Thursday, January 29, 2026

COVID-19

သျှမ်းမြောက် ဆေးရုံတက် ကိုဗစ်- ၁၉ လူနာ ၂၀ ဦးထိရှိ

သျှမ်းပြည်မြောက်ပိုင်း ယနေ့ ဇန်နဝါရီ ၁၈ ရက်နေ့ထိ ကိုဗစ်- ၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၂၀ ဦးရှိကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ သျှမ်းမြောက်ကိုဗစ်-၁၉ လူနာ ၂၀ဦးမှာ လာရှိုးမြို့ ဆေးရုံတွင် ဆေးကုသနေသူ ၁၀ ဦးနှင့် မူဆယ်ဆေးရုံတွင် ဆေးကုသနေသူ ၁၀ ရှိကြောင်းသိရသည်။ လာရှိုးမြို့တွင်...

သျှမ်းပြည်တွင် ကိုဗစ်- ၁၉ ပိုးတွေ့လူနာ (၇) ဦးတိုး

သျှမ်းပြည်တွင် ကိုဗစ်- ၁၉ ပိုးတွေ့လူနာ ၇ ဦးထပ်မံတွေ့ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဇန်နဝါရီ ၁၇ရက် တွင် ကိုဗစ်-၁၉ လူနာသစ် ၇ ဦးထပ်မံတွေရှိကာ ထိုလူနာများသည် သျှမ်းပြည်တောင်ပိုင်းတွင် ၆ ဦးနှင့် သျှမ်းပြည်အရှေ့ပိုင်းတွင် ၁ ဦးတွေ့ရှိခဲ့ကြောင်းသိရကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်တောင်ပိုင်းတွင်တွေ့ရှိသူ ကိုဗစ်-၁၉ လူနာသစ် ၆ဦးသည်...

သျှမ်းပြည် ကိုဗစ်-၁၉ လူနာသစ်(၆)ဦးတိုး

သျှမ်းပြည်တဝှမ်းတွင် ကိုဗစ်-၁၉ ကူးစက် လူနာအသစ် (၆) ဦး တိုးလာကြောင်း စုံစမ်းသိရသည်။ ထိုလူနာ(၅) ဦးသည် သျှမ်းပြည်တောင်ပိုင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဌာနဆိုင်ရာ (တောင်ကြီး) မှာ (၅) ဦး နှင့် သျှမ်းပြည်မြောက်ပိုင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှု ဌာနဆိုင်ရာ (မူဆယ်) (၁) ဦးတို့...

ကိုဗစ်-၁၉ စစ်ဆေးခ (ဘတ် ၃၀၀၀) ထိုင်းအစိုးရတိုးမြင့် သည့်ကိစ္စ ရွှေ့ပြောင်းအလုပ်သမားများကန့်ကွက်

ထိုင်းအစိုးရ မှ ရွှေ့ပြောင်းအလုပ်သမားများထံ ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးခ(ဘတ် ၃၀၀၀) ကောက်ယူနေသည့် ကိစ္စ ကို အလုပ်သမားများ ကန့်ကွက်ကြောင်း စုံစမ်းသိရသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် ရွှေ့ပြောင်းအလုပ်သမားများ ဗီဇာသက်တမ်းတိုးရာတွင် ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးရမည်ကိစ္စ လုပ်ဆောင်ရမည်ဖြစ်ပြီး၊ ကိုဗစ်-၁၉ စစ်ဆေးရာတွင် ဘတ် ၃၀၀၀...

သျှမ်းပြည် ကိုဗစ်-၁၉ လူနာသစ် (၄)ဦးတိုး

သျှမ်းပြည်တဝှမ်းတွင် ကိုဗစ်-၁၉ ကူးစက်သူ လူနာအသစ် (၄)ဦး တိုးလာကြောင်း သိရသည်။ ထို လူနာ (၄) ဦးသည် သျှမ်းပြည်တောင်ပိုင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဌာနဆိုင်ရာ (တောင်ကြီး) မှာ (၁) ဦး နှင့် သျှမ်းပြည်မြောက်ပိုင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှု ဌာနဆိုင်ရာ (မူဆယ်) (၃)...

