Thursday, January 29, 2026

MNDAA

နိုင်ငံခြားရုပ်အလောင်းပုံတွေသုံးပြီး MNDAA နဲ့ TNLA တပ်ဖွဲ့ဝင် အလောင်းတွေ ကောက်လို့မပြီးသေးဟု သတင်းအတုဖြန့်

ဂါဇာကမ်းမြောင်က အစ္စရေးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ လူရုပ်အလောင်းဓာတ်ပုံကိုအသုံးပြုပြီး ကိုးကန့်တပ်ဖွဲ့MNDAA နဲ့ တအာင်းတပ်ဖွဲ့ TNLA အလောင်းတွေလို့ မပြီးသေးဟု ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ် Aung Min ချယ်နယ်က ဖြန့်ချိခဲ့ပြီး “ကိုးကန့်နဲ့ ပလောင် (တအာင်း) အလောင်းတွေကိုကောက်လို့မပြီးသေးဘူး။ AA နဲ့ ချင်းတွေက “မင်းတပ်” မှာ အလောင်းတွေ လာထားဖို့ပြင် နေပြီဆိုဘဲ။ “မတူပီ” ကိုလာတိုက်တုန်းက မင်းတို့အလောင်းတွေ ဘယ်လောက်ချန်ထားခဲ့ရတယ်ဆိုတာ မင်းတို့အသိဆုံးဖြစ်လိမ့်မယ်” လို့ (မူရင်း)​ရေးသားဖော်ပြထားပါတယ်။ အဆိုပါ သတင်းအတုကို ကြည့်ရှုသူပေါင်း ၁,၀၀၀ ကျော်ရှိပြီး တခြားစစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်မှာလည်း ဖြန့်ဝေထားကြပါတယ်။ မူရင်းလင့်ခ် - https://archive.ph/Nsxkg Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူတွေအနေနဲ့ အဆိုပါအကြောင်းအရာတွေကို စစ်ဆေးကြည့်တဲ့အခါ ဓာတ်ပုံကို ဖြတ်ညှပ်ကတ်လုပ်ပြီး လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့်သတင်းအတု ဖြစ်နေတာကိုတွေ့ရပါတယ်။ သတင်းအမှားဖြန့်သူတွေ ဖော်ပြထားတဲ့ စာလာအိတ်အပြာနဲ့ထုပ်ထားတဲ့ ရုပ်အလောင်းဓာတ်ပုံကို RevEye Reverse Image Search နဲ့ စစ်ဆေးကြည့်ခဲ့ပါတယ်။ အဲ့ဒီဓာတ်ပုံဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့က ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ အစ္စရေးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက်သေဆုံးသွား သော ပါလက်စတိုင်းသားတွေရဲ့ ရုပ်အလောင်း ရုပ်ပုံတွေသာ ဖြစ်ပါတယ်။ ၂၀၂၄ ဧပြီ ၆ ရက်နေ့က VOA သတင်းဌာနကနေ အင်္ဂလိပ်စာဘာသာနဲ့ ဖော်ပြထားတဲ့သတင်းတစ်ပုဒ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။ သတင်းလင့်ခ် - https://rb.gy/tr2m5t ဒေသတွင်း သတင်းဌာနနဲ့ လွတ်လပ်တဲ့ သတင်းဌာနများရဲ့ ဖော်ပြချက်အရ သျှမ်းပြည်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီးအသေအပျောက်များနေတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၄ ဩဂုတ် ၁ ရက်နေ့က The Irrwaddy-Burmese Edition သတင်းဌာန ဖော်ပြချက်အရ "လားရှိုးမြို့ထဲမှာ ရုပ်အလောင်းတွေမကောက်နိုင်ဘဲ ဖြစ်နေ (ရုပ်/သံ)” သတင်းအပြည့်အစုံကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ လင့်ခ် - https://rb.gy/hg0do3 ၂၀၂၄ ဇူလိုင် ၃၁ ရက်နေ့က သျှမ်းသံတော်ဆင့်ကနေ ဖော်ပြထားတဲ့သတင်းတစ်ပုဒ်မှာလည်း လားရှိုးသို့ စစ်အင်အားဖြည့်လာတဲ့စစ်ကောင်စီယာဉ်တန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA ကကြားဖြတ်တိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ မူရင်းလင့်ခ် - https://shorturl.at/kJN1U သုံးသပ်ချက် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် Aung Min ချယ်နယ်က မတူညီတဲ့နေရာက ဓာတ်ပုံတွေပို ပြုပြင် အသုံးပြုပြီး ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ တအာင်းတပ်ဖွဲ့ TNLA အလောင်းတွေကောက်လို့ မပြီးသေးဘူးဆိုပြီး ဖြန့်ထားခြင်းသာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ကလည်း မှိုင်းဝေတယ်လီဂရမ်ချယ်နယ်က ခလရ ၆၈ တပ်က သေဆုံးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါတဲ့ ဗီဒီယိုကို MNDAA တပ်ဖွဲ့ဝင်တွေ လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးတယ်ဆိုပြီး သတင်းအမှားတစ်ပုဒ်ကို Delta News Agency က စီစစ်ခဲ့ပါတယ်။ လင့်ခ့် - https://shorturl.at/7R8UY သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။ သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network (MFCN) အဖွဲ့ဝင်ဖြစ်သည့် သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ်(သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။ Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ Web...

