဲသုတ်နေသည့် စစ်တပ်

သျှမ်းပြည် တောင်ပိုင်းရှိ ဒေသခံများကို စစ်ကော်မရှင် လက်အောက်ခံများက တအာင်းတပ် TNLA နှင့် ကိုးကန့်တပ် MNDAA တို့ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခိုင်းခြင်းသည် အိမ်ကြက်အချင်းချင်း အထင်မှားပြီး ခွပ်အောင် အိုးမဲသုတ်ပေးသကဲ့သို့ တိုင်းရင်းသား အချင်းချင်းအထင်မှားပြီး ရန်ပွားအောင် သွေးခွဲရန်တိုက်ပေးနေခြင်း ဖြစ်သည်။ ညီနောင်မဟာမိတ်တပ်ဖွဲ့များ ဖြစ်သည့် တအာင်းတပ် TNLA နှင့် ကိုးကန့်တပ် MNDAA တို့ကို ဆန့်ကျင် ဆန္ဒပြရန် သျှမ်းပြည်...

သျှမ်းမြောက် ပဋိပက္ခ ရှုပ်ထွေးသည့်ကြားက မှတ်ပုံတင်အရေး

“၁၀၂၇ စစ်ဆင်ရေး” ပြီးနောက် ညီနောင်မဟာမိတ်တပ်ဖွဲ့များ ထိန်းချုပ်ထားနိုင်သည့် နယ်မြေများတွင် ၎င်းတို့ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကဒ် ခေါ် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း အသစ်များမှာ ဒေသတွင်း ပဋိပက္ခကို ပိုကြီးထွားလာစေကြောင်း သျှမ်းပြည်မြောက်ပိုင်းတွင် နေထိုင်သူများက ပြောဆိုလိုက်သည်။ လက်ရှိတွင် သျှမ်းပြည်မြောက်ပိုင်းအတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်...

သိန္နီမြို့ ပြန်ပေးရေး ကိစ္စ MNDAA နှင့် စစ်ကော်မရှင် ဆွေးနွေး၊ အဖြေမထွက်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် ကိုးကန့်တပ် MNDAA နှင့် စစ်ကော်မရှင်၏ ကိုယ်စားလှယ်တို့သည် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အဖြေမထွက်ဘဲ ပြီးဆုံးသွားခဲ့ကြောင်း သတင်းသိရှိရသည်။ ယမန်နေ့ (သြဂုတ် ၁၄ ရက်)က ပြုလုပ်သည့် ဆွေးနွေးပွဲတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦး ဦးဆောင်ပြီး...

Latest news