Tuesday, January 27, 2026

အင်းလေးဒေသတွင် Q Center ထပ်ဖွင့်လှစ်ရန် လိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကိုဗစ် – ၁၉ ရောဂါ ကူးစက်ခံရသူ ပိုမိုများပြားလာပြီး Quarantine Center ထပ်မံဖွင့်လှစ်ရန် လိုအပ်နေကြောင်း စုံစမ်းသိရသည်။

“ကိုဗစ်အတည်ပြုလူနာတွေကို ညောင်ရွှေပြည်သူ့ဆေးရုံ၊ စံကားပြည်သူ့ဆေးရုံ၊ နန်းပန်ပြည်သူ့ဆေးရုံနဲ့ ဟဲယာရွာမတိုက်နယ်ပြည်သူ့ဆေးရုံတွေမှာ ဆေးကုသပေးနေတယ်၊ ထိတွေ့တဲ့သူတွေအတွက် Q Center ထပ်လိုနေသေးတယ်” လို့ အင်းလေးဒေသမှ ဆရာဝန်တစ်ဦးက ပြောသည်။

ဇူလိုင် ၆ ရက်(ယနေ့) အင်းလေးဒေသ ဟဲယာရွာမတွင် ကိုဗစ်အတည်ပြုလူနာ ၁၃ ဦး နှင့် နန်းပန်ပြည်သူ့ဆေးရုံတွင် ကိုဗစ်အတည်ပြုလူနာ ၄ ဦး ထပ်မံတွေ့ရှိခဲ့ရသည့်အတွက် အတည်ပြုလူနာ စုစုပေါင်း (၁၇)ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

“ရွာမှာ Q ဝင်နေတာ ၃၀ ကျော်လောက်ရှိတယ်။ ဟဲယာရွာမ Q Center က လူပြည့်သွားလို့ ဒီမနက်ပဲ နောက်ထပ်တစ်နေရာမှာ ဖွင့်ဖို့ ပြင်ဆင်နေတယ်။ အဲ့မှာက လူ (၂၀)လောက်တော့ ဆံ့မယ်” လို့ ဟဲယာရွာမ Covid – 19 Center ပြင်ပကူညီရေးအဖွဲ့ ဥက္ကဌ ဦးလွင်ကို က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အင်းလေးဒေသပါဝင်သည့် ညောင်ရွှေမြို့နယ်တွင် ဇွန်လ (၂၃)ရက်နေ့မှ ယနေ့မွန်းလွဲပိုင်းအထိ ကိုဗစ် အတည်ပြုလူနာ စုစုပေါင်း(၈၄)ဦးရှိပြီး (၂)ဦးသေဆုံးကာ (၂)ဦး ဆေးရုံမှဆင်းခွင့်ရပြီးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေမြို့နယ် ကျေးရွာများတွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများကြောင့် မဲရုံစောသွားရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့များမှ ကျေးရွာအတွင်း လှည့်ပတ်စစ်ဆေးမှုကြောင့် ဒေသခံများ နံနက် ၅ နာရီခန့်တွင် စတင်မဲပေးခဲ့ရကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ညောင်ရွှေ၊ ပင်လောင်း၊...

စစ်တပ်လက်အောက်ခံ ရဲနှင့် PNO မူးယစ်ဆေးရောင်းသူကို မဖမ်းဘဲ သုံးစွဲသူကို ပစ်မှတ်ထားဖမ်းနေ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ၊ ပုံးအင်းဒေသနှင့် ရွာငံမြို့နယ်တို့တွင် စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ပအိုဝ်းပြည်သူ့စစ် PNO များက မူးယစ်ဆေးဝါး ရောင်းသူများကို မဖမ်းဘဲ သုံးစွဲသူများကို လိုက်လံဖမ်းဆီးကာ စစ်မှုထမ်းခိုင်းကြောင်း သတင်းရရှိသည်။ အောက်တိုဘာလ ၁၃ ရက်တွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းပန်ကျေးရွာအုပ်စု အတွင်းရှိ မူးယစ်ဆေးဝါး...

ငလျင်ဘေးဒဏ်ခံ အင်းလေးပြည်သူများကို ရွေးကောက်ပွဲနီးမှ စစ်ကော်မရှင် လာရောက်ထောက်ပံ့

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် ငလျင်ဘေးဒဏ် ခံစားခဲ့ရသည့် အင်းလေးပြည်သူများကို ၅ လကျော်အကြာ ရွေးကောက်ပွဲနီးမှ စစ်ကော်မရှင်က ငွေကြေး လာရောက် ထောက်ပံ့သွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၈ ရက်) တွင် အင်းလေးဒေသသို့ စစ်ကော်မရှင် လက်အောက်ခံ သျှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငလျင်ဘေးဒဏ်ခံရသည့် နေအိမ်များအတွက် ငွေကျပ်...

သျှမ်းတောင် လေပြင်းတိုက်မှုကြောင့် နေအိမ်၊စာသင်ကျောင်း အပျက်အစီးများ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ်တွင် ယမန်နေ့ (သြဂုတ် ၂၆)ရက် မွန်းလွှဲပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့် စာသင်ကျောင်းအများအပြားပျက်စီးခဲ့ပြီး အရေးပေါ်ပြင်ဆင်ရန်အတွက် အကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။​ ပင်လောင်းမြို့နယ် နမ်းတုတ်-လုံးပဲဉ် ကျေးရွာအုပ်စု၊ ဗန်းမောက်ကျေးရွာအတွင်းရှိ အလယ်တန်းကျောင်းသည် ယမန်နေ့ ( ဩဂုတ်လ ၂၆) ရက် မွန်းလွှဲ ၁...

အင်းလေးတွင် လေပြင်းတိုက်ခတ် နေအိမ်များ ခေါင်မိုးလန် ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လေပြင်းတိုက်ခတ်သဖြင့် နေအိမ် ခေါင်မိုးများလန်ပြီး ပျက်စီးသွားကြောင်း သတင်းရရှိသည်။ ယနေ့ (သြဂုတ် ၂၆)ရက် မွန်းလွဲပိုင်းတွင် အင်းလေးဒေသ ကန်ခေါင်းကျေးရွာနှင့် စန်ခမ့်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ခေါင်မိုးလန်ကာ ပျက်စီးမှုရှိကြောင်း ဒေသခံများထံသိရသည်။ “ဒီညနေကမှ ဖြစ်တာ အိမ်တွေက ဘယ်နလုံးလဲ သေချာမသိရသေးဘူး၊ ၂၀...