“အရင်လို မဟုတ်တော့ဘူး”

“အမလေး…လပြည့်နေ့ ဖယောင်းတိုင် မီးတောင် မထွန်းရဲပါဘူးအေ….တစ်နှစ်ပြည့် တစ်ခုခု လုပ် မလားဆိုပြီး သတိအပြည့် နဲ့ ရင် တမမ ရင်တထိပ်ထိပ်နဲ့ နေနေ ရတာ..”လို့ ဒေါ်နန်း(အမည်လွှဲ)က သက်ပြင်းချရင်း ပြောပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ဟာ သျှမ်းပြည်မြောက်ပိုင်း “၁၀၂၇ စစ်ဆေးရေး” တစ်နှစ် ပြည့် တာ ဖြစ်ပါတယ်။

ဒေါ်နန်းဟာ စစ်ဆင်ရေးရဲ့ အချက်အချက် ဖြစ်နေတဲ့ မြို့မှာ နေထိုင်တာဖြစ်ပါတယ်။ စစ်ဆင်ရေးစပြီး သိပ်မကြာ စစ် မကြာခင် ပြီးဆုံး တော့မယ် ဆိုတဲ့ မြို့တွင်း ကောလဟလ ရက်များကို မျှော်လင့်ချက်နဲ့ ရေတွက်နေရင်း နဲ့ တစ်နှစ် အချိန်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

Photo- Credit ( သိန္နီစစ်ရှောင်များ တောလမ်းမှ စစ်ဘေးတိမ်းရှောင်)

“၁၀၂၇ စစ်ဆေရေး”မစတင်ချိန် သျှမ်းမြောက်ဟာ အခြားဒေသများနဲ့ယှဉ်ရင် အေးချမ်းတဲ့နေရာ တစ်ခုလည်း ဖြစ်ပါတယ်။ ပွဲလမ်းသဘင်တွေ အလှူ တွေ ကို ကိုဗစ်အပြီး ပြန်လည် ပြုလုပ်ရတဲ့အတွက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ၊ ရှင်ပြုပွဲ၊ ဘုရားပွဲ၊ သီတင်းကျွတ်ပွဲမီးထွန်းပွဲ၊တန်ဆောင်တိုင်၊တပေါင်းပွဲ စသဖြင့် ဘုရားပွဲများ ရွာ စဉ်ဆက်နေပါတယ်။

ဒေါ်နန်းတို့လည်း ဝါထွက်အပြီး သီတင်းကျွတ် ပွဲတော်ကို ပါဝင်ဆင်နွဲရန် အတွက် ပြင်ဆင်နေကြပါတယ်။ ပွဲတော်ရက် မှာ ကပ်လှူကြမယ့် ဆွမ်းတော်ပွဲ အတွက် လိုအပ်တဲ့ အသီးအနှံ ၊မီးပူဇော်ဖို့ အတွက် ထင်းရှူးချောင်တိုင် ၊ အလှူနေ့ အတွက် လှူဖွယ်ပစ္စည်းများ စုံမစုံ စစ်ဆေးနေကျပါတယ်။

မနက်ခင်း ဥပုသ်ကျောင်းသွားရင် ဝတ်စုံ တစ်စုံ ၊မီးပူဇော်ရင် ဝတ်စုံ တစ်စုံ၊ညဘက် စတုဒိသာ ပွဲ တွင် ဝတ်စုံ တစ်စုံ ပွဲလည်ရာမှာ ‌ေနာက်ထပ် ဝတ်ဆင်မယ့် ဝတ်စုံ ..စသဖြင့် လူကြီးများကို ကန်တော့ဖို့ ၊ဆွေမျိုးသားခြင်းတွေ စုဝေး စားသောက်ကြဖို့ ပြင်ဆင်နေကြသဖြင့် အနီးအနားက ရွာများ နဲ့ နေ့စဉ် သည် ဈေးနေ့ ဖြစ်နေပါတယ်။
“ဈေးကို လာတဲ့ ပလောင်တွေက တော့ ပြောတယ်… ဗုံးခိုကျင်းတွေ တူးထား ဆိုပြီးတော့ သတိပေးထားကြ တယ်တဲ့…ဒါပေမယ့် ငါတို့က မဖြစ်လောက်ဘူးပဲ ထင်တာလေ. .ဒီလိုမျိုး..အမြဲတမ်း. .ဖြစ်လိုက်ရင် တိုက်ပွဲ သေးသေးလေးတွေ ပဲလေ..ဘယ်ထင်မှာလဲ..”လို့ ဒေါ်နန်းက ပြီးခဲ့တဲ့ နှစ် စစ်ဆင်ရေး မစတင်ခင် အချိန်ကို ပြန်ပြောင်း ပြောပြပါတယ်။

