Tuesday, April 30, 2024

တောင်ကြီး ကားဂိတ်များဖွင့်ထားသည့် နေရာ ကိုဗစ် (၃)ဦး တွေ့

Must read

သျှမ်းပြည် တောင်ကြီးမြို့၊ မင်းလမ်းရှိ နေအိမ် နှင့် ကားဂိတ်တွဲဖွင့်ထားသည့် အိမ်တလုံးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း စုံစမ်းသိရသည်။

အဆိုပါ နေအိမ်အာက်ထပ်ကို ကားဂိတ်များကို ငှားရမ်းဖွင့်လှစ်ထားပြီး အပေါ်ထပ်တွင် အိမ်ရှင်မိသားစုဝင်များနေထိုင်သည့်အိမ်ဖြစ်ကြောင်းသိရသည်။

” ကားဂိတ်တွေ အပေါ်မှာနေတဲ့ အသက် ၆၀ အရွယ် အိမ်ရှင် အမျိုးသားက အအေးမိ စဖျားခဲ့တာ၊ ဆေးရုံးသွားပြတော့ စစ်ဆေးချက်အရ ပိုးတွေ့ခဲ့တာ” ဟု အနီးပတ်ဝန်းကျင်နေ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါအိမ်တွင် ဖွင့်လှစ်ထားသော ဆိုင်ခန်းများ၊ ကားဂိတ်များ အားလုံးအချိန်အတိုင်းအတာ တစ်ခုထိ ခေတ္တပိတ်ထားမည်ဖြစ်ပြီး တစ်ဝန်းလုံးရှိသူများက ကိုဗစ် – ၁၉ ရှိ/ မရှိ စစ်ဆေးရမည်ဟု ညွှန်ကြားထား ကြောင်းလည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article