Thursday, April 25, 2024

သျှမ်းပြည် ကိုဗစ်-၁၉ လူနာသစ်(၆)ဦးတိုး

Must read

သျှမ်းပြည်တဝှမ်းတွင် ကိုဗစ်-၁၉ ကူးစက် လူနာအသစ် (၆) ဦး တိုးလာကြောင်း စုံစမ်းသိရသည်။

ထိုလူနာ(၅) ဦးသည် သျှမ်းပြည်တောင်ပိုင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဌာနဆိုင်ရာ (တောင်ကြီး) မှာ (၅) ဦး နှင့် သျှမ်းပြည်မြောက်ပိုင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှု ဌာနဆိုင်ရာ (မူဆယ်) (၁) ဦးတို့ တွေ့ရှိကြောင်း ဇန်နဝါရီ (၁၃) ရက် ည (၈) နာရီ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

သျှမ်းပြည်တဝှမ်းတွင် ကူးစက်မြန် ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း (၁၂၀) ကျော် ဆေးကုသမှု ခံယူထားကြောင်း စုံစမ်းသိရှိရသည်။

ဇန်နဝါရီ (၁၃) ရက် ထုတ်ပြန်ချက်အရ သျှမ်းပြည်တွင်း ကိုဗစ်-၁၉ ကူးစက်သူ စုစုပေါင်း (၁၀၈၉ ) ဦး၊ သေဆုံးသူ (၃) ဦး နှင့် ဆေးရုံဆင်းခွင့်ရသူ (၉ ၃၆) ဦး တို့ဖြစ်ကြောင်း သျှမ်းပြည်နယ် အစိုးရ အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ပြည်ထောင်စု အားကစား နှင့် ကျန်းမာရေး ထုတ်ပြန်ချက်အရ ဇန်နဝါရီ (၁၃) ရက် ည (၈) နာရီတွင် မြန်မာနိုင်ငံ ကိုဗစ်-၁၉ အတည်ပြု လူနာအသစ် ( ၅၂၃) ဦး၊ ဆေးရုံဆင်းခွင့်ရသူ ( ၅၆၀) ဦး နှင့် သေဆုံးသူ (၂၄) ဦးရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတဝှမ်းတွင် ကိုဗစ်-၁၉ ကူးစက်သူ စုစုပေါင်း ( ၁၃၂,၂၆၀) ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၁၁၅,၆၂၃) ဦး နှင့် သေဆုံးသူ စုစုပေါင်း ( ၂,၉ ၀၂) ဦး တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article