Wednesday, January 28, 2026

ကျောက်မီးသွေးတွင်းတွင် အောက်စီဂျင်ပြတ်၍ လူ ၃ ဦးသေဆုံး

သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ နောင်ရဲကျေးရွာအုပ်စု၊ လွိုင်လုံ တောင်အရှေ့ဖက် ရှိကျောက် မီးသွေးတွင်း၌ မိုင်းတွင်း အလုပ်သမားများ အောက်ဆီဂျင်ပြတ်ကာ ၃ ဦး သေဆုံးကြောင်းသိရသည်။

Photo by SHAN- သေဆုံးသူများ၏အလောင်းများအား အသုဘချရန် ဆွေမျိုးမိဘများကလိုက်ပါပို့ဆောင်နေကြစဉ်
Photo by SHAN- သေဆုံးသူများ၏အလောင်းများအား အသုဘချရန် ဆွေမျိုးမိဘများကလိုက်ပါပို့ဆောင်နေကြစဉ်

ဧပြီလ ၅ ရက်နေ့က သေဆုံးမှုဖြစ်ခဲ့ခြင်းဖြစ်ပြီး ၄င်းတို့၏ အလောင်းများအား ဧပြီလ ၆ ရက်နေ့က ဆွေမျိုးမိဘများက အသုဘချ ပေးခဲ့ကြောင်းလည်းသိရသည်။

“ ဖြစ်သွားတာကတော့ တပြုသားမိုင်းနင်းကျောက်မီးသွေးတွင်း မှာပေါ့ ။ အနက်ကပေ ၃၀ ၊ ဂလိုင်က ၁၅ ပေ အောက်ဆီဂျင်ပြတ်တဲ့ အချိန်မှာသူတို့ဝင်သွားတာလို့သိရတယ်။ ကုမ္ပဏီတာဝန် ယူပေးတာက အသက်နစ်နာဆုံးရှုံးကြေးကတော့ ကြားပွဲစားမပါဘဲနဲ့ တစ်ဦးကိုသိန်း (၃၀) စီ သက်ဆိုင်ရာမိသားစုတွေ ကြေအေးလွှာထိုးပေးခဲ့ပါတယ် ” ဟု နောင်ရဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်ဆန်းသိန်း ကပြောသည် ။

Photo by SHAN- သေဆုံးသူများ၏အလောင်းများအား အသုဘချရန် ဆွေမျိုးမိဘများကလိုက်ပါပို့ဆောင်နေကြစဉ်
Photo by SHAN- သေဆုံးသူများ၏အလောင်းများအား အသုဘချရန် ဆွေမျိုးမိဘများကလိုက်ပါပို့ဆောင်နေကြစဉ်

သေဆုံးသူများမှာ အသက် ဦးမောင်ဆန်း အသက် (၄၂) နှစ် နှင့် ညီအစ်ကို နှစ်ဦးဖြစ်သည့် မောင်ဝင်းဦး(၁၈) နှစ် ၊ မောင်တင်ဇော်(၂၀)နှစ် တို့ဖြစ်ကြကြောင်း ၄င်းထံမှ ဆက်လက်သိရ ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းမြို့ ပေါင်းလောင်းတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံး၊ နှစ်ဦး အပြင်းထန်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့သစ် သပြေကုန်းအုပ်စု ဧဒင်ကျေးရွာတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံးပြီး၊ နှစ်ဦးအပြင်းထန် ဒဏ်ရာရှိသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ( ဩဂုလတ် ၂၇) ရက် နံနက် ၂ နာရီ လူအိပ်ချိန်တွင် ရုတ်တရက် တောင်ပြိုပြီး တောင်ကျရေနှင့်အတူ ကျောက်တုံး၊...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...

ရွှေတူးဖော်မှု ကန့်ကွက်သည့် မုံးစီးဒေသခံများကို MNDAA သေနတ်ပစ်ခတ်၍ (၆) ဦးသေဆုံး၊ ဖြေရှင်းပေးရန် ဒေသခံများ ဆန္ဒပြ

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသတွင် ရွှေတူးဖော်မှုကို သွားရောက်ကန့်ကွက်သည့် ဒေသခံများနှင့် MNDAA ရုံးရင်းဆန်ခတ်ဖြစ်ပွားပြီး‌ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ စုစုပေါင်း (၆) ဦး သေဆုံးပြီး (၆) ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၅ ရက်) နေ့လယ်ပိုင်းတွင် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု...

သီပေါမြို့တွင် မပေါက်ကွဲသေးသည် စစ်လက်ကျန်ပစ္စည်း ကိုင်တွယ်မိရာ ပေါက်ကွဲပြီး နှစ်ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မပေါက်ကွဲသေးသည် စစ်လက်ကျန်ပစ္စည်း ကိုင်တွယ်မိရာ ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား နှစ်ဦးသေဆုံးကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၂၅ ရက်)နေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် သီပေါမြို့နယ် ကုန်စုံကျေးရွာတွင်းရှိ အမျိုးသား နှစ်ဦးသည် မပေါက်ကွဲသေးသော...

ကွန်ဟိန်းမြို့ ကုန်စုံဆိုင်ပိုင်ရှင် ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် တောင်ပိုင်း ကွန်ဟိန်းမြို့တွင် ကုန်စုံဆိုင်တစ်ခုကို အမည်မသိလက်နက်ကိုင်တစ်စု ဝင်ရောက်ဓားပြတိုက်ပြီး ဆိုင်ရှင်အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇန်နဝါရီလ ၅ ရက်) ညနေ ၅ နာရီကျော် ကွန်ဟိန်းမြို့ ရပ်ကွက် (၂) ရှိ ကုန်စုံဆိုင်တစ်ခုကို အမည်မသိလက်နက်ကိုင် အမျိုးသား ၃...