တာချီလိတ်မြို့ကိုဗစ်-၁၉ တတိယလှိုင်း လောင်းကစားရုံနှင့် KTV များ ခိုးဖွင့်နေ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားပြီး ပိုးကူးစက်မှုနှုန်းမြန်ဆန်နေသော်လည်း KTV၊ နှင့် လောင်းကစားရုံများဆက်လက် ခိုးဖွင့်နေကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီ တက်လာပြီးနောက်ပိုင်း တာချီလိတ်မြို့တွင် KTV၊ နိုက်ကလပ် နှင့် လောင်းကစားရုံများကို ပြန်လည်ဖွင့်လှစ်လာခဲ့ပြီး၊ ယခု ကိုဗစ်-၁၉ လှိုင်းဖြစ်ပွားချိန်ပြန်ပိတ်ခိုင်းထားသော်လည်း ဆက်လက်ခိုးဖွင့်နေကြောင်း တာချီလိတ်ဒေသခံများက သျှမ်းသံတော်ဆင့် ကို သတင်းပေးပို့လာသည်။

“ဂိမ်းဆိုင်တွေ လောင်းကစားဒိုင်တွေက ဆက်ပြီး ဖွင့်နေတာပဲ၊ ကိုဗစ်တွေများလွန်းလို့ ပိတ်ထားခိုင်းတယ် လို့တော့ အာဏာပိုင် တွေတော့ ပြောကြတယ်၊ ဒါပေမယ့် ဒီအချိန်ထိတော့ ဖွင့်တဲ့သူက ဖွင့်နေသေးတာပဲ” ဟု တာချီလိတ်မြို့ခံ အသက် ၃၀ကျော် အမျိုးသားတစ်ဦးက ပြောသည်။

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်၊ ဟိုတယ်တာချီလိတ်အတွင်း ဖွင့်လှစ်ထားသည့် DAT Club & KTV မှ ကိုဗစ်ပိုး ကူးစက်ခံရသူ ၁၅ဦးရှိကြောင်းသိရသည်။

တာချီလိတ်မြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက အွန်လိုင်းလောင်းကစားဂိမ်းလုပ်ငန်းမှ အမျိုးသမီး ၃ ဦးတွင် COVID-19 ရောဂါပိုး စတွေ့ခဲ့ပြီး ယမန်နေ့က ၁၃ ဦး ယနေ့ (ဇူလိုင် ၂)ရက် မွန်းလွဲပိုင်းအထိ ၁၇ ဦး ထပ်တွေ့ရာ ဒေသတွင်း ကူးစက်သူ (၃၃) ဦး ရှိလာသည်။

ယခင်ကလည်း ကိုဗစ်-၁၉ ဒုတိလှိုင်းအချိန်တွင် တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း KTV၊နိုက်ကလပ် နှင့် လောင်းကစားနေရာများကို ပိတ်ထားရန် ညွှန်ကြားချက်သော်လည်း ချိုးဖောက်သည့် 1G1 7 မှဟိုတယ်ကြောင့် ကိုဗစ်အများအပြားကူးစက်မှု ကြုံခဲ့ရသည်။

စစ်ကောင်စီမှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်း တာချီလိတ်မြို့တွင် တရားမဝင် လုပ်ငန်းများအားလုံး ပေါ်ပေါ်တင်တင် ပြန်လည်ဖွင့်လှစ် လုပ်ကိုင်လာကြပြီး အမိန့်အာဏာများလည်း သက် ရောက်မှု အားနည်းကြောင်း တာချီလိတ်မြို့မှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်တပ်က အာဏာသိမ်းပြီးကတည်းက တစ်မြို့လုံးရှုတ်ယှက်ခတ်နေတာ၊ တရားဥပေဒစိုးမိုးရေးလည်း မရှိတော့ပါဘူး၊ အမိန့်အာဏာတွေကလည်း သက်ရောက်မှု အားနည်းနေပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ် ကပြောသည်။

တာချီလိတ်မြို့သည် တရားမဝင် လုပ်ငန်းများစွာ ပေါ်တင်ပြုလုပ်နေသည့်အတွက် ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ ရောင်နီဦးဝန်းအတွင်း တရုတ်နိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ

0
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ရောင်နီဦးဝန်းအတွင်း အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁၀၀ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၄ ရက်) နံနက်ပိုင်းတွင် တာချီလိတ်မြို့ ဆေးခန်းရပ်ကွက်ရှိ ရောင်နီဦးဝန်း အတွင်း စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဝင်ရောက်...

အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်တွင် ရေထပ်ကြီး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေသည် ယနေ့ (အောက်တိုဘာ ၁)ရက် နံနက် ၈ နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်လာသဖြင့် မြို့ပေါ် ရပ်ကွက်နှင့် လမ်းမပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့ပေါ် တာလော့ ရပ်ကွက်၊ ပုန်းထွန် ရပ်ကွက်၊...

တာချီလိတ်မြို့ ဝင်၊ထွက် စစ်ကော်မရှင် စစ်ဆေးရေးဂိတ် ငွေညှစ်တောင်းခံနေ

0
သျှမ်ပြည် အ‌ရှေ့ပိုင်း တာချီလိတ်မြို့ အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ငွေညှစ် တောင်ခံ နေကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်မှ စပြီး တာချီလိတ်မြို့ အဝင်၊ အထွက်ရှိ မယ်ယန်း စစ်ကော်မရှင် စစ်ဆေးရေး ဂိတ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ငွေညှစ်တောင်းခံနေကြောင်း အသက်...

ထိုင်း-သျှမ်းနယ်စပ် တာချီလိတ်မြို့က တာလော့စျေး ဆိုင်ခန်းစျေးနှုန်း ချသော်လည်း ငှားရမ်းသူမရှိ

0
သျှမ်းပြည်အရှေ့ပိုင်း က တာချီလိတ်မြို့ ရေကြီးရေလျှံမှု မကြာခဏ ကြုံနေရသည့် တာလော့စျေးတွင် ဆိုင်ခန်းပိုင်ရှင်များက ငှားရမ်းခ ချပေးသော်လည်း ငှားရမ်းသူမရှိကြောင်း ဒေသခံ စျေးသည်များ ပြောပြချက်အရသိရသည်။ ထိုင်း- မြန်မာနယ်စပ်ရှိ တာလော့စျေးတွင် ရေကြီးရေလျှံမှု မကြာခဏကြုံရသဖြင့် စျေးဆိုင်ခန်းငှားခ ၃ ဆနီးပါးကျဆင်းပြီး ငှားရမ်းသူမရှိသည့်အပြင် နဂိုရှိရင်း စျေးသည်များ...