သျှမ်းတပ်အားထိုးစစ်ဆင်မှုတွင် ကျန်ခဲ့သည့် ဗုံးတလုံး ကလေးယူဆော့ပေါက်ကွဲ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

သျှမ်းပြည်တပ်မတော် SSPP/SSA အား ၂၀၁၄ ခုနှစ်က အစိုးရတပ်မတော်မှ ထိုးစစ်ဆင်ချိန်တွင် ကျန်ခဲ့သည့် ဗုံးဟောင်းတလုံးအား ကျောင်းသူကျောင်းသားကလေးများ ယူဆော့ရာမှ  ပေါက်ကွဲမှုဖြစ်ပွါးရာ ၆ တန်းကျောင်းသူ တဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိသည်ဟု သိရသည်။

Photo by SNLD Kesi/ အောင်ပန်းဆေးရုံရောက်ဒဏ်ရာပြင်းထန်သည့် ကျေးသီး ငူးလိမ်ရွာမှ အသက် ၁၀ နှစ်အရွယ် စိုင်းလှိုင်းနွံ

အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ကျေးသီးမြို့နယ် ငူးလိမ်ရွာတွင် လွန်ခဲ့သည့် ၄ နှစ် ကတည်းက တိုက်ပွဲမှ မပေါက်ကွဲသေးသည့် ဗုံးတလုံးအား ကျောင်းသူ၊ ကျောင်းသားလေးများအဖွဲ့ကသွားရောက် ယူဆောင်ဆော့ ကစားရာမှ ဗုံးပေါက်ကွဲကာ ၆ တန်းကျောင်းသူတဦးသေဆုံးပြီး ၁ ဦးမှာ ဒဏ်ရာပြင်းထန်(စိုးရိမ်) ရသည့်အခြေ အနေဖြစ်နေကြောင်း ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်စိုင်းစံမိန်းက ပြောသည်။

“၄ ယောက်ဒဏ်ရာရတယ်။ ၃ ယောက်က ကျေးသီးဆေးရုံမှာရှိနေပါတယ်။ တယောက်ကဒဏ်ရာပြင်းထန်လို့ ၂၆ ရက်နေ့တုန်းက အောင်ပန်းဆေးရုံ ကိုပို့ဆောင် ဆေးကုသထားရတယ်။ ခန္ဓာကိုယ် ညာဘက်ခြမ်းထိခိုက်ဒဏ်ရာရတယ်။ ”- ဟု ကျေးသီးဆေးရုံသို့သွားရောက်ကာ ကလေးများအား ကြည့်ရှုအားပေးခဲ့သည့် ကျားခေါင်းပါတီကိုယ်စားလှယ် စိုင်းစံမိန်းက ပြောသည်။

ဗုံးကွဲမှုကြောင့်သေဆုံးသွားသူမှာ ကျေးသီးမြို့ အထက ကျောင်းမှ ၆ တန်းကျောင်းသူ နန်းသျှန်စင့် အသက်( ၁၂ နှစ်)ဖြစ်ပြီး အသုဘအား အောက်တိုဘာလ ၂၆ ရက်နေ့က အသုဘချပြီးဖြစ်ကြောင်း၊ ကိုယ်စားဆွမ်းအ လှူအား နို၀င်ဘာလ ၁ ရက်တွင်ပြုလုပ်ပေးမည်ဖြစ်ကြောင်း ဆွေမျိုးများက ပြောသည်။

ဒဏ်ရာပြင်းထန်သဖြင့် အောင်ပန်းဆေးရုံသို့ရောက်နေသူမှာ အသက် ၁၀ နှစ်အရွယ် စိုင်းလှိုင်းနွံဆိုသူဖြစ်ပြီး လက်ရှိတွင် ညာဘက်ခြမ်းခြေလက်များဖြတ်တောက်ရကြောင်း ညာမျက်လုံးကွယ်သွားပြီး ညာဘက် တင်ပါးကြေမွပျက်စီးသွားကြောင်း သိရသည်။

ဒဏ်ရာအနည်းငယ်ရရှိသူများမှာ ကျေးသီး အထက ကျောင်းမှ ၄ တန်းကျောင်းသူ အသက် ၁၀ နှစ်အရွယ် နန်းအွမ်သျှန်ဆိုင်၊ ငူးလိမ်ရွာ အမက ကျောင်းမှ ပထမတန်းကျောင်းသူ ရ နှစ်အရွယ် နန်းဖောင်းညို နှင့် သူငယ်တန်းကျောင်းသား ၈ နှစ်အရွယ် စိုင်းဘမောင် တို့ဖြစ်ကြောင်းသိရသည်။

Photo by SNLD Kesi/ ကျေးသီးဆေးရုံရှိ ငူးလိမ်ရွာ အမက ကျောင်းမှ သူငယ်တန်းကျောင်းသားလေး စိုင်းဘမောင်

