COVID-19
သျှမ်းမြောက် မြို့နယ်တစ်ချို့ ဆရာဝန်မလုံလောက် ကိုဗစ်လူနာများ ခက်ခဲကြုံ
SHAN -
သျှမ်းမြောက် ကျောက်မဲခရိုင် သီပေါမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်ကူးစက်လူနာများအား ကုသရန် ဆရာဝန် မလုံလောက်သည့်အတွက် လူနာများ အခက်ခဲကြုံနေရကြောင်း သိရသည်။ ယနေ့ (ဇူလိုင် ၈)ရက် သီပေါပြည်သူ့ဆေးရုံတွင် ဆေးကုသခံနေသည့် ကိုဗစ်-၁၉ လူနာ (၁၁၀)ခန့်ရှိပြီး၊ နမ့်လန်ပြည်သူ့ဆေးရုံတွင် (၃၀)ခန့်ရှိကာ ဆေးရုံတွင် ဆေးကုပေးမည့် ဆရာဝန် လုံလောက်မှုမရှိသဖြင့်...
ကျောက်မဲ ကိုဗစ်-၁၉ လူနာတွင် ကာကွယ်ဆေးထိုးထားသူများပါ
SHAN -
သျှမ်းမြောက် ကျောက်မဲခရိုင်အတွင်း ဇူလိုင် ၇ ရက်(ယနေ့) မနက်ပိုင်းအထိ ကိုဗစ်ရောဂါ ကူးစက်ခံရသည့်လူနာ (၅၅၃)ယောက်ရှိပြီး ထိုထဲတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားသည့် သူများပါဝင်ကြောင်း စုံစမ်းသိရသည်။ ကျောက်မဲခရိုင်အတွင်းမှာပါဝင်သည့် ကျောက်မြို့တွင် (၉၇)ဦး၊ သီပေါ (၁၄၆)ဦး၊ နောင်ချို (၂၉၈)ဦးနှင့် နမ္မတူ (၁၂)ဦးတို့ရှိပြီး မိုင်းလုံ ၊...
တောင်ကြီး ကားဂိတ်များဖွင့်ထားသည့် နေရာ ကိုဗစ် (၃)ဦး တွေ့
SHAN -
သျှမ်းပြည် တောင်ကြီးမြို့၊ မင်းလမ်းရှိ နေအိမ် နှင့် ကားဂိတ်တွဲဖွင့်ထားသည့် အိမ်တလုံးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း စုံစမ်းသိရသည်။ အဆိုပါ နေအိမ်အာက်ထပ်ကို ကားဂိတ်များကို ငှားရမ်းဖွင့်လှစ်ထားပြီး အပေါ်ထပ်တွင် အိမ်ရှင်မိသားစုဝင်များနေထိုင်သည့်အိမ်ဖြစ်ကြောင်းသိရသည်။ ” ကားဂိတ်တွေ အပေါ်မှာနေတဲ့ အသက် ၆၀ အရွယ် အိမ်ရှင် အမျိုးသားက အအေးမိ စဖျားခဲ့တာ၊...
အင်းလေးဒေသတွင် Q Center ထပ်ဖွင့်လှစ်ရန် လိုအပ်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရသူ ပိုမိုများပြားလာပြီး Quarantine Center ထပ်မံဖွင့်လှစ်ရန် လိုအပ်နေကြောင်း စုံစမ်းသိရသည်။ “ကိုဗစ်အတည်ပြုလူနာတွေကို ညောင်ရွှေပြည်သူ့ဆေးရုံ၊ စံကားပြည်သူ့ဆေးရုံ၊ နန်းပန်ပြည်သူ့ဆေးရုံနဲ့ ဟဲယာရွာမတိုက်နယ်ပြည်သူ့ဆေးရုံတွေမှာ ဆေးကုသပေးနေတယ်၊ ထိတွေ့တဲ့သူတွေအတွက် Q Center ထပ်လိုနေသေးတယ်” လို့...
နမ့်စန်မြို့ ခြေလျင်တပ်ရင်း(၂၄၇) တွင် ကိုဗစ်-၁၉ လူနာ (၁၃)ဦးတွေ့
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့အခြေစိုက် စစ်တပ်အမှတ် (၂၄၇) ခြေလျင်တပ်ရင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၃) ဦးရှိနေကြောင်း စုံစမ်းသိရသည်။ “၂၄၇ ခြေလျင်တပ်ထဲမှာ အရာရှိ ၁ ဦး နဲ့ အခြားအဆင့် ၁၀ ဦးပြီးတော့ သူတို့မိသားစုဝင် ကျောင်းသား ၂ ဦး ကိုဗစ်ပိုးတွေ့တယ်လို့ ကြားမိပါတယ်၊...
