Thursday, May 2, 2024

သျှမ်းပြည် ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၀၄၁ )ဦးထိရှိ

Must read

သျှမ်းပြည်တဝှမ်း တွင် ကူးစက်မြန် ကိုဗစ်- ၁၉ အတည်ပြုလူနာ စုစုပေါင်း (၁၀၄၁) ဦးရှိကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ကိုဗစ်-၁၉ စတင်ဖြစ်ပွားသည့် အချိန်မှ ယခုနှစ်ဇန်နဝါရီ ၁၀ရက် အထိ အတည်ပြုလူနာ ၁၀၄၁ ဦးတွင် ဆေးရုံတွင်ကုသနေသူ ၁၃၆ ဦးနှင့် သေဆုံးသူ ၃ ဦးရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက် စာရင်းအရဖြစ်သည်။

ထို လူနာများမှာ သျှမ်းပြည်တောင်ပိုင်းတွင် ကိုဗစ် -၁၉ အတည်ပြုလူနာ (၆၃၇ )ဦးရှိပြီး လက်ရှိဆေးရုံတွင် ကုသနေသူ (၈၉ )ဦးနှင့် သေဆုံသူ (၁ )ဦးရှိပြီး၊ သျှမ်းမြောက် တွင် ကိုဗစ် -၁၉ အတည်ပြုလူနာ (၂၅၄) ဦးနှင့် လက်ရှိဆေးရုံတွင် ကုသနေသူ (၄၄) ဦးနှင့် သေဆုံသူ (၂ ) ဦးရှိကြောင်းသိရသည်။

ထို့အပြင် သျှမ်းရှေ့တွင် လည်း ကိုဗစ် -၁၉ အတည်ပြုလူနာ (၁၅၀ ) နှင့် လက်ရှိဆေးရုံတွင် ကုသနေသူ (၃ )ဦးနှင့် သေဆုံးသူ မရှိကြောင်း ၊ သျှမ်းရှေ့တွင် ကိုဗစ် ၁၉ ကူးစက်မှုနှုန်းကျဆင်းသွားပြီးဖြစ်ကြောင်းသိရသည်။

မြန်မာတဝှမ်း တွင် ကိုဗစ် -၁၉ အတည်ပြုလူနာ စုစုပေါင်း (၁၃၀,၆၀၄)ဦးရှိပြီး သေဆုံးသူစုစုပေါင်း (၂,၈၄၆)ဦးရှိ ကာ ဆေးရုံဆင်းခွင့်ရသူ (၁၁၄,၀၄၉ )ဦးရှိကြောင်း ဇန်နဝါရီ ၁၀ရက် ည ၈နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article