Sunday, May 19, 2024

အင်းလေးဒေသ

အင်းလေး စစ်ဆေးရေးဂိတ်စောင့် စစ်ကောင်စီ တပ်သား အမျိုးသမီးများကို ကိုယ်ထိလက်ရောက် ပြုလုပ်

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များမှ တပ်သားများ သည် အမျိုးသမီးများကို ကိုယ်ထိလက်ရောက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ အင်းလေးဒေသ အနောက်ဘက်ခြမ်း ဘုရားနီကျေးရွာ နှင့် သန်းတောင်ကျေးရွာကြား စစ်ကောင်စီ နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့၏ ထိတွေ့တိုက်ပွဲအပြီး၌ စစ်ဆေးမှုများလည်း တင်းကြပ်လာပြီး...

အင်းလေးဒေသတွင် စစ်ကောင်စီ နှင့် PNO တို့ပူးပေါင်းပြီး ဒေသခံများထံ ဆက်ကြေးကောက်

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေး အနောက်ဘက်ခြမ်းရှိ အင်းတိမ်ရွာ ဒေသခံများကို စစ်ကောင်စီတပ်ဖွဲ့ နှင့် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) တို့ ပူးပေါင်းပြီး ဆက်ကြေးကောက်ခံ ခဲ့ကြောင်း စုံစမ်း သိရှိရသည်။ အင်းလေးဒေသ အနောက်ဘက်ခြမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် သျှမ်းတောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့...

အင်းလေးဒေသခံ ၅ ဦးကို စစ်ကောင်စီက ပေါ်တာဆွဲ

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသခံ ၅ ဦးကို စစ်ကောင်စီက ပေါ်တာဆွဲ ခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီနှင့် သျှမ်းတောင် PDF တို့သည် အင်းလေးကန် အနောက်ဘက်ခြမ်း ဘုရားအနီးကျေးရွာနှင့် သန်းတောင်ကျေးရွာကြားတွင်...

တိုက်ပွဲကြား အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ IPDF တပ်ရင်းမှူး အပါဝင် (၄) ဦး ကျဆုံး ၃ ဦး ဖမ်းဆီးခံထားရ

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးအနောက်ဘက်ခြမ်း ဘုရားနီကျေးရွာ နှင့် သန်းထောင်ရွာကြားတွင် စစ်ကောင်စီ နှင့် အင်းလေး IPDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး IPDF တပ်ရင်း ၁၀၀၉ တပ်ရင်းမှူး အပါဝင် (၄) ဦး ကျဆုံးခဲ့ကာ ၃ ဦး ဖမ်းဆီးခံထားရကြောင်း...

အင်းလေးမှာ စစ်ကောင်စီ မှ ပြည်သူ့စစ် ထဲဝင်ရန် လိုက်လံစည်းရုံးနေ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင်းရှိ ပြည်သူများထံ ပြည်သူ့စစ်ထဲဝင်ရန် စစ်ကောင်စီ လက်အောက်ခံများက လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရှိရသည်။ ယခု အောက်တိုဘာလ ပထမပတ် မှစတင်ပြီး အင်းလေးဒေသ အင်းပေါခုံကျေးရွာရှိ စစ်ကောင်စီသည် ပြည်သူများကို ပြည်သူ့စစ်ထဲ ဝင်ရန်အတွက် တစ်ယောက်လျှင် ကျပ်ငွေ တစ်သိန်းခွဲ နှင့် ဆန်တစ်အိတ်...

အင်းလေးဒေသ ရာသီဥတု ဖောက်ပြန်လာမှုကြောင့် စပါးအထွက်နှုန်းကျဆင်းလာ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်းတွင် စပါးစိုက်ပျိုးချိန် မိုးရွာသွန်းမှု မမှန်သည့် အပြင် ပုံမှန်ထက်လွန်ကဲလာသည့် ရာသီဥတုအပြောင်းအလဲများကြောင့် စပါးအထွက်နှုန်း ကျဆင်းလာကြောင်း သတင်းသိရသည်။ ယခုနှစ်အတွင်းတွင် စပါးစိုက်ပျိုးသည့် အင်းလေးဒေသမှ လယ်သမားများအနေဖြင့် စပါးစတင်သည့်အချိန်တွင် မိုးမမှန်သည့်အတွက် စပါးပင်သန်ရန်အဖို့ ဓါတ်မြေသြဇာများ ပိုမိုအသုံးပြုခဲ့ရသဖြင့် ကုန်ကျစရိတ်များသော်လည်း လက်ရှိတွင် မိုးများကာ စပါးပင်များ...

