Saturday, April 20, 2024

သျှမ်းမြောက် ဆေးရုံတက် ကိုဗစ်- ၁၉ လူနာ ၂၀ ဦးထိရှိ

Must read

သျှမ်းပြည်မြောက်ပိုင်း ယနေ့ ဇန်နဝါရီ ၁၈ ရက်နေ့ထိ ကိုဗစ်- ၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၂၀ ဦးရှိကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ သျှမ်းမြောက်ကိုဗစ်-၁၉ လူနာ ၂၀ဦးမှာ လာရှိုးမြို့ ဆေးရုံတွင် ဆေးကုသနေသူ ၁၀ ဦးနှင့် မူဆယ်ဆေးရုံတွင် ဆေးကုသနေသူ ၁၀ ရှိကြောင်းသိရသည်။

လာရှိုးမြို့တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၄၅ ဦးရှိပြီး လက်ရှိဆေးရုံတွင် ကုသနေသူ ၁၀ ဦးကျန်ရှိကြောင်း လာရှိုးဆေးရုံအုပ် ဒေါက်တာ ဉာဏ်မြင့် ကပြောသည်။

“အစကနေတော့ ခုချိန်ထိကတော့ ၄၅ ယောက်ရှိတယ်။ အခုတော့ ဆေးရုံမှာက ၁၀ ယောက် ကျန်တယ်။ အဲထဲမှာက ကျန်းမားရေး အခြေနေဆိုးတာတော့ မရှိဘူး။ ရောဂါခံတော့ ရှိတယ်” ဟုေ ဒါက်တာ ဉာဏ်မြင့် ကပြောသည်။

အဆိုပါ ပိုးတွေ့လူနာများသည် ယမန့်နေ ဇန်နဝါရီ ၁၇ ရက်တွင် လားရှိုးမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၄ ဦးထပ်မံတွေ့ရှိကြောင်း IPRD Lasio ထုတ်ပြန်ချက်အရသိရသည်။

ထိုပိုးတွေ့ရှိမှုထဲတွင် အသက် ၂ နှစ် ကလေးငယ်တဦးပါဝင်ပြီး၊ အများစုသည် လာရှိုးမြို့ခံများဖြစ်ပြီး ခရီးသွားဇရာဝင်ရှိသူများလည်း ဖြစ်ကြောင်းသိရသည်။

“ အများကတော့ လာရှိုးမြို့ခံတွေပါပဲ။ ခရီးသွားဇရာဝင်ရှိသူတွေများပါတယ်။ Quarantine စင်တာကနေ တွေ့တာပါ” ဟု ဒေါက်တာ ဉာဏ်မြင့်က ပြောသည်။

အလားတူ မူဆယ်မြို့တွင်လည်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၆၅ ဦးရှိပြီး လက်ရှိဆေးရုံတွင် ကုသနေသူ (၁၀) ဦးရှိကြောင်း မူဆယ်ဆေးရုံအုပ် ဒေါက်တာဟန်နိုင်စိုးက ပြောသည်။

မူဆယ်မြို့တွင် Quarantine စင်တာတွင် ဝင်နေသူ ၃၀၀ ကျော်ရှိကြောင်းသိရသည်။

“ခုချိန်ထိတော့ ဆေးရုံမှာက ၁၀ ယောက်ရှိတယ်။ အများအားဖြင့်ကတော့ မူဆယ်ကလူပါပဲ။ တရုတ်ပြည်ကနေ ပြန်လာတဲ့သူတွေပါ” ဟု ဒေါက်တာဟန်နိုင်စိုးက ပြောသည်။

သျှမ်းပြည်နယ်တွင် ဇန်နဝါရီ ၁၇ ရက်နေ့ထိ ကိုဗစ် ၁၉ အတည်ပြုလူနာ စုစုပေါင်း (၁၁၀၀) ဦးရှိပြီး လက်ရှိဆေးရုံတွင် ကုသနေသူ (၉၆) ဦးနှင့် သေဆုံးသူ (၃) ဦးရှိကြောင်း သျှမ်းပြည်နယ်၊တောင်ကြီမြို့၊ ပြည်နယ်ကုသရေးနှင့် ပြည်သူကျန်းမားရေးဦးစီးဌာန မှ ထုတ်ပြန်ချက်အရသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article