Thursday, April 25, 2024

ရွှေညောင်ဈေးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသဖြင့် ဈေးကို ယာယီပိတ်ထား

Must read

သျှမ်းပြည်တောင်ပိုင်း ရွှေညောင်မြို့မဈေးထဲတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၅ ဦးတွေ့ရှိသဖြင့် ဈေးကို ယာယီပိတ်ဆိုင်းသွားမည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ မြို့မဈေးထဲတွင် ဈေးဆိုင်ဖွင့်ထားသည့်သူ ၅ဦးထံတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသဖြင့် ဇန်နဝါရီ ၆ ရက်နေ့ မွန်းလွှဲပိုင်း ၃နာရီ မှ ဇန်နဝါရီ ၁၉ ရက်ထိပိတ်သွားမည်ဖြစ်ပြီး ရွှေညောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်ဦးမောင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က ည နေအချိန်ကနေစ ပြီးပိတ်လိုက်တာ။ ရွှေညောင်ဈေးထဲမှာ ၅ ယောက်တွေ့တယ်။ ဒါကြောင့် ကျနော်တို့ ဈေးကို ယာယီ ခနပိတ်ထားလိုက်ရတာပါ။ ၂ ပတ်လောက်ပိတ်သွားမယ်” ဟု ဦးသက်ဦးမောင် ကပြောသည်။

အဆိုပါပိုးတွေ့လူနာ ၅ ဦးကို တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

သျှမ်းပြည်တွင် ဇန်နဝါရီ ၆ ရက်နေ့ထိ ကိုဗစ် -၁၉ ပိုးတွေ့လူနာ စုစုပေါင်း (၉၆၀) ဦးနှင့် လက်ရှိဆေးရုံတွင် ကုသမှုခံယူနေသူ (၂၂၀) ဦး ရှိပြီး သေဆုံးသူ ၃ ဦးရှိကြောင်း သျှမ်းပြည်နယ် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမားရေး ဦးစီဌာန ထုတ်ပြန်ချက်အရသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article