သေဆုံး
ကွတ်ခိုင် မီးလောင်မှု လူမှုရေးလှုပ်ရှားသူလူငယ်တဦးအပါအဝင် ၂ ဦးသေဆုံး
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ဖုန်းဆိုင် မီးလောင်မှု ဖြစ်ပွားကာ လူ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။ မေလ ၇ ရက်နေ့မနက်ပိုင်းက သျှမ်းပြည် မြောက်ပိုင်း လားရှိုး - မူဆယ် ပြည်ထောင်စု လမ်းမပေါ် ရပ်ကွက် ၅ ဘုန်းကြီးကျောင်းလမ်းဒေါင့် စျေးအနီးရှိ...
ကျောက်မီးသွေးတွင်းတွင် အောက်စီဂျင်ပြတ်၍ လူ ၃ ဦးသေဆုံး
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ နောင်ရဲကျေးရွာအုပ်စု၊ လွိုင်လုံ တောင်အရှေ့ဖက် ရှိကျောက် မီးသွေးတွင်း၌ မိုင်းတွင်း အလုပ်သမားများ အောက်ဆီဂျင်ပြတ်ကာ ၃ ဦး သေဆုံးကြောင်းသိရသည်။ ဧပြီလ ၅ ရက်နေ့က သေဆုံးမှုဖြစ်ခဲ့ခြင်းဖြစ်ပြီး ၄င်းတို့၏ အလောင်းများအား ဧပြီလ ၆ ရက်နေ့က ဆွေမျိုးမိဘများက အသုဘချ...
နမ္မတူမြို့အတွင်းတိုက်ပွဲကြောင့် ရွာသား တဦး ကျည်စထိမှန် သေဆုံး
သျှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းမုကျေးရွာအနီးတွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အကြား တိုက်ပွဲဖြစ်ပွားကာ အမျိုးသားတဦး ကျည်ထိမှန်သေဆုံးသွားကြောင်း သတင်းရရှိသည်။ အဆိုပါတိုက်ပွဲသည် မတ် ၂၂ ရက်မှ စတင်ဖြစ်ပွါးကာ ယမန်နေ့ မတ် ၂၃ ရက်ထိ မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့ဝင်နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ...
သီပေါကကျေးလက်ရွာသူကြီး မိုင်းနင်းမိသေဆုံး နောက်လိုက်ရွာသား ၂ ဦးဒဏ်ရာရ
RCSS နှင့် SSPP ကြား နယ်မြေအငြင်းပွားမှု၊ စစ်ရေးပဋိပက္ခ ဖြစ်ပွားမှုတွေကြောင့် သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့ တောင်ဘက် ရှိကျေးရွာတရွာမှ ကျေးရွာသူကြီးတဦး မိုင်းနင်းမိသေဆုံးပြီး နောက်လိုက်ရွာသား နှစ်ဦး ထိခိုက်ဒဏ်ရာရကာ လားရှိုးဆေးရုံသို့ ပို့ဆောင်ကုသရသည်ဟု သတင်းရရှိသည်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညပိုင်းက သီပေါမြို့နယ် နောင်ကော်အုပ်စု နမ့်မော်လုံရွာနေ...
စစ်ဘေးရှောင်နေစဉ်ရွာသားတဦး မတော်တဆထိခိုက်မှုကြောင့် သေဆုံး
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း တိုက်ပွဲကြောင့် စစ်ဘေးရှောင်သည့်ဒေသခံတဦး မတော်တဆထိခိုက်မှုဖြစ်ပွါးကာ သေဆုံးခဲ့မှုဖြစ်ပွါးခဲ့သည်။ ဇန်နဝါရီလ ၁၄ ရက်ညပိုင်းက သီပေါမြို့နယ်ခိုင်းဟျိုးရွာအနီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ခိုင်းဟျိုးရွာသားများ ဘုန်းကြီးကျောင်းသို့ ခိုလှုံရန်နေအိမ်မှထွက်ပြေးကြရာ ဒေသခံရွာသား တဦး မောင်းနှင်လာသော ဆိုင်ကယ်တစီး သစ်ပင်နှင့်တိုက်မိကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ နားမခေါ်ဘုန်းကြီးကျောင်းရောက် ခိုင်းဟျိုးရွာသားတဦးက - “ည ၈ နာရီအချိန်...
