ကျောက်မီးသွေးတွင်းတွင် အောက်စီဂျင်ပြတ်၍ လူ ၃ ဦးသေဆုံး

သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ နောင်ရဲကျေးရွာအုပ်စု၊ လွိုင်လုံ တောင်အရှေ့ဖက် ရှိကျောက် မီးသွေးတွင်း၌ မိုင်းတွင်း အလုပ်သမားများ အောက်ဆီဂျင်ပြတ်ကာ ၃ ဦး သေဆုံးကြောင်းသိရသည်။

Photo by SHAN- သေဆုံးသူများ၏အလောင်းများအား အသုဘချရန် ဆွေမျိုးမိဘများကလိုက်ပါပို့ဆောင်နေကြစဉ်
Photo by SHAN- သေဆုံးသူများ၏အလောင်းများအား အသုဘချရန် ဆွေမျိုးမိဘများကလိုက်ပါပို့ဆောင်နေကြစဉ်

ဧပြီလ ၅ ရက်နေ့က သေဆုံးမှုဖြစ်ခဲ့ခြင်းဖြစ်ပြီး ၄င်းတို့၏ အလောင်းများအား ဧပြီလ ၆ ရက်နေ့က ဆွေမျိုးမိဘများက အသုဘချ ပေးခဲ့ကြောင်းလည်းသိရသည်။

“ ဖြစ်သွားတာကတော့ တပြုသားမိုင်းနင်းကျောက်မီးသွေးတွင်း မှာပေါ့ ။ အနက်ကပေ ၃၀ ၊ ဂလိုင်က ၁၅ ပေ အောက်ဆီဂျင်ပြတ်တဲ့ အချိန်မှာသူတို့ဝင်သွားတာလို့သိရတယ်။ ကုမ္ပဏီတာဝန် ယူပေးတာက အသက်နစ်နာဆုံးရှုံးကြေးကတော့ ကြားပွဲစားမပါဘဲနဲ့ တစ်ဦးကိုသိန်း (၃၀) စီ သက်ဆိုင်ရာမိသားစုတွေ ကြေအေးလွှာထိုးပေးခဲ့ပါတယ် ” ဟု နောင်ရဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်ဆန်းသိန်း ကပြောသည် ။

Photo by SHAN- သေဆုံးသူများ၏အလောင်းများအား အသုဘချရန် ဆွေမျိုးမိဘများကလိုက်ပါပို့ဆောင်နေကြစဉ်
Photo by SHAN- သေဆုံးသူများ၏အလောင်းများအား အသုဘချရန် ဆွေမျိုးမိဘများကလိုက်ပါပို့ဆောင်နေကြစဉ်

သေဆုံးသူများမှာ အသက် ဦးမောင်ဆန်း အသက် (၄၂) နှစ် နှင့် ညီအစ်ကို နှစ်ဦးဖြစ်သည့် မောင်ဝင်းဦး(၁၈) နှစ် ၊ မောင်တင်ဇော်(၂၀)နှစ် တို့ဖြစ်ကြကြောင်း ၄င်းထံမှ ဆက်လက်သိရ ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

ထိုင်းနိုင်ငံ နွန်ထဘူရီကျောင်းပစ်ခတ်ခံရ ကျောင်းသားအပါအဝင် (၅)ဉီးသေဆုံး

0
ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ယနေ့ (သြဂုတ်လ ၇ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သော သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ်တွင် ကျောင်းသားအပါအဝင် ၅ ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများ အရ သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရဌာနပေါင်းစုံမှ ဝန်ကြီးများနှင့်...

ဟိုပုံး – ကျောက်တန်း – ပင်လုံလမ်း ဘုရားဖူးယာဉ်တစ်စီး ချောက်ထဲကျ ၆ ဦး သေဆုံး

0
သျှမ်းပြည် တောင်ပိုင်း ဟိုပုံး - ကျောက်တန်း - ပင်လုံလမ်းတွင် ဘုရားဖူးယာဉ်တစ်စီး ချောက်ထဲကျပြီး အမျိုးသမီး ၅ ဦး နှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၈ ရက်) ညနေ ၄ နာရီ...

ပင်လောင်းမြို့ ပေါင်းလောင်းတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံး၊ နှစ်ဦး အပြင်းထန်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့သစ် သပြေကုန်းအုပ်စု ဧဒင်ကျေးရွာတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံးပြီး၊ နှစ်ဦးအပြင်းထန် ဒဏ်ရာရှိသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ( ဩဂုလတ် ၂၇) ရက် နံနက် ၂ နာရီ လူအိပ်ချိန်တွင် ရုတ်တရက် တောင်ပြိုပြီး တောင်ကျရေနှင့်အတူ ကျောက်တုံး၊...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...