Monday, January 26, 2026

သျှမ်းမြောက် ကိုဗစ်ကြောင့် တရက်တည်း သေဆုံးသူ(၅) ဦးထက်မနည်းရှိ

သျှမ်းပြည်မြောက်ပိုင်းတွင် ယနေ့ (ဇူလိုင် ၃)ရက်တရက်တည်း ကိုဗစ် – ၁၉ လူနာ နှင့် သံသယရှိသူ လူနာ (၅)ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။

အဆိုပါ လူနာများမှာ နမ့်ခမ်းမြို့မှ (၂)ဦး၊ တန့်ယန်းမြို့တွင် ကိုဗစ်လူနာ တစ်ဦး နှင့် Home Quarantine ဝင်ထားသူ(၁)ဦးနှင့် လားရှိုးမြို့မှ တစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၇၃)ဦးရှိပြီး ထိုထဲတွင်သေဆုံးသူ (၄)ဦးရှိသည်။

တန့်ယန်းမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူတာ (၂၀)ဦးရှိပြီး ထိုထဲတွင် သေဆုံးသူ (၄)ဦး နှင့် HQ ဝင်နေသည့်သူ တစ်ဦး ရှိကြောင်း သိရသည်။

ထို့အပြင် လားရှိုးမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၅၄၀)ဦး ရှိကာ သေဆုံးသူ (၂၀)ဦးရှိကြောင်း သတင်းရရှိသည်။

ယနေ့ထိ သျှမ်းပြည်တွင် ကိုဗစ် – ၁၉ ကူးစက်ရောဂါကြောင့် သေဆုံးသူ (၂၅)ဦးခန့် ရှိနေပြီး ကူးစက်ခံရသည့် လူနာဦးရေ (၁၁၀၀)ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်

0
သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် မြို့နယ်အများစုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော်လည်း အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်နေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ကျင်းပနေသည့် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွင် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံး၍ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း...

သျှမ်းမြောက်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်နိုင်မလား

0
စစ်ကော်မရှင်က ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးတို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် နှစ်နှစ်နီးပါးပိတ်ထားသည့် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ တရုတ်နယ်စပ်ဂိတ်များနှင့် ကုန်သွယ်ရေး လမ်းကြောင်းများကို မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)၊ အာရက္ခတပ်တော်...

အင်းလေးတွင် ငလျင်ဒဏ်ကြောင့် လူသေဆုံးမှု ၄၀ ထက်မနည်းရှိနေပြီး ကျေးရွာအချို့ ရွာလုံးကျွတ်ပျက်စီး

0
သျှမ်းပြည် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်း ယမန်နေ့ (မတ်လ ၂၈ ရက်)က လှုပ်ခတ်ခဲ့သော အင်အားပြင်းထန်သည့် ငလျင်ကြောင့် လူ ၄၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ကျေးရွာအချို့တွင် ရွာလုံးကျွတ် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ လက်ရှိအချိန်အထိ အင်းလေးအရှေ့ဘက်ခြမ်း နန်းပန်၊ ကေလာ၊ ဇရပ်ကြီး...

ငလျင်ကြောင့် သေဆုံးသူ ၁၄၄ ဉီး၊ ဒဏ်ရာရရှိသူ ၇၃၂ ဦးစာရင်းရထား၊ ထပ်တိုးနိုင်ဟု စစ်ခေါင်းဆောင်ပြော

0
ယနေ့ (မတ် ၂၈)ရက်တွင် လှုပ်ခတ်ခဲ့သည့် အားပြင်း ငလျင်ကြောင့် သေဆုံးသူ ၁၄၄ ဉီးနှင့် ဒဏ်ရာရရှိသူ ၇၃၂ ဉီးတို့ရှိကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။ ထိုသေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူသည် နေပြည်တော် ၊မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ အများအပြား ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောသွားသည်။ သို့သော်...

ကျားဖြန့်လုပ်ငန်းထဲ ရောက်ရှိနေသည့် စစ်ရှောင်လူငယ်များ မိဘနှင့် အဆက်အသွယ်ပြတ်

0
သျှမ်းပြည်မြောက်ပိုင်း စစ်ရှောင်လူငယ်များသည် စားဝတ်နေရေးအတွက် ကျားဖြန့်လုပ်ငန်းထဲတွင် သွားရောက်လုပ်ကိုင်ကြပြီး၊ လက်ရှိတွင် ၎င်းလူငယ်များနှင့် အဆက်အသွယ် ပြတ်နေသဖြင့် မိဘများ စိုးရိမ်လာနေကြောင်း စုံစမ်းသိရသည်။ စစ်အာဏာသိမ်းပြီး “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်း တကြောရှိ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင်၊ သိန္နီ စသည့် မြို့နယ်အများစုသည်...