အင်းလေးတွေ ကျေးရွာအများအပြား ရိက္ခာပြတ်လပ် အကူညီလိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်း ရေမြင့်တက်မှု ဆိုးဝါးနေပြီး လက်ရှိတွင် အင်းလေးကန်အတွင်းရှိကျေးရွာများတွင် ရိက္ခာများပြတ်လပ်နေပြီး အကူအညီများစွာလိုအပ်နေကြောင်း ဒေသခံများထံမှသိရသည်။

ယနေ့ (စက်တင်ဘာလ ၁၆) အင်းလေးကန်တွင်းရှိကျေးရွာများတွင် ရိက္ခာများပြတ်လပ်နေပြီး စားနှပ်ရိက္ခာ အကူအညီများစွာ လိုအပ်နေကြောင်း အင်းပေါခုံကျေးရွာတွင်နေထိုင်သည့် အသက် ၂၀ကျော် အရွယ်ရှိ လူငယ်တစ်ဉီးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“၃ ရက်တွင်း ရေက ၁၁ ပေလောက်တက်၊ တစ်ထပ်အိမ်ဆို လုံးဝ အမြှုပ်ပဲ၊ ခုအကုန် ရိက္ခာပြတ်နေတာ ပိုက်ဆံရှိရင်တောင် ဘာမှဝယ်ဖို့မရှိဘူး၊ ကုန်စုံဆိုင်တွေလည်း အကုန်မြှုပ်ပြီးပစ္စည်းတွေအကုန်မျောပါသွားပြီ၊ ခုတချို့ဆို ခရမ်းချဉ်သီးပဲစားနေရတာတောင်ရှိတယ်” ဟု ၎င်းက ပြောသည်။

အင်းလေးဒေသအတွင်း ရေတက်ချိန် အလွန်မြန်ဆန်ပြီး စပါး၊ ကုန်ပစ္စည်းများ၊ ရက်ကန်းစင်များ၊ ရွှေ့ပြောင်းချိန်ပင်မရလိုက်ကြောင်း ၎င်းကဆိုသည်။

“ဒီလောက်ရေတက်မြန်မယ်မှန်းမသိတော့ ဘယ်သူမှ ပြင်ဆင်ချိန်မရလိုက်ဘူး၊ ဒီမှာက နှစ်ထပ်ရှိရင် အောက်ထပ်မှာ ယက်ကန်းစင်ထားတယ်၊ တချို့က စပါးတွေရိတ်ပြီး လှောင်ထားကြတယ်၊ ခု ယက်ကန်းစင်တွေ အကုန်ပျက်၊ စပါးတွေအကုန်မျော၊ ခရမ်းချဉ်သီးခင်းတွေလည်း အကုန်မျောသွားတာ” ဟု ခရမ်းချဉ်သီးစိုက်ပျိုးသည့် အမျိုးသားတစ်ဉီးက ထပ်လောင်းပြောသည်။

လက်ရှိတွင် အင်းလေးဒေသသို့ လာရောက်ကူညီသူများရှိသော်လည်း ကမ်းစပ်ရွာများတွင်သာလှူဒါန်းကြကြောင်း အင်းအတွင်းထဲရှိကျေးရွာများသို့ လာရောက်လှူဒါန်းပေးနိုင်ရန်လည်း မျှော်လင့်ကြောင်း ၎င်းအမျိုးသားက ပြောသည်။

ထို့အပြင် အင်းလေးကန်သည် ရေတက်ပြီးလျှင် ရေပြန်ကျရန် ၂ လမှ ၃ လခန့် အထိကြာမြင့်သောကြောင့် အင်းလေး ဒေသခံများမှာ ပို၍ကြပ်တည်းလာနိုင်ကြောင်း စက်လှေမောင်းလုပ်ကိုင်သူတစ်ဉီးက ပြောသည်။

အင်းလေးဒေသ နေအိမ်ရေမြှုပ်

“အင်းထဲမှာက ရေတက်ပြီးရင် သီတင်းကျွတ်ပြီးမှပဲရေပြန်ကျတာ၊ နှစ်တိုင်းအဲ့လိုပဲ ကျရင်လည်း ၃ လက်မ ၄ လက်မလောက်ပဲကျတာ၊ ပြီးတော့ ခုသွားဖို့လာဖို့တောင်ခက်နေပြီ စက်လှေတွေပါ မျောတဲ့အထဲပါသွားတာ၊ ဘယ်ရောက်သွားလဲတောင်မသိတော့ဘူး တချို့က အိမ်အောက်မှာထားတော့ စက်တွေပါမြုပ်သွားတာ” ဟု စက်လှေမောင်းလုပ်ငန်းလုပ်ကိုင်သည့် ဒေသခံတစ်ဦးကပြောသည်။

အလားတူ ညောင်ရွှေမြို့ပေါ်တွင်လည်း မြို့တဝက်ခန့် ရေနှစ်မြုပ်ခဲ့ပြီး ခရမ်းချဉ်သီးပွဲရုံများတွင် ခရမ်းချဉ်သီး ပိဿာထောင်နှင့်ချီ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