သျှမ်းမြောက် ကိုဗစ်ကြောင့် တရက်တည်း သေဆုံးသူ(၅) ဦးထက်မနည်းရှိ
SHAN -
သျှမ်းပြည်မြောက်ပိုင်းတွင် ယနေ့ (ဇူလိုင် ၃)ရက်တရက်တည်း ကိုဗစ် - ၁၉ လူနာ နှင့် သံသယရှိသူ လူနာ (၅)ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။ အဆိုပါ လူနာများမှာ နမ့်ခမ်းမြို့မှ (၂)ဦး၊ တန့်ယန်းမြို့တွင် ကိုဗစ်လူနာ တစ်ဦး နှင့် Home Quarantine ဝင်ထားသူ(၁)ဦးနှင့်...
တာချီလိတ်မြို့တွင် ကိုဗစ်အတည်ပြုလူနာသစ် (၁၀)ဦး ထပ်တွေ့
SHAN -
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဇူလိုင် (၃)ရက် ဆေးရုံဟောင်းအတွင်း ဖွင့်လှစ်ထားသည့် ကိုဗစ်စစ်ဆေးရာနေရာသို့ လာရောက်စစ်ဆေးသူများထဲမှ အတည်ပြုလူနာသစ် (၁၀)ဦး ထပ်မံတွေ့ရှိရကြောင်း သိရသည်။ တာချီလိတ်မြို့တွင် ဇွန်လ (၂၈)ရက်မှ ယနေ့ထိ ကိုဗစ်ရောဂါ ကူးစက်ခံရသည့်လူနာ စုစုပေါင်း (၄၅)ဦးရှိနေပြီဖြစ်သည်။ ကူးစက်လူနာ ပိုမိုများပြားလာနေသည့်အတွက် စားသောက်ဆိုင်များ အားလုံး ဆိုင်ထိုင်ရောင်းချခြင်း ခွင့်မပြုတော့ဘဲ...
ကလောမြို့ ကိုဗစ် -၁၉လူနာများလာ ကျန်းမာရေးဆိုင်ရာ အခက်အခဲကြုံတွေ့နေရ
SHAN -
သျှမ်းပြည် တောင်ပိုင်း ကလောမြို့တွင် ကိုဗစ် -၁၉ အတည်ပြုလူနာ တစ်နေ့ထက် တစ်နေ့ တိုးပွားလာပြီး၊ ကျန်းမာရေးဝန်ထမ်းအင်အားနေသဖြင့် အခက်အခဲများကြုံတွေ့နေကြောင်း စုံစမ်းသိရ သည်။ ယမန်နေ့ ဇူလိုင်လ ၂ ရက်နေ့အထိ ကလောမြို့နယ် အတွင်း ကိုဗစ် - ၁၉ အတည်ပြုလူနာ (၆၇) ဦး...
ကျောက်မဲမြို့တွင် ဈေးများ၊ စားသောက်ဆိုင်များ ပိတ်သော်လည်း ကျောင်းများပိတ်မည်မဟုတ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ဈေးများရက်အကန့်အသတ်မရှိပိတ်ရန်၊ စားသောက်ဆိုင် များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်ညွှန်ကြားထားသော်လည်း စာသင်ကျောင်းများ မပိတ်ကြောင်း သိရသည်။ ကျောက်မဲမြို့ပေါ်ရှိ ဗဟိုဈေးကြီးနှင့် ဈေးသစ်(ဈေးလေး) အပါအဝင် ညဈေးတန်းများကို ဇူလိုင်လ (၃) ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ထားရန်နှင့် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များကိုလည်း ဆိုင်ထိုင်ရောင်းချခွင့်မပြုတော့ဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချပေးရန်...
တာချီလိတ်မြို့ကိုဗစ်-၁၉ တတိယလှိုင်း လောင်းကစားရုံနှင့် KTV များ ခိုးဖွင့်နေ
SHAN -
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားပြီး ပိုးကူးစက်မှုနှုန်းမြန်ဆန်နေသော်လည်း KTV၊ နှင့် လောင်းကစားရုံများဆက်လက် ခိုးဖွင့်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ တက်လာပြီးနောက်ပိုင်း တာချီလိတ်မြို့တွင် KTV၊ နိုက်ကလပ် နှင့် လောင်းကစားရုံများကို ပြန်လည်ဖွင့်လှစ်လာခဲ့ပြီး၊ ယခု ကိုဗစ်-၁၉ လှိုင်းဖြစ်ပွားချိန်ပြန်ပိတ်ခိုင်းထားသော်လည်း ဆက်လက်ခိုးဖွင့်နေကြောင်း တာချီလိတ်ဒေသခံများက သျှမ်းသံတော်ဆင့်...





