Sunday, February 5, 2023

သျှမ်းပြည်တွင် ကိုဗစ်- ၁၉ ပိုးတွေ့လူနာ (၇) ဦးတိုး

Must read

သျှမ်းပြည်တွင် ကိုဗစ်- ၁၉ ပိုးတွေ့လူနာ ၇ ဦးထပ်မံတွေ့ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဇန်နဝါရီ ၁၇ရက် တွင် ကိုဗစ်-၁၉ လူနာသစ် ၇ ဦးထပ်မံတွေရှိကာ ထိုလူနာများသည် သျှမ်းပြည်တောင်ပိုင်းတွင် ၆ ဦးနှင့် သျှမ်းပြည်အရှေ့ပိုင်းတွင် ၁ ဦးတွေ့ရှိခဲ့ကြောင်းသိရကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်တောင်ပိုင်းတွင်တွေ့ရှိသူ ကိုဗစ်-၁၉ လူနာသစ် ၆ဦးသည် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်သူများဖြစ်ပြီး၊ ထိုသူများသည် ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့်ထိတွေ့မှု မရှိခဲ့သည့် သူများဖြစ်သည်။

ထို့ပြင် သျှမ်းရှေ့တွင် မိုင်းပျဉ်မြို့နယ်တွင်လည်း ကိုဗစ်- ၁၉ တစ်ဦး တွေ့ရှိကြောင်းသိရသည်။


ထိုသူသည် မန္တလေးတိုင်းဒေသကြီး၊မြစ်သားမြို့မှ မက်မန်းမြို့နယ် သို့ အလုပ်လုပ်ရန် ဆိုင်ကယ်ဖြင့် အလာ မိုင်းပျဉ်းမြို့အဝင်ဂိတ်တွင် စစ်ဆေးရာတွင် ပိုးတွေ့ခဲ့ကြောင်းသိရသည်။

သျှမ်းပြည်အရှေ့ပိုင်းတွင် တာချီလိတ်ဆေးရုံတွင် ကိုဗစ် ၁၉ အတည်ပြုလူနာ ၃ ဦးရှိကြောင်းသိရသည်။

အဆိုပါ သျှမ်းမြောက် ကိုဗစ် ၁၉ ပိုးတွေ့လူနာ တိုးမှုကို သျှမ်းမြောက်တွင် တာဝန်ကျနေသည့် ဒေါက်တာ တင်မောင်ညွှန်ကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်ခဲ့ရာတွင် ဖြေကြားပေးချင်မရှိခဲ့ပေ။

သျှမ်းပြည်တွင် ကိုဗစ် ၁၉ အတည်ပြုလူနာ (၁၀၇၈) ဦးရှိပြီး လက်ရှိဆေးရုံတွင် ကုသနေသူ (၁၁၄) နှင့် သေဆုံးသူ ၃ ဦးရှိကြောင်း သျှမ်းပြည်နယ်၊တောင်ကြီးမြို့၊ ပြည်နယ်ကုသရေးနှင့် ပြည်သူကျန်းမားရေးဦးစီးဌာန ထုတ်ပြန်ချက်အရသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article