အင်းလေးဒေသမှ စစ်တပ်သတင်းပေးနှစ်ဦး အသတ်ခံရ ဟုဆို

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ စစ်ကောင်စီ သတင်းပေးဟု နာမည်ထွက်နေသည့် ဒေသခံအမျိုးသားနှစ်ဦး အသတ်ခံရပြီးနောက် စစ်ကောင်စီတို့က အင်အားဖြည့်တင်းကာ စစ်ဆေးမှုများ တင်းကျပ်စွာ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ မေလ ၉ ရက်တွင် ညောင်ရွှေမြို့နယ် သန်းထောင်ဈေးအတွင်း ဈေးရောင်းနေသည့် စစ်တပ်သတင်းပေး ဒလန်ဖြစ်သူ နှင့် သားမက်ဖြစ်သူတို့သည် အမည်မသိလူတစ်စုတို့၏...

အင်းလေးဒေသတွင် ကိုဗစ်လူနာများလာပြီး ကာကွယ်ရေးသုံးပစ္စည်း ပြတ်လုနီးပါးဖြစ်

သျှမ်းတောင် ညောင်ရွှေမြို့နယ်ရှိ အင်းလေးဒေသတွင် ကိုဗစ်ကူးစက်ခံရသည့် လူနာ မြင့်တက်နေပြီး သေဆုံးသူ(၃၀)နီးပါးရှိနေကြောင်း၊ ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများလည်း ခက်ခဲနေကြောင်း စုံစမ်း သိရသည်။ ကိုဗစ်လူနာများလာသည့်အတွက် သယ်ယူပို့ဆောင်ရာမှာ ခက်ခဲ့သည့်အပြင် ကာကွယ်ရေးသုံးပစ္စည်းများလည်း နည်းပါးနေကြောင်း အင်းလေးဒေသ လူမှုရေး အသင်းဝင်များက ပြောသည်။ “ငွေအား လူအားတွေ အားနည်းတာပေါ့၊ ခုဆို ကိုဗစ်ကာကွယ်ရေးသုံး ပစ္စည်းတွေလည်း...

RDT Test Kit ရလဒ် ရာနှုန်းပြည့်မမှန်ကန်

သျှမ်းပြည်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာနှင့် ထိတွေ့မိသူများ၊ ကိုဗစ်လက္ခဏာပြသည့် သံသယလူနာများ၊ ခရီးသွားရာဇဝင်ရှိသူများကို လတ်တလောတွင် RDT test kit ဖြင့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ RDT test kit ဖြင့် စစ်ဆေးရာတွင် ရလဒ်အား (၁၀၀%) အမှန်သတ်မှတ်လို့မရနိုင်သည့်အတွက် ပြည်သူများ အနေဖြင့်...

အင်းလေးဒေသတွင် Q Center ထပ်ဖွင့်လှစ်ရန် လိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရသူ ပိုမိုများပြားလာပြီး Quarantine Center ထပ်မံဖွင့်လှစ်ရန် လိုအပ်နေကြောင်း စုံစမ်းသိရသည်။ “ကိုဗစ်အတည်ပြုလူနာတွေကို ညောင်ရွှေပြည်သူ့ဆေးရုံ၊ စံကားပြည်သူ့ဆေးရုံ၊ နန်းပန်ပြည်သူ့ဆေးရုံနဲ့ ဟဲယာရွာမတိုက်နယ်ပြည်သူ့ဆေးရုံတွေမှာ ဆေးကုသပေးနေတယ်၊ ထိတွေ့တဲ့သူတွေအတွက် Q Center ထပ်လိုနေသေးတယ်” လို့...

Latest news