သိန္နီ ညီနောင်မဟာမိတ် ဆက်လက်သိမ်းပိုက်နေ

သီတင်းကျွတ် လပြည့် ရောက်ရန် ၂ ရက် အလို ၂၇ ရက် နံနက် အစော ၄ နာရီလောက် မှာ သေနတ်သံကို ကြားလိုက်ရပါတယ်။ ဒေါ်နန်း အိမ်နီးချင်း များ နဲ့ အခြေအနေ ကို ဖုန်းဆက်ပြောဆိုကြပြီး မနက် ၅ နာရီ ဈေးဆိုင်ဖွင့်ရန် ပြင်ဆင် နေပါတယ်။ ၂၇ ရက် မတိုင်ခင် ရက်များ မှာ လည်း သေနတ်သံ များ ကြားခဲ့ရတဲ့ အတွက် မနက်အစော ကြား လိုက်ရသည့် သေနတ်သံ အား ဂရုမစိုက်ဖြစ်ခဲ့ကြပါ။

“ပုံမှန် ဈေးဆိုင်သွားဖွင့်တာပေါ့..ဈေး မရောက် ခင်း “အုန်း…” ဆိုပြီး တစ်ချက် ကြား လိုက်တာ လူ ပါ အနောက် ပြန်ကျတယ်….ခဏလေး စောင့်ကြည့်ပြီး ဈေးကို မြန်မြန်သွားပြီး..စားသောက်စရာတွေ ဝယ်ပြီး ပြန်လာခဲ့တာ…”လို့ ဒေါ်နန်းက ၂၇ ရက်နေ့ မနက် ခင်း အစော အခြေအနေကို ပြောပါတယ်။

၂၇ ရက်နေ့ တစ်နေ့တာလုံး အပြန်အလှန် သေနတ်ပစ်သံ များ ခပ်စိပ်စိပ်ကြားနေရပါတယ်။ တစ်မြို့လုံး လမ်းပေါ် မှာ တိတ်ဆိတ်ငြိမ်သက် နေတယ်။ နေအပူရှိန် ကလည်း တစ်ဖြေးဖြေး ပြင်းလာတယ်။ ဖုန်း အင်တာနက်လိုင်း မီးလိုင်းတွေကလည်း ရနေတယ် ။ ကောင်းကင်မှာ လေယာဉ်တွေကလည်း ဝဲပြီး ပစ်ခတ်နေတယ်။

သိန္နီထိခိုက်ပျက်စီးမှု

နေ့ခင်း ထမင်းမစားခင် အချိန် မြို့ရဲ့ အရေးပါသည့် ဌာနတွေ မှာ ညီနောင် အဖွဲ့တွေက တပ်စွဲထားလိုက်ပါတယ်။ ဌာနတွေကို မီးရှို့၊ မြို့ ရဲ့ အသက် စခန်းတွေ ကိုသိမ်းဖို့ အတွက် နှစ်ဖက် ပစ်ခတ်မှုဟာ ကျယ်လောင်တယ်။ ကြီးမားတဲ့ တိုက်ပွဲ တွေနဲ့ မကြုံရသည် မှာ ဆယ်စု နှစ် များစွာ ရှိတဲ့ မြို့ ဖြစ်တဲ့ အလျှောက် အများစုက တုန်လှုပ်နေကြတယ်။ မကြာသေးခင်က ဟော်နန်း ဖွင့်ပွဲ ကို စကစ ခေါင်းဆောင် ကိုယ်တိုင် လာရောက် ဖွင့်ခဲ့တာ မဟုတ်ပါလား။

