Tuesday, January 27, 2026

ညောင်ရွှေမြို့နယ် အင်းလေးထဲ စက်သုံးဆီ ကန့်သတ်ရောင်း စက်လှေသမားများ အခက်ကြုံ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စက်သုံးဆီကို အကန့်အသတ်ဖြင့် ရောင်းချပေးနေသဖြင့် စက်လှေသမားများ အခက်ကြုံနေကြောင်း သတင်းရရှိသည်။

‌ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပြီးခဲ့သည့် ၂၀၂၄ အောက်တိုဘာလမှ စတင်ပြီး စက်သုံးဆီ ဒီဇယ်များကို အကန့်အသတ်ဖြင့်သာ ရောင်းချနေပြီး ကန့်သတ်မှုထက် ပိုသုံးလိုလျှင် ငွေပိုပေးရကြောင်း စက်လှေသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အင်းလေးဒေသ

“စက်သုံးဆီတွေ ဝယ်ရတာလည်း အခက်အခဲဖြစ်တယ်။ တစ်ယောက်ကို ၂ သောင်းနဲ့ပဲ ရောင်းပေးတာ။ ၂ သောင်းကျော်သွားရင် ဒီဇယ်တစ်လီတာကို ၃ ထောင်ဝန်းကျင်နဲ့ ပြန်ရောင်းတာ။ တခါတလေ မရောင်းပေးရင်တော့ အပြင်မှာ တစ်ဂါလန် ၁သောင်းခွဲလောက်နဲ့ ဝယ်ရတာ။ စက်လှေသမားတွေအတွက် ဒီဇယ်ဝယ်ရတာ ခက်ခဲတယ်၊ တစ်ကြောင်းသွားရင် တခါတလေ ၂ သောင်း ကျပ်ဆို မလောက်ဘူးလေ”ဟု စက်လှေသမားတစ်ဦးက ပြောသည်။

ညောင်‌ရွှေမြို့နယ်တွင် စက်သုံးဆီ ဒီဇယ် တစ်လီတာလျှင် ၂၆၀၀ ကျပ်ခန့် ပေးဝယ်ရပြီး ပြင်ပတွင် ပြန်လည်ရောင်းချသည့် ဈေးနှုန်းသည် တစ်လီတာလျှင် ၃ ထောင်ကျပ်ထိ ပေးဝယ်နေရကြောင်း သိရသည်။

အင်းလေးဒေသသည် စက်လှေကိုသာ အသုံးပြုနေရသဖြင့် စက်သုံးဆီကို ကန့်သတ်ရောင်းချလျှင် ပြည်သူများ စားဝတ်နေရေး ပိုမိုကြပ်တည်းလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ယခုနောက်ပိုင်း သဘာဝပတ်ဝန်းကျင် ပျက်စီးမှုသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလာသဖြင့် အင်းလေးဒေသသည် မိုးရာသီတွင် နေအိမ်ရေလွှမ်းမိုးမှု၊ ရေကြီးရေလျှံမှု ကြုံတွေ့ရပြီး၊ နွေရာသီတွင် ရေခမ်းခြောက်မှု ပြဿနာ ရင်ဆိုင်နေရကြောင်း အင်းလေးဒေသခံများက ပြောဆိုသည်။

အင်းလေး ရေခမ်းမှု စတင်

ထိုအခက်အခဲများကြား ယခုနှစ်အတွင်း အင်းလေးဒေသတွင် ရေပေါ်သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု စစ်ကောင်စီ၏ သျှမ်းပြည် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာမှ ပြီးခဲ့သည့် မတ်လ (၁၇)ရက်တွင် ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေမြို့နယ် ကျေးရွာများတွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများကြောင့် မဲရုံစောသွားရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့များမှ ကျေးရွာအတွင်း လှည့်ပတ်စစ်ဆေးမှုကြောင့် ဒေသခံများ နံနက် ၅ နာရီခန့်တွင် စတင်မဲပေးခဲ့ရကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ညောင်ရွှေ၊ ပင်လောင်း၊...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...