Friday, April 26, 2024

သျှမ်းပြည် ကိုဗစ်-၁၉ လူနာသစ် (၄)ဦးတိုး

Must read

သျှမ်းပြည်တဝှမ်းတွင် ကိုဗစ်-၁၉ ကူးစက်သူ လူနာအသစ် (၄)ဦး တိုးလာကြောင်း သိရသည်။

ထို လူနာ (၄) ဦးသည် သျှမ်းပြည်တောင်ပိုင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဌာနဆိုင်ရာ (တောင်ကြီး) မှာ (၁) ဦး နှင့် သျှမ်းပြည်မြောက်ပိုင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှု ဌာနဆိုင်ရာ (မူဆယ်) (၃) ဦး တို့ တွေ့ရှိကြောင်း ဇန်နဝါရီ (၁၁)ရက် ည ၈နာရီ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုန်ပြန်ချက် အရ သိရသည်။

သျှမ်းပြည်တဝှမ်းတွင် ကူးစက်မြန် ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း (၁၃၀) ကျော် ဆေးကုသမှု ခံယူထားကြောင်း စုံစမ်းသိရှိရသည်။

ဇန်နဝါရီ (၁၁) ရက် ထုတ်ပြန်ချက်အရ သျှမ်းပြည်တွင်း ကိုဗစ်-၁၉ ကူးစက်သူ စုစုပေါင်း (၁၀၇၄) ဦး၊ သေဆုံးသူ (၃) ဦး နှင့် ဆေးရုံဆင်းခွင့်ရသူ (၉၃၃) ဦး တို့ ဖြစ်ကြောင်း သျှမ်းပြည်နယ်အစိုးရ အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ပြည်ထောင်စု အားကစား နှင့် ကျန်းမာရေးထုတ်ပြန်ချက်အရ ဇန်နဝါရီ (၁၁) ရက် ည(၈) နာရီတွင် မြန်မာနိုင်ငံ ကိုဗစ်-၁၉ အတည်ပြု လူနာ အသစ်(၅၈၂) ဦး၊ ဆေးရုံဆင်းခွင့်ရသူ ( ၅၆၀) ဦး နှင့် သေဆုံးသူ ( ၁၂) ဦးရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတဝှမ်းတွင် ကိုဗစ်-၁၉ ကူးစက်သူ စုစုပေါင်း(၁၃၁,၁၈၆)ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၁၁၄,၆၀၉) ဦး နှင့် သေဆုံးသူ စုစုပေါင်း ( ၂,၈၅၈)ဦး တို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article