Tuesday, January 27, 2026

ကလောမြို့ ကိုဗစ် -၁၉လူနာများလာ ကျန်းမာရေးဆိုင်ရာ အခက်အခဲကြုံတွေ့နေရ

သျှမ်းပြည် တောင်ပိုင်း ကလောမြို့တွင် ကိုဗစ် -၁၉ အတည်ပြုလူနာ တစ်နေ့ထက် တစ်နေ့ တိုးပွားလာပြီး၊ ကျန်းမာရေးဝန်ထမ်းအင်အားနေသဖြင့် အခက်အခဲများကြုံတွေ့နေကြောင်း စုံစမ်းသိရ သည်။

ယမန်နေ့ ဇူလိုင်လ ၂ ရက်နေ့အထိ ကလောမြို့နယ် အတွင်း ကိုဗစ် – ၁၉ အတည်ပြုလူနာ (၆၇) ဦး ရှိနေပြီး၊ ကျန်းမာရေး စောင့်ရှောက်ပေးမည့် ဝန်ထမ်းမရှိသည့်အတွက် ဒေသခံအခက်ခဲများစွာကြုံနေကြာင်း ကလောဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုကျနော်တို့ဆီမှာ ပိုးတွေ့လူနာတွေ ဒီလောက်များလာတာကို ဘာတားမြစ်ထုတ်ပြန်ချက်မှ မရှိလာဘူး၊ အထက်ကလည်း ဘာမှ စီမံဆောင်ရွက်ပေးခြင်း မရှိဘူး၊ မြို့ကြီးကို ပုံမှန်လည်ပတ်ခိုင်းစေတယ်တဲ့” ဟု ၎င်းက ပြောသည်။

ကလောမြို့ ကိုဗစ် – ၁၉ ရောဂါ ဒေသတွင်းကူးစက် ခံရသူများအနက် Non- CDM ကျောင်းဆရာမ တစ်ယောက်နှင့် ပညာရေးမှူးတစ်ယောက်တို့ ပါ ကူးစက်ခံရသော်လည်း စာသင်ကျောင်းအား ပိတ်ပင် ခြင်းမရှိဘဲ ကလေးများကို ကျောင်းတက်လာခိုင်းကြောင်း သိရသည်။

“ဆရာမတစ်ယောက် ကိုဗစ်ပိုးတွေ့တယ်၊ ကျောင်းက ပုံမှန်အတိုင်း ဖွင့်မြဲဖွင့်လျက်ပဲ၊ ပြီးတော့ ပညာရေး မှူးက ကိုဗစ်ပိုး ကူးစက်ခံရတယ်၊ အဲ့သူစာသင်တဲ့ အခန်းကိုသာ (၅)ရက်ပိတ်ပြီး တော့ကျန်တာ တွေကဘာမှ မဖြစ်သလိုပဲ။ ပြီးတော့ ကျောင်းတွေကို ပုံမှန်အတိုင်း ဖွင့်ပြန်တယ်” ဟု ကလောမြို့ ဒေသခံတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကလောမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးအတွက် ကွာရန်တင်း စင်တာ မရှိသောကြောင့် နေအိမ်တွင်းကွာရန်တင်း သာ ထားရှိရပြီး ကြီးကြပ်သူ မရှိသည့် အပြင် ပိုးတွေ့လူနာများထားရှိရာ အောင်ပန်း မိုးကုတ်ရိပ်သာ မှာတွင် လည်း လာရောက်ကြီးကြပ်သူ အဖြစ် ကြက်ခြေနီ အသင်းနှင့် ပရဟိတသမားများသာ ရှိကြောင်း ကလော မြို့မှ ပရဟိတ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ခက်တာက နည်းလမ်းကျကျ ကြီးကြပ်ပေးမယ့် ဆရာဝန်တွေ မရှိဘူး။၊ ပြီးတော့ ပရဟိတသမားတွေ လည်း အရင်ကလောက်မများတော့ဘူး၊ ဒါကို အထက်က စီစဉ်ဆောင်ရွက်ပေးမှု ဘာမှ မရှိဘူးဆိုရင် အားလုံး ဒုက္ခ ရောက်ကုန်တော့မယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ ကလောပြည်သူ့ဆေးရုံတွင်လည်း ကျန်းမာရေး ဝန်ထမ်းအင်အား နည်းပါးနေသည့်အတွက် လူနာ (၅)ဦး ဝန်းကျင်ခန့်သာ လက်ခံကုသပေးပြီး အောက်စီဂျင်လိုအပ်သော လူနာများကို တောင်ကြီး သို့ ပို့ဆောင် ရကြောင်း ကလောမြို့ ဒေသခံများ ပြောပြချက် အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နီပါ ဗိုင်းရပ်စ် အတွက် ဆေးမရှိသေး

