Wednesday, May 1, 2024

တောင်ကြီးမြို့ ဈေးသည်တဦးထံ ကိုဗစ် ၁၉ တစ်ဦးပိုးတွေ့ရှိ

Must read

သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ ရွှေတောင်ရပ်ကွက်တွင် နေထိုင်သည့် ဈေးသည်တဦးတွင် ကိုဗစ်- ၁၉ ပိုးတွေ့ရှိကြောင်း စုံစမ်းသိရှိရသည်။

စ၀်စံထွန်းဆေးရုံကြီး တောင်ကြီးမြို့

အဆိုပါ ပိုးတွေ့သည့် ဈေးသည် အမျိုးသားသည် ရွှေတောင်ရပ်ကွက်တွင်နေထိုင်ပြီး အနံ့မရတော့သဖြင့် စဝ်စံထွန်း‌ဆေးရုံသို့ သွားရောက်စစ်ဆေးကာ ယနေ့ ဇန်နဝါရီ ၇ ရက်တွင် ပိုးတွေ့ရှိကြောင်းသိရသည်။

“ သူက (ကိုဗစ်-၁၉ ပိုးတွေ့သူ)ရွှေတောင်ရပ်ကွက်မှာနေတယ်။ သစ်သီးရောင်းတဲ့ သူပါ။ ဈေးမှာလည်းရောင်းတယ်။ ရွှေတောင်ယာယီပျံကျဈေးမှာလဲ ရောင်းတယ်” ဟု ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှု ဦးသန်းရွှေ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ထိုပိုးတွေ့ရှိသူ အမျိုးသားနှင့် ထိတွေ့ဆက်ဆံသူတွေကို လိုက်လံရှာဖွေ ဖော်ထုတ်နေကြောင်း ဦးသန်းရွှေက ပြောသည်။

ထိုအမျိုးသား သည် အသက် ၂၅ နှစ်ရှိပြီး ကိုဗစ်-၁၉ ပိုးမည်သို့ကူးစက်ခံရသည်ကို ဆက်လက်ဖော်ထုတ်နေကြောင်း ဦးသန်းရွှေက ထပ်လောင်းပြောသည်။

သျှမ်းပြည်တောင်ပိုင်းတွင် ဇန်နဝါရီ ၆ ရက်နေ့ထိ ကိုဗစ် ၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၅၉၆ ဦးရှိပြီး လက်ရှိဆေးကုသနေသူ ၉၈ ဦးနှင့် သေဆုံးသူ ၁ ဦးရှိကြောင်း သျှမ်းပြည်နယ် ပြည်နယ်ကုသရေးနှင့် ကျန်းမားရေးဦးစီးဌာန ထုတ်ပြန်ချက်အရသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article