“၂၇ ရက်နေ့ ည ၈ နာရီလောက် မှာ ဗုံးတစ်လုံး ကျတာ သေပြီတောင် ထင်တာ..မီးပေးတဲ့ နေရာကို ထိသွား ပြီး အဲ့ကနေ စ မီးမလာတော့တာပဲ..’လို့ ဒေါ်နန်းက ပြောပြပါတယ်။
ဒေါ်နန်းနေအိမ်က တစ်ထပ်တိုက် ဖြစ်တဲ့ အတွက် ၂ ထပ်တိုက် ရှိသည့် သူငယ်ချင်း ဖြစ်သူထံ တစ်မိသားစုသွားနေကြရပါတယ်။ တစ်ညလုံး နီးပါး တိုက်ခိုက်သံများ က ကျယ်လောင် တုန်ဟီးနေပြီး ပတ်ပတ်လည် အစိုး ရရုံးများ ဝန်းရံနေသည့် အတွက် စိုးရိမ်ပူပန်တာတွေဟာ အတိုင်းအဆမရှိဖြစ်နေပါတယ်။

လပြည့်နေ့ မနက် မှာတော့ မူလ စီစဉ်ထားတဲ့ ဘုရားဆွမ်းတော် ပွဲများကို ပြင်ဆင်ကြတယ်။ ကန်တော့ပွဲမှာ ပါဝင်တဲ့ ကန်စွန်းဥပြုတ် ၊အာတာလွတ်ဥပြုတ်၊ အာလူးပြုတ်၊ ပြောင်းဖူးပြုတ်၊သခွားသီးစိမ်း၊ ပန်းသီးစိမ်း၊ လိမ္မောသီးတွေကို ပြင်ဆင်ပြီး အိမ်တိုင်းနီးပါး ဘုရားကန်တော့ကြတယ်။ဆွမ်းတော်ပွဲ ပိုလျှံ အသီးများကို အိမ်နီးချင်းများကို သတင်းမေး အချင်းချင်း ဝေမျှ ကြတယ်။

သိန္နီ လက်နက်ကြီးကြောင့်ပျက်စီးသွားသည့်နေအိမ်

“အင်တာနက်လိုင်းတွေ ရော ဖုန်းလိုင်းတွေရော ရကြတော့…ဘာဆက်ဖြစ်မယ်မှန်းမသိဘူး..အိမ်နီးချင်းတွေက ပြေးကြပြီ။တစ်ချို့ ကလည်း မပြေးကြဘူး..အဓိက ရုံးတွေနဲ့ နီးနဲ့ သူတွေ ပြေးကြတာပေါ့…အစိုးရ ရုံးတွေ မှာပဲ အခြေစိုက်ကြတော့ အဲ့ကို ပဲ ပစ်ကြတော့ ပြေးဖို့ပြင်ရတာပေါ့”လို့ ဒေါ်နန်းက ပြောပါတယ်။

လပြည့်နေ့တိုင်း အဝတ်အစား အသစ် အမြဲ ဝတ်လေ့ ရှိတဲ့ ဒေါ်နန်း ဟာ လပြည့်နေ့ မှာ အိမ်နေရင်း အဝတ်နဲ့ ဖြတ်သန်းရလိမ့်မယ်လို့ မတွေးမိခဲ့ကြောင်း ဒေါ်နန်းက ပြောပါတယ်။

အအေးဓာတ်က စိမ့်လာတယ်။ ပစ်ခတ်မှုများကလည်း ရပ်မသွားခဲ့ပါ။ မြို့တွင်း မှ လူအများက ရွာ စွန်ရှိ ဘုန်းကြီး ကျောင်းတွေ အထပ်မြင့် ရှိကြတဲ့ ဘုန်းကြီးကျောင်းတွေ ကို ရှောင်ကြတယ်။

ပြောင်းရိတ်ရန်၊ စပါးရိတ်ရန်၊ကြံခုတ်ရန် မကွေးစစ်ကိုင်းဘက်က လာကြတဲ့ အလုပ်သမား တွေ လည်း ဘုန်းကြီးကျောင်း မှာ တစ်စုတစ်ဝေးထဲ ရောက်လာကြတယ်။ လက်နက်ကြီး ကျရောက်တဲ့ ရွာတွေက စစ်ရှောင် ဒုက္ခသည်များ ကလည်း အခြား ဝေးလံသည့် မြို့စွန် ဘုန်းကြီးကျောင်းတွေ ကို ပြေးလာကြပါတယ်။ မြို့ရဲ့ လေးဖက်လေးတန် ပိတ်လိုက်ကြတဲ့အတွက် မြိုနေ့လူတွေ ရဲ့ အခြေအနေ ဟာ ရေလည်ခေါင် ရောက်နေ တဲ့ ပုရွက်ဆိတ်တွေလို ဖြစ်နေခဲ့ပါတယ်။

