စစ်ဘေးရှောင်နေစဉ်ရွာသားတဦး မတော်တဆထိခိုက်မှုကြောင့် သေဆုံး

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း တိုက်ပွဲကြောင့် စစ်ဘေးရှောင်သည့်ဒေသခံတဦး မတော်တဆထိခိုက်မှုဖြစ်ပွါးကာ သေဆုံးခဲ့မှုဖြစ်ပွါးခဲ့သည်။

Photo by Shar Htat Paing/ ခိုင်းဟျိုးရွာဘုန်းကြီးကျောင်းရှိ လူနာ စိုင်းလွှတ် အား နယ်စည်းမခြားပရဟိတအဖွဲ့သားများက သီပေါဆေးရုံသို့ ကူညီသယ်ဆောင်နေစဉ်

ဇန်နဝါရီလ ၁၄ ရက်ညပိုင်းက သီပေါမြို့နယ်ခိုင်းဟျိုးရွာအနီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ခိုင်းဟျိုးရွာသားများ ဘုန်းကြီးကျောင်းသို့ ခိုလှုံရန်နေအိမ်မှထွက်ပြေးကြရာ ဒေသခံရွာသား တဦး မောင်းနှင်လာသော ဆိုင်ကယ်တစီး သစ်ပင်နှင့်တိုက်မိကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

နားမခေါ်ဘုန်းကြီးကျောင်းရောက် ခိုင်းဟျိုးရွာသားတဦးက – “ည ၈ နာရီအချိန် သေနတ်သံထွက်တော့ ကျနော်တို့လည်းလှန့်ပြီးအသီးသီးထွက်ပြေးကြတယ်လေ။ အိုက်လွတ် (အသက် ၄၅ နှစ်) ကဆိုင်ကယ်တစီးနဲ့ထွက်ပြေးတယ်။ ဆိုင်ကယ်မီးလည်းသိပ်မလင်းတော့ ရွာအထွက်မှာဘဲ သစ်ပင်နဲ့တိုက်မိပြီး သူသတိမေ့သွားတာ။ နယ်စည်းမခြားပရဟိတက သူ့ကိုလာယူပြီး သီပေါဆေးရုံကိုပို့တယ်။ အခြေအနေသိပ်မကောင်းလို့ မန္တလေးဆက်ပို့တယ်။ ၁၆ ရက်နေ့ မန္တလေးရောက်တော့ ဆုံးသွားတယ် ”- ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

၁၄ ရက်ညတိုက်ပွဲကြောင့် ခိုင်းဟျိုးဘုန်းကြီးကျောင်းတိုက်တွက် စစ်ဘေးရှောင်လူထု ၈၂ ဦး ခိုလှုံနေခဲ့ရသည်။ လက်ရှိတွင် နားမခေါ်ဘုန်းကြီးကျောင်းတွင်မူ စစ်ဘေးရှောင် ၉၈၂ ဦးရှိနေပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

ထိုင်းနိုင်ငံ နွန်ထဘူရီကျောင်းပစ်ခတ်ခံရ ကျောင်းသားအပါအဝင် (၅)ဉီးသေဆုံး

0
ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ယနေ့ (သြဂုတ်လ ၇ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သော သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ်တွင် ကျောင်းသားအပါအဝင် ၅ ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများ အရ သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရဌာနပေါင်းစုံမှ ဝန်ကြီးများနှင့်...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...

ဆိုင်ကယ်ဆူညံကြောင့် ချင်းမိုင်ရှိ အလုပ်သမား ၁၂ ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Chan Phueak ဈေးအတွင်း အလုပ်လုပ်ကိုင်နေသည့် သျှမ်း (တိုင်ယိုင်) အလုပ်သမား ၁၂ ဦးကို အများပြည်သူအား စိတ်အနှောင့်အယှက်ဖြစ်စေမှုနှင့် အလုပ်သမားဥပဒေ ဖောက်ဖျက်မှုတို့ဖြင့် ဧပြီလ ၈ ရက်နေ့က အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ Chan Phueak ဈေးအတွင်း...