သျှမ်းပြည်နယ် အတွင်း ဆုံဆို့နာကူးစက်မှုကြောင့် ကလေးငယ်သေဆုံးမှုများရှိ
သျှမ်းပြည်မြောက်ပိုင်းတွင် လတ်တလော ဆုံဆို့နာရောဂါ ဖြစ်ပွားပြီး ကူးစက်ပျံ့ပွါးမှုရှိခဲ့ရာ အသက် ၁၅ နှစ်အောက်ကလေးများ သေဆုံးမှုများရှိနေသည် ဟု သတင်းရရှိသည်။ ဆုံဆို့နာ ဖြစ်သွားသည့် ဒေသများမှာ သျှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း အစပ်ဖြစ်သည့် ကျေးရွာများ တွင်နေထိုင်ကြသည့် လူထုများဖြစ်ကြောင်း၊ ဆုံဆို့နာ ကြောင့် ကလေး သေဆုံးမှုများဖြစ်ပွားကြောင်း...
ကျောက်မဲတွင် တောင်သူအမျိုးသမီးတဦး မိုင်းထိမိ ဒဏ်ရာရ
သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ မိုင်းငေါ့မြို့နယ်ခွဲ နမ့်တွေ ကျေးရွာ တွင် ယနေ့မနက် ၁၁ နာရီဝန်းကျင်တွင် လက်ဖက်ခြံသို့ သွားရောက်အလုပ်လုပ်သည့် တောင်သူ အမျိုးသမီးတဦး မိုင်းထိမိ ကြောင်းသတင်းရရှိသည်။ ဖြစ်စဉ်မှာ ယနေ့မနက် ၁၁နာရီ ဝန်းကျင်တွင် အသက် ၅၅ နှစ်အရွယ် ဒေါ်သိန်းမြသည် လက်ဖက်ခြံတွင်...
လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းပစ်ခတ်မှုကြောင့် သီပေါမြို့နယ်အတွင်းကျေးလက်ရွာသားများသေကြေဒဏ်ရာရ
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် စယ်ခန်အုပ်စု နားလော့ရွာအတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်နှင့် RCSS/SSA တို့ပစ်ခတ်မှုကြောင့် ရွာသားများသေကြေဒဏ်ရာရမှုရှိခဲ့ကြောင်းသိရသည်။ နို၀င်ဘာလ ၂၃ ရက် မနက် ၆ နာရီ ၂၀ မိနစ်ကစတင်ကာ သီပေါမြို့နယ် တောင်ဘက် မိုင် ၃၀ ခန့်အကွာရှိ နားလော့ရွာအတွင်း ၅ မိနစ်ခန့်အကြာ ပစ်ခတ်မှုဖြစ်ပွါးခဲ့သဖြင့်...
သျှမ်းတပ်အားထိုးစစ်ဆင်မှုတွင် ကျန်ခဲ့သည့် ဗုံးတလုံး ကလေးယူဆော့ပေါက်ကွဲ ၁ ဦးသေ ၄ ဦးဒဏ်ရာရ
သျှမ်းပြည်တပ်မတော် SSPP/SSA အား ၂၀၁၄ ခုနှစ်က အစိုးရတပ်မတော်မှ ထိုးစစ်ဆင်ချိန်တွင် ကျန်ခဲ့သည့် ဗုံးဟောင်းတလုံးအား ကျောင်းသူကျောင်းသားကလေးများ ယူဆော့ရာမှ ပေါက်ကွဲမှုဖြစ်ပွါးရာ ၆ တန်းကျောင်းသူ တဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိသည်ဟု သိရသည်။ အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ကျေးသီးမြို့နယ်...
မူစယ် – ပန်ဆိုင်း လမ်းပေါ် ချိန်ကိုက်မိုင်းပေါက်ကွဲ အမျိုးသမီးတဦးသေ၊ တဦး ဒဏ်ရာရ
သျှမ်းပြည်နယ် မြောက်ပိုင်း မူစယ်မြို့နယ် နမ့်တောင်းကျေးရွာ နှင့် ပန်ဆိုင်းမြို့အကြား ပြည်ထောင် စုလမ်းမ ပေါ်တွင် ဒေသခံအမျိုးသမီး ၂ ဦး မိုင်းနင်းမိကာ သေကြေဒဏ်ရာရမှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။ စက်တင်ဘာလ ၁၉ ရက် ညနေ ၃ နာရီက မူစယ်မြို့နယ် နမ့်တောင်းဒေသခံ အမျိုးသမီး ၂ ဦးသည်...





