မူစယ် – ပန်ဆိုင်း လမ်းပေါ် ချိန်ကိုက်မိုင်းပေါက်ကွဲ အမျိုးသမီးတဦးသေ၊ တဦး ဒဏ်ရာရ

သျှမ်းပြည်နယ် မြောက်ပိုင်း မူစယ်မြို့နယ် နမ့်တောင်းကျေးရွာ နှင့် ပန်ဆိုင်းမြို့အကြား ပြည်ထောင် စုလမ်းမ ပေါ်တွင် ဒေသခံအမျိုးသမီး ၂ ဦး မိုင်းနင်းမိကာ သေကြေဒဏ်ရာရမှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။

Photo By အယ်လ်စိုး(Muse) / မိုင်းစထိမှန်သည့်အမျိုးသမီးအား နာရေးကူညီမှုအသင်းမှ ကူညီကယ်ဆယ်မှုပြုနေစဉ်

စက်တင်ဘာလ ၁၉ ရက် ညနေ ၃ နာရီက မူစယ်မြို့နယ် နမ့်တောင်းဒေသခံ အမျိုးသမီး ၂ ဦးသည် ပန်ဆိုင်းစျေးမှအပြန် ပြည်ထောင်စုလမ်းမပေါ်ရှိ ဖုန်းတိုင်အနီးအရောက် အဆိုပါမိုင်းပေါက်ကွဲသဖြင့် မိုင်းစထိမှန်ကာ တဦးမှာဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံအသွားလမ်းတွင် သေဆုံးသွား ခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် မိုင်းစထိမှန်သည့်အမျိုးသမီး ၂ ဦးမှာ အသက် ၅၉ နှစ်အရွယ် ဒေါ်လွန်ထုနှင့် အသက် ၂၀ ကျော်အရွယ် မအားနာ တို့ဖြစ်ကြောင်းသိရသည်။

“ ဒေါ်လွန်ထုက ဦးခေါင်းမှာ မိုင်းစထိမှန်တယ်။ ဆေးရုံအသွားလမ်းမှာတင် ဆုံးသွားတယ်။ မအားနာ ကတော့ ဘယ်ဘက် ခြေထောက်ကျိုးသွားတယ်။ လည်ပင်းနဲ့ မှေးစေ့မှာ မိုင်းစထိမှန်တယ်။ သူ အခု မူစယ်ဆေးရုံမှာဆေးကုသမှုခံယူနေတယ် ” – ဟု မူစယ်မြို့ လူမှုကူညီရေးအသင်းမှ ကိုဌေး က ပြောသည်။

အဆိုပါ ချိန်ကိုက်မိုင်းသည် မည်သည့်လက်နက်ကိုင် အဖွဲ့မှ လာရောက်ထောင်ထားသည်ကိုတော့ မသိရသေးဘဲ စုံစမ်းနေဆဲ ဖြစ်ကြောင်း မူစယ်မြို့ ရဲစခန်း မှတာဝန်ကျရဲ ကပြောသည်။

နယ်စပ်မြို့တော် မူစယ်မြို့သည် စီးပွားရေးမြို့ဖြစ်သည့်အားလျော်စွာ ပြည်သူ့စစ်တပ်ဖွဲ့များ နှင့် အစိုးရ ရဲဌာန နှင့် အစိုးရစစ်တပ်မတော် တပ်ရင်းများ အများအပြားရှိသော်လည်း လုယက်မှု ၊ ပေါက်ကွဲမှု ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားသည့် မြို့ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

ထိုင်းနိုင်ငံ နွန်ထဘူရီကျောင်းပစ်ခတ်ခံရ ကျောင်းသားအပါအဝင် (၅)ဉီးသေဆုံး

0
ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ယနေ့ (သြဂုတ်လ ၇ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သော သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ်တွင် ကျောင်းသားအပါအဝင် ၅ ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများ အရ သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရဌာနပေါင်းစုံမှ ဝန်ကြီးများနှင့်...

ဟိုပုံး – ကျောက်တန်း – ပင်လုံလမ်း ဘုရားဖူးယာဉ်တစ်စီး ချောက်ထဲကျ ၆ ဦး သေဆုံး

0
သျှမ်းပြည် တောင်ပိုင်း ဟိုပုံး - ကျောက်တန်း - ပင်လုံလမ်းတွင် ဘုရားဖူးယာဉ်တစ်စီး ချောက်ထဲကျပြီး အမျိုးသမီး ၅ ဦး နှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၈ ရက်) ညနေ ၄ နာရီ...

ပင်လောင်းမြို့ ပေါင်းလောင်းတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံး၊ နှစ်ဦး အပြင်းထန်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့သစ် သပြေကုန်းအုပ်စု ဧဒင်ကျေးရွာတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံးပြီး၊ နှစ်ဦးအပြင်းထန် ဒဏ်ရာရှိသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ( ဩဂုလတ် ၂၇) ရက် နံနက် ၂ နာရီ လူအိပ်ချိန်တွင် ရုတ်တရက် တောင်ပြိုပြီး တောင်ကျရေနှင့်အတူ ကျောက်တုံး၊...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...