လားရှိုးမြို့ တွင်းသို့ ၁၃ မျဉ်းစောင်း လရန မှတ်ပုံတင် ကိုင်ဆောင်သူများသာပေးဝင်

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်းကို ၁၃ မျဉ်းစောင်း လရန နိုင်ငံသားစိစစ်ရေး မှတ်ပုံတင် ကိုင်ဆောင် ထားသော ဒေသခံများသာ ဝင်ရောက်နိုင်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲများဖြစ်ပွားပြီးနောက်‌ ဒေသခံများ နီးစပ်ရာမြို့နှင့် ဆွေမျိုးစီသို့...

စစ်ရှုံးနေသည့် စစ်ကောင်စီတပ်က MNDAA ကို ဆန္ဒပြ

သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရှုံးနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်က ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ဆန့်ကျင်ဆန္ဒပြကြရန် ပြည်သူများကိုစေခိုင်းခဲ့သည်။ ယနေ့ သြဂုတ် ၆ ရက် နံနက်ပိုင်း ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ပူးပေါင်းအဖွဲ့များကို ကန့်ကွက်ရှုတ်ချအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ ယင်းဆန္ဒပြပွဲကို စစ်တပ်ထောက်ခံသူများ၊ မဘသ...

လားရှိုး အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို ကိုးကန့်တပ် သိမ်းပြီ၊ စစ်ကောင်စီတပ် လက်နက်ချဟုဆို

သျှမ်းပြည်၊ လားရှိုးမြို့ တိုက်ပွဲ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်- ရမခ ကို ယနေ့ (ဩဂုတ်လ ၃ ရက်) နံနက်ပိုင်း ကိုးကန့်တပ် ဝင်ရောက် သိမ်းပိုက်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ရက်များစွာ အပြင်းအထန် ခုခံနေသည့် လားရှိုး ရမခ စစ်ဌာနချုပ်ရှိ စစ်ကောင်စီတပ်...

လောက်ကိုင် ပြည့်သူ့ဆေးရုံ လေကြောင်းဗုံးကြဲခံ ကိုယ်ဝန်ဆောင်နှင့် ကလေးများ အပါအဝင် အရပ်သားသေဆုံးမှုများ

သျှမ်းပြည် လောက်ကိုင်မြို့သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေး အပါအဝင် အရပ်သားသေဆုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂ ရက်) နံနက် ၁ နာရီခန့်တွင်‌ လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ရှိ မျှော်စင်နှင့် ပြည့်သူ့ဆေးရုံအနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်...

နမ့်လန်မြို့သို့ စစ်မီးကူးလာမည်ကို ဒေသခံများ စိုးရိမ်၊ ကြိုတင်တိမ်းရှောင်နေကြ

သျှမ်းပြည် သီ‌ပေါမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး နမ့်လန်မြို့ဘက်သို့ စစ်မီးကူးလာမည်ကို ဒေသခံများ စိုးရိမ်သဖြင့် ကြိုတင် တိမ်းရှောင်နေကြကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ၂၈ ရက် မှစတင်ပြီး နမ့်လန်မြို့ နှင့် သီပေါမြို့ကြား နောင်ကော်ကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-(၁၄၇) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA...

သီပေါမြို့နယ် စစ်ကောင်စီတပ်နှင့် MNDAA ၃ ရက်တိုက်ပွဲအတွင်း နှစ်ဘက်သေဆုံးမှုများ

သျှမ်းပြည် သီပေါမြို့နယ် နောင်ကော်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA) တို့ ၃ ရက်တိုက်ပွဲအတွင်း နှစ်ဘက် သေဆုံးမှုများကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (ဇူလိုင်လ ၂၈ ရက်) မှစတင်ပြီး ယနေ့ (ဇူလိုင်လ ၃၁ ရက်) အထိ ၃ ရက်အတွင်း သီပေါမြို့နယ်...

လားရှိုးသို့ စစ်အင်အားဖြည့် စစ်ကောင်စီယာဉ်တန်းကို MNDAA ကြားဖြတ်တိုက်၊ စစ်ကောင်စီတပ်သား အများအပြား သေဆုံးဒဏ်ရာရ

သျှမ်းပြည် တန့်ယန်းမြို့မှ လားရှိုးမြို့နယ် နမ့်ပေါင်ဘက်သို့ စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၃၀ ရက်) နံနက် ၃ နာရီခန့်မှ စတင်ပြီး တန့်ယန်းမြို့မှ လားရှိုးမြို့နယ် နမ့်ပေါင်ဘက်သို့...

လားရှိုး လေဆိပ် ကိုးကန့်တပ် သိမ်းပိုက်ဟု သတင်းထွက်

သျှမ်းမြောက်၊ လားရှိးမြို့ရှိ လေဆိပ်ကို ကိုးကန့်တပ်က ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ပြီးခဲ့သည် ဇူလိုင်လ ၂၇ ရက်နေ့က လေဆိပ်နှင့် ၂ မိုင် အကွာရှိ ခလရ (၆၈) တပ်ရင်းကို အပြီးသတ် သိမ်းပိုက်ပြီးနောက် လေဆိပ်ကို...

သီ‌ပေါမြို့နယ် စစ်ကောင်စီတပ်နှင့် MNDAA တို့ တိုက်ပွဲပြင်းထန်နေ

သျှမ်းပြည် သီ‌ပေါမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဘက်အပြိုင် စစ်အင်အားများ ဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) မှစတင်ပြီး သီပေါမြို့နယ် နောင်ကော်ကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-(၁၄၇) ကို ကိုးကန့်တပ်ဖွဲ့ MNDAA...

Latest news