အနည်းငယ်ရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ လူအရေအတွက်ဟာ ရာဂဏန်းအထက် ဖြစ်နေတယ်။ စစ်ရှောင်တွေ ကို ချက်ပြုတ်ကျွေးမွေးရန် အတွက် ရိက္ခာမလောက်ငှတာမျိုး ကြုံတွေ့နေရတယ်။ ဓာတ်ဆီ ဆိုင်တွင် မှာ ဆိုင်ကယ်တန်းက ရှည်လျားတယ်။ ဆေးဆိုင်တွေက တန်းစီစနစ်နဲ့ ရောင်းချပေးနေရတယ်။

ဈေးကြီး အတွင်း ပစ္စည်းတွေ ကို သိမ်းဆည်းသယ်ယူနေကြတယ်။ ဘာဖြစ်မှန်း မသိကြတဲ့အတွက် အစားသောက် တွေ အလုအယက် ဝယ်နေကြတယ်။ အစိုးရ ရုံး တွေ…အစိုးရ ဝန်ထမ်း အိမ်တွေက ပစ္စည်းတွေ ကို မွှေနှောက်ရှာဖွေ ယူကြတယ်။ဆိုင်ကယ်တွေ ကားတွေ နဲ့ သယ်ကြတယ်။

ပြည်ထောင်စု လမ်းမကြီးဟာ သေနတ်သံ ဗုန်းသံတွေ ကြား မှာ စည်ကားနေကြတယ်။

“မှတ်မိသေးတယ်..မနှစ်က….. ဘယ်တော့ပြီးမလဲ ဆိုပြီး နတ်တွေကို မေးကြတာပေါ့….နတ်ကတော်က ညဆိုရင် ကိုးမြို့ရှင် နတ်က မြင်းနဲ့ပတ်ပြီး လိုက်စောင့်ရှောက်နေတာ မြင်းကြိုးပါ ပြုတ်ထွက်လို့ပေါ့..ငါတို့ .. နှီးကုန်းကြိုးတွေ လှူကြတာပေါ့…တစ်ယောက် ၅၀၀၀ စီ …တစ်ရက်…ပြီးမယ် တစ်ရက်… ပြီးမယ် နဲ့..‌‌ဪ ..အချိန်တွေက မြန်လိုက်တာ..”လို့ ‌ဒေါ်နန်းက အဝေးကို ကြည့်နေရင်း ပြောပါတယ်။အသံလည်း တိုးဝင်သွားပါတယ်။

ဒီမြို့မှာမွေး ဒီမြို့မှာ ကြီးသူ ဒေါ်နန်းအတွက် အခြား သွားရောက်ခိုလှုံစရာလည်း မရှိခဲ့ပါ။

ဆွေမျိုးတွေရဲ့ ဖိတ်ခေါ် တာတွေကြောင့် တိုက်ပွဲ ပြင်းထန်ကာလ အတွင်း ၂ လနီးပါး တစ်ခြား နေရာမှာ မှာသွားနေပေမယ်လည်း “ကိုယ့်ရပ် ကိုယ့်မြေ အစွဲသည် ဖျောက်ရခက်တယ် လုပ်စရာက ကိုယ့်နေတဲ့ ကိုယ့်မြို့မှာ ပဲ ရှိတာ” လေ…လို့ ဆိုပါသေးတယ်။

ကားအဝင်အထွက်တွေ..ဈေးဝယ်တွေ..ကားနားသူတွေ နဲ့ ထိန်လင်း စည်းကားခဲ့တဲ့ မြို့ဟာ အခု ချိန် မှာတော့ နေ့ ၁၂ ကျော်လျှင် တိတ်ဆိတ်ခြောက်ကပ်နေပါတယ်။ အုတ်ပုံတွေ ကြားထဲက ကျောင်းတွေ..ဈေးတွေ…။ ရုံး တွေ…….။ သူငယ်ချင်းတွေရဲ့ နေအိမ်မှာ ကိုယ်နဲ့ မသိတဲ့ တစ်စိမ်းတွေ…. ။တစ်ယောက်နဲ့တစ်ယောက် မယုံသင်္ကာ အကြည့်တွေ။ ပျောက်ပျောက်သွားတဲ့ သူငယ်ချင်းရဲ့ သားသမီးတွေ….။ နယ်စပ်တွေ ရောက်ကုန်ကျတဲ့ မိတ်ဆွေတွေ….။