သျှမ်းပြည် ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၀၄၁ )ဦးထိရှိ

သျှမ်းပြည်တဝှမ်း တွင် ကူးစက်မြန် ကိုဗစ်- ၁၉ အတည်ပြုလူနာ စုစုပေါင်း (၁၀၄၁) ဦးရှိကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ကိုဗစ်-၁၉ စတင်ဖြစ်ပွားသည့် အချိန်မှ ယခုနှစ်ဇန်နဝါရီ ၁၀ရက် အထိ အတည်ပြုလူနာ ၁၀၄၁ ဦးတွင် ဆေးရုံတွင်ကုသနေသူ ၁၃၆ ဦးနှင့် သေဆုံးသူ ၃...

သီပေါမြို့ Quarantine ဝင်နေသည့် အမျိုးသား တဦးထံ ကိုဗစ်-၁၉ ပိုးတွေ့

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် စံဖိတ်ကျေးရွာ အ.မ.က ကျောင်းတွင် Quarantine ဝင်နေသည့် အမျိုးသား တဦးထံတွင် ကိုဗစ် ၁၉ ပိုးတွေ့ရှိကြောင်းစုံစမ်းသိရှိရသည်။ ထိုပိုးတွေ့လူနာသည် မန္တလေးမှ ပြန်လာပြီး FC Quarantine ဝင်နေရာတွင် ယနေ့ ဇန်နဝါရီ ၈ ရက်တွေင် RDT ဖြင့်စစ်ဆေးရာတွင် ပိုးတွေ့ရှိကြောင်း...

ကိုဗစ်-၁၉ ကြောင့် စားနပ်ရိက္ခာခက်ခဲသည့် အုမ္မငါးစစ်ရှောင် (၁၀၀)ကျော် ကို ကျောက်မဲမြို့ပေါ်သို့ ခေါ်မလာ

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် စားနပ်ရိက္ခာ ခက်ခဲနေသည့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အုမ္မငါးဘုန်းကြီးကျောင်းမှ စစ်ရှောင် (၁၀၀) ကျော် ကို ကျောက်မဲမြို့ပေါ်သို့ မခေါ်လာတော့ကြောင်း စုံစမ်းသိရှိရသည်။ အုမ္မငါးဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင် (၁၁၅) ဦးသည် ယနေ့ ဇန်နဝါရီ (၇) ရက်တွင် ကျောက်မဲမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်း သို့ခေါ်ဆောင်လာမည့်အစီအစဉ်ကို...

တောင်ကြီးမြို့ ဈေးသည်တဦးထံ ကိုဗစ် ၁၉ တစ်ဦးပိုးတွေ့ရှိ

သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ ရွှေတောင်ရပ်ကွက်တွင် နေထိုင်သည့် ဈေးသည်တဦးတွင် ကိုဗစ်- ၁၉ ပိုးတွေ့ရှိကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ပိုးတွေ့သည့် ဈေးသည် အမျိုးသားသည် ရွှေတောင်ရပ်ကွက်တွင်နေထိုင်ပြီး အနံ့မရတော့သဖြင့် စဝ်စံထွန်း‌ဆေးရုံသို့ သွားရောက်စစ်ဆေးကာ ယနေ့ ဇန်နဝါရီ ၇ ရက်တွင် ပိုးတွေ့ရှိကြောင်းသိရသည်။ “ သူက (ကိုဗစ်-၁၉...

ရွှေညောင်ဈေးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသဖြင့် ဈေးကို ယာယီပိတ်ထား

သျှမ်းပြည်တောင်ပိုင်း ရွှေညောင်မြို့မဈေးထဲတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၅ ဦးတွေ့ရှိသဖြင့် ဈေးကို ယာယီပိတ်ဆိုင်းသွားမည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ မြို့မဈေးထဲတွင် ဈေးဆိုင်ဖွင့်ထားသည့်သူ ၅ဦးထံတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသဖြင့် ဇန်နဝါရီ ၆ ရက်နေ့ မွန်းလွှဲပိုင်း ၃နာရီ မှ ဇန်နဝါရီ ၁၉ ရက်ထိပိတ်သွားမည်ဖြစ်ပြီး...

Latest news