“ဗုံးပေါက်ကွဲခဲ့တဲ့နေရာက ၂၀၁၄ ခုနှစ်တုန်းက အစိုးရတပ်မတော်နဲ့ သျှမ်းပြည်တပ်မတော်ကြား တိုက်ပွဲဖြစ်ပွါးခဲ့တဲ့ တာ့ဖာ ဆောင်ရွာနားက ငူးလိမ်ရွာဖြစ်တယ်။ အဲဒီဒေသကို အစိုးရတပ်မတော်က အခြေချထားတဲ့နေရာဖြစ်တယ်။ တိုက်ပွဲပြီးပြီးခြင်းမပေါက်ကွဲသေးတဲ့ဗုံးများရှင်းဖို့နဲ့ မိုင်းအသိပညာပေးလုပ်ငန်းဆောင်ရွက်ပေးဖို့က တပ်မတော်မှာတာဝန်ရှိပါတယ်။ တပ်ကထိန်းထား တဲ့နယ်မြေလေ အခုဖြစ်ပွားတဲ့နေရာက ”- ဟု စိုင်းစံမိန်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။

သျှမ်းပြည်အတွင်း တိုက်ပွဲများ ဖြစ်ပွါးလျှက်ရှိသောဒေသများတွင် မြေမြှုပ်မိုင်းများ ၊ တိုက်ပွဲမှ မပေါက်ကွဲသေးသည့် လက် နက်ကြီးကျည်နှင့်ဗုံးများ – များစွာရှိနေသေးသဖြင့် မိုင်းထောင်ထားသည့် သက်ဆိုင်ရာလက်နက်ကိုင် အဖွဲ့အစည်း အားလုုံး အနေဖြင့် ပြည်သူသွားလာ အသုံးပြုသည့် လမ်းတွင် မိုင်းများမထောင်ကြရန် – တလ အတွင်း မြေမြှုပ်မိုင်း ၄ ကြိမ်နင်းမိပေါက်ကွဲခြင်းခံရသည့် နမ့်ဆန်ဒေသခံများက လည်းတောင်းဆိုကြသည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်း ဆက်လက် သုံးစွဲမှုများရှိနေ ပြီး၊ မြေမြှုပ်မိုင်းကြောင့် သေဆုံးမှု အများဆုံးမှာ သျှမ်းပြည်နယ် ဖြစ်ကြောင်း မြေမြှုပ်မိုင်း အသုံးပြုမှု တားဆီးရေး နိုင်ငံတကာ လှုပ်ရှားမှု အဖွဲ့ ICBL ၏ ၂၀၁၇ ဒီဇင်ဘာလတွင် ကမ္ဘာတဝှမ်းလုံးမြေမြှုပ်မိုင်း အသုံးပြုမှု အစီးရင်ခံစာတွင် ရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျေးသီး ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၃ ဦး ထပ်မံဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်) တွင် စစ်ကောင်စီတပ် စစ်ကြောင်းများက ကျေးသီးမြို့နယ်အတွင်း ရှာဖွေဖော်ထုတ်ရာမှ ကျေးသီးမြို့၊ ဝမ်ဖွန်းကျေးရွာ၏ မြောက်ဘက် နှင့်...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

ထိုင်းနိုင်ငံ နွန်ထဘူရီကျောင်းပစ်ခတ်ခံရ ကျောင်းသားအပါအဝင် (၅)ဉီးသေဆုံး

0
ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ယနေ့ (သြဂုတ်လ ၇ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သော သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ်တွင် ကျောင်းသားအပါအဝင် ၅ ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများ အရ သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရဌာနပေါင်းစုံမှ ဝန်ကြီးများနှင့်...

သျှမ်းပြည် အချို့မြို့နယ် စက်သုံးဆီ စတင်ပြတ်လပ်

0
သျှမ်းပြည် မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းရယ်မြို့နယ်တို့တွင် စက်သုံးဆီ စတင်ပြတ်လပ်လာပြီး အချို့ဆိုင်များအကန့်သတ်ဖြင့်ရောင်းကာ ဓာတ်ဆီတစ်လီတာလျှင် ၅၀၀၀ ကျပ် အထိရှိနေကြောင်း သတင်းရရှိသည်။ ယနေ့ (မတ်လ ၄ ရက်) မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ် နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ဌာနချုပ်ရှိရာ...

ဟိုပုံး – ကျောက်တန်း – ပင်လုံလမ်း ဘုရားဖူးယာဉ်တစ်စီး ချောက်ထဲကျ ၆ ဦး သေဆုံး

0
သျှမ်းပြည် တောင်ပိုင်း ဟိုပုံး - ကျောက်တန်း - ပင်လုံလမ်းတွင် ဘုရားဖူးယာဉ်တစ်စီး ချောက်ထဲကျပြီး အမျိုးသမီး ၅ ဦး နှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၈ ရက်) ညနေ ၄ နာရီ...