ဒေါ်နန်း တွင် အိပ်ရာ ၂ ခု ရှိပါတယ် ။နှစ်နှစ်ခြိုက်ခြိုက် အိပ်ခဲ့ရတဲ့ နောက်ဆုံး အကြိမ်ကို သူ မမှတ်မိတော့ပါ ။ဆိုင်ကို လာနေကျ ငယ်သူငယ်ချင်း မိတ်ဆွေတွေကို သူ မမှတ်မိတော့..သူ အမြဲ တွေ့နေကြ နေရာကြီးတွေက တရုတ်စာတန်း တွေ နဲ့ ဟော့‌ေပါ့ ဆိုင်တွေ ဖြစ်ကုန်ပြီ…

“အများကြီး ပြောင်းလဲသွားတာပေါ့….အရင်လို မဟုတ်တော့ဘူးလေ…..အရင် ဘုရားပွဲ လုပ်တဲ့ နေရာတွေ စာကြည့်တိုက်.တွေ..လည်း မရှိကြတော့ဘူး…အကုန်ပေ့ါ…. ဘုန်းကြီး ကျောင်းလည်း မသွားဖြစ်တော့ဘူး။ နေ့စဉ် မြင်နေကြ လူတွေကို မတွေ့ရတော့ဘူး။ရှိနေပြီးသား နေရာတွေ လည်း မရှိကြတော့ဘူး။ မိတ်ဆွေတွေလည်း မရှိကြတော့ဘူး။ ဓလေ့ထုံးတမ်းတွေလည်း မရှိကြတော့ဘူး။ တို့ဟူးနွေး လည်း မစားနိုင်တော့ဘူး ၊အချင်းချင်းလည်း စကားမပြောရဲကြတော့ဘူး “လို့ ဒေါ်နန်းက ပြောပါတယ်။

“အရင်လို မဟုတ်တော့ဘူး…အရင်လို မဟုတ်တော့ဘူး…”လို့ ဒေါ်နန်း တိုးတိုး လေး ပြောနေမိပါတယ်။

နန်းလောဝ် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

ချင်းရွှေဟော်နယ်စပ်တွင် ဂိတ်သစ် တိုးချဲ့နေ

0
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် ချင်းရွှေဟော်မြို့တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်ဟောင်းကို ပြန်လည်ပြုပြင်ချဲ့ထွင်နေပြီး ဂိတ်သစ်တစ်ခုကိုလည်း မကြာမီဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဂိတ်ဟောင်းကို ကုန်တင်ကားကြီးများ အဆင်ပြေစွာ သွားလာနိုင်ရန် ကွင်းပြင်ပုံစံ တိုးချဲ့နေပြီး ခြံစည်းရိုးအသစ်များကိုလည်း ပြန်လည်တည်ဆောက်နေကြောင်း “ဝ”ဒေသတွင်း မီဒီယာတစ်ခုဖြစ်သော Wa News Land...

လောက်ကိုင် MNDAA ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးတွင် ထပ်မံလွှတ်ပေး

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးမြို့၌ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၅ ရက်) နေ့လယ်ပိုင်းတွင် တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း (၂၀၀) နီးပါးကို သိန္နီဘက်မှ ကားဖြင့်တင်ဆောင်လာပြီး...

လောက်ကိုင်တွင် လူသတ်မှုကျူးလွန်သူ အမျိုးသား ၄ ဦးကို MNDAA သေဒဏ်စီရင်

0
ထိုင်း-မြန်မာနယ်စပ် လောက်ကိုင်မြို့တွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှုများ ကျူးလွန်သည်ဟုဆိုကာ အမျိုးသား ၄ ဦးကို ကိုးကန့်တပ် (MNDAA) က ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင် သေဒဏ်စီရင်ခဲ့ကြောင်း MNDAA ၏ ထုတ်ပြန်ချက်အရ သိရသည်။ လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ရှိ အားကစားကွင်းတွင် ကျင်းပသည့် အဆိုပါတရားစီရင်ရေး...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...