အင်းလေးကန်တွင်းသို့ စီးဝင်နေသည့် ရေလမ်းကြောင်းများစွာရှိပြီး အင်းလေးကန်မှ ရေပြန်ထွက်ရန် ဘီလူးချောင်း မိုးဗြဲရေကာတာ တစ်ခုသာရှိသောကြောင့် မိုးဗြဲရေကာတာဖွင့်ချလိုက်လျှင် ကရင်နီဒေသတွင် ရေကြီးမှုအန္တရာယ််လည်း စိုးရိမ်နေရကြောင်းလည်းသိရသည်။

အင်းလေးဒေသတွင် ကျေးရွာအုပ်စု ၃၅ အုပ်စု၊ ကျေးရွာပေါင်း ၄၄၅ ရွာရှိပြီး ထိုအထဲမှ ကျေးရွာ ၁၇၁ ရွာ ရေနစ်မြုပ်နေခြင်းဖြစ်သည်။

အင်းလေးဒေသ နေအိမ်ရေမြှုပ်

လက်ရှိတွင် ဖုန်လိုင်းမရခြင်း၊ လျှပ်စစ်မီးမရခြင်းကြောင့် ဆက်သွယ်ရန်နှင့် ချက်ပြုတ်စားသောက်ရန် အခက်အခဲရှိပြီး စားစားစရာများ၊ သောက်သုံးရေ၊ အခြေခံဆေးဝါး၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများ အရေးပေါ် လိုအပ်နေကြောင်း ကူညီပေးနေသူတွေဆီကသိရသည်။

တိုင်ဖွန်းမုန်တိုင်းယာဂီ အရှိန်ကြောင့် မြန်မာနိုင်ငံတဝန်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုကြောင့် နေရာအနှံ့ရေဘေးရှောင်နေရကာ အချို့နေရာများတွင်မြေပြိုမှုများလည်းဖြစ်ပွားနေသည်။

စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုများကြောင့် ကရင်နီပြည်မှ အင်းလေးဒေသသို့ စစ်ဘေးရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူများမှာလည်း စစ်ဘေးအပြင် ရေကြီးမှုကြောင့် အခက်အခဲများစွာကြုံတွေ့လာရပြီး အချို့နေရာများတွင် လူသေဆုံးမှုများပါရှိနေကြောင်းလည်း ကြားသိရသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် နမ့်ပေါင်ဒေသ ရေကြီး လယ်ယာများ ပျက်စီး၊ နေအိမ်ရေနစ်မြှုပ်

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်ကာ လယ်ကွက်များ၊ လမ်းများနှင့် နေအိမ်အချို့အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) ညပိုင်းမှ ယနေ့ (ဩဂုတ်လ ၄ ရက်) နံနက်ပိုင်းအထိ နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက်...

နမ့်ခမ်းမြို့နယ် တပတ်နီးပါး ရေကြီး၊ လယ်ယာ ဧက၁ထောင်နှင့် လူနေအိမ်များရေမြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တစ်ပတ်ခန့်ကြာ ရွှေလီမြစ်ရေကြီးမှုကြုံနေရပြီး ရေမြှုပ်နေသည့် လယ်ယာမြေ ဧက ၁၀၀၀ ကျော်ထက်မနည်းရှိနေကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်မှစပြီး ရွှေလီမြစ်ရေတက်လာမှုကြောင့် ရေကြီးရေလျှံမှုများ ကြုံနေရသည့် နမ့်ခမ်းမြို့သည် ယနေ့( ဇူလိုင်လ ၂၃) ရက်ထိ ရေပြန်မကျသေးကြောင်း...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

အင်းလေးဒေသကို နယ်မြေတိုးချဲ့ရန် အစီအစဉ်မရှိကြောင်း PNO ပြော

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန်နှင့် နယ်မြေတိုးချဲ့ရန် အစီအစဉ် လုံးဝမရှိကြောင်း ပအိုဝ်းပြည်သူ့စစ် (PNO) ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အင်းလေးဒေသအား ပအိုဝ်းကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သွတ်သွင်းမည့် ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုအပေါ် PNO ဗဟိုဌာနချုပ်ရုံးက ထုတ်ပြန်လိုက်ခြင်း...

အင်းလေးဒေသ ရေခမ်းခြောက်မှု ယခင်ကထက် ပိုဆိုးလာ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ပြုပြင်ထိန်းသိမ်းမှု မပြုလုပ်နိုင်သဖြင့် ယခင်ကထက် ရေခမ်းခြောက်မှု ပိုမိုဆိုးရွားလာကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်သည် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်မှ စတင်ကာ နုန်းစုပ်စက်ကြီးကို အသုံးပြုနိုင်ခြင်း မရှိသည့်အပြင် နိုင်ငံရေး အပြောင်းအလဲကြောင့် အင်းလေးကန် ရှင်းလင်းမှု ရပ်တန့်ခဲ့သည်။ ထို့ကြောင့် အင်းလေးကန်ကို ၁၀ နှစ်ကျော်ကြာ...