0
အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း Nipah Virus (နီပါ ဗိုင်းရပ်စ်) ပြန်လည်ကူးစက်ခံရမှု ၅ ဦးအထိတွေ့ရှိပြီးနောက် လူနာများနှင့် ဆက်စပ်ခဲ့သည့် လူ ၁၀၀ ဦးခန့်အား နေအိမ်များတွင်သာ နေထိုင်ရန် ဒေသအာဏာပိုင်များမှညွှန်ကြားထားကြောင်း အိန္ဒိယ သတင်းဌာန New Delhi Television...

ကလောမြို့အနီး တန်ဆောင်တိုင်အပြန် ခရီးသည်တင်ကား တိမ်းမှောက်၊ အမျိုးသမီးနှင့် ကလေး အပါ ၃ ဦးသေဆုံး

0
သျှမ်းပြည် ကလောမြို့နယ်တွင် တောင်ကြီးတန်ဆောင်တိုင်ပွဲမှ ပြန်လာသည့် ခရီးသည်တင်ကား တစ်စီး ချောက်ထဲတိမ်းမှောက်ခဲ့ရာ အမျိုးသမီးနှင့် ကလေးအပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၉ ရက်) နေ့လယ်ပိုင်းတွင် ကလောမြို့နယ် ဝက်ဖြူရေကျေးရွာနှင့် မဂွေကျေးရွာအကြားတွင် တောင်ကြီးတန်ဆောင်တိုင်ပွဲမှ ပြန်လာသည့် ခရီးသည်တင် ကားတစ်စီး...

ကလောမြို့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဉီး ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့တွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဉီး သုံးရက်ကြာ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ ကလောမြို့ ရပ်ကွက် (၁)တွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ် မယွန်းအိထွေးသည် ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက် နေ့လယ် ၂ နာရီခန့်တွင်...

ကလောမြို့ စစ်ဆေးရေးဂိတ်တွင် PDF အား အလှူငွေကောက်ခံပေးသည်ဟုဆိုကာ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် ကလောမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ရန်ကုန်မှ ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသည့် အမျိုးသမီးတစ်ဦး မှတ်ပုံတင်စစ်ဆေးပြီးနောက် ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၂) ရက်တွင် သျှမ်း-မန္တလေးနယ်စပ် ကလောမြို့နယ်အဝင် စစ်ကောင်စီ၏ နန့်ပန်တက် စစ်ဆေးရေးဂိတ်၌ ရန်ကုန်မှ ထွက်ခွာလာသည့် Elite ခရီးသည်တင်ယာဉ်ပေါ် လိုက်ပါလာသူများ၏ မှတ်ပုံတင်ကို...

ကလောမြို့ ချောင်းရေတက်ရေကြီးမှုဖြစ်

0
သျှမ်းတောင်၊ ကလောမြို့ရှိ ကလောချောင်း ယနေ့ (ဇွန်လ ၁၂ ရက်) ညနေပိုင်းက ရေပြန်တက်လာသဖြင့် ရေကြီးမှုများ ဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း ဒေသခံပြည်သူများက ယနေ့နေ့ညပိုင်းတွင် ပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းက အဆက်မပြတ် ရွာသွန်းနေသည့် မိုးကြောင့် ချောင်းရေ မြင့်တက်လာရာ မြို့လယ်ပိုင်း ရပ်ကွက် (၄)...