Wednesday, January 28, 2026

ကွတ်ခိုင် မီးလောင်မှု လူမှုရေးလှုပ်ရှားသူလူငယ်တဦးအပါအဝင် ၂ ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ဖုန်းဆိုင် မီးလောင်မှု ဖြစ်ပွားကာ လူ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။

Photo Credit to Kutkai Youth- ဖုန်းဆိုင်အားမီးစွဲလောင်ကျွမ်းနေစဉ်

မေလ ၇ ရက်နေ့မနက်ပိုင်းက သျှမ်းပြည် မြောက်ပိုင်း လားရှိုး – မူဆယ် ပြည်ထောင်စု လမ်းမပေါ် ရပ်ကွက် ၅ ဘုန်းကြီးကျောင်းလမ်းဒေါင့် စျေးအနီးရှိ စေတနာ ဖုန်းဆိုင် မှ မီးစတင်လောင်ကျွမ်းရာ အသက် ၃၀ ဝန်းကျင် အမျိုးသား နှင့် အမျိုးသမီး သေဆုံးခဲ့ပြီး လူတဦး ထိခိုက်ဒဏ်ရာရကြောင်း ကွတ်ခိုင် ဒေသခံများပြောပြချက် အရသိရသည်။

“ မီးက စေတနာ ဖုန်းဆိုင်က စလောင်တာ။ ဖုန်းအားသွင်းကြိုး ကနေ လျှပ်စစ်ရှော့ ဖြစ်တယ်လို့လည်းပြောတယ်။ အိမ်ကတော့ ၁ လုံး ပဲ။ နောက်ဖုန်းဆိုင်၊ လျှပ်စစ် ပစ္စည်း ဆိုင် နဲ့ ကုန်စုံဆိုင်၊ ကား ၂ စီး ပါသွားတယ်။ ငွေကတော့ ရ၅ သိန်းပါသွားတယ် ” ဟု ကွတ်ခိုင်လူမှုကူညီရေး အသင်းမှ မိုင်းအိုက် ကသျှမ်းသံတော်ဆင့်ကို ပြောသည်။

မီးလောင်မှုကို ကွတ်ခိုင်မြို့ မှ မီးသတ်ကား ၃ စီး၊ သိန္နီမြို့ မှ မီးသတ်ကားနှင့် လားရှိုးမြို့မှ မီးသတ်ကားပါ လာရောက်ကူညီ ငြိမ်းသတ်ကာ မနက် ၆ နာရီ တွင် မီးညွှန့်ကျိုးခဲ့ကြောင်းလည်း မိုင်းအိုက်က ဆိုသည်။

“ စိုင်းစံက မီးထဲရောက်နေတဲ့သူ့ အဒေါ်ကို ဝင်ဆွဲချိန် မီးမွှန်သွားတာ။ နောက် အမျိုးသမီးတယောက်ကလည်း မီးထဲပိတ်မိတာ” ဟု ကွတ်ခိုင်ဒေသခံ တဦး ကပြောသည်။

Photo Credit to Kutkai Youth- မီးလောင်မှုအတွင်းပိတ်မိနေသးအားကူညီကယ်ထုတ်ရာမှ မီးစွဲသေဆုံးသည့် ဖုန်းဆိုင်ပိုင်ရှင်လူငယ် စိုင်းစံ

မီးလောင်မှုကြောင့် သေဆုံးသွားသည့် ၂ ဦး အနက် အသက် ၃၀ ဝန်းကျင် ရှိ စိုင်းစံသည် ကွတ်ခိုင်မြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း၏ အတွင်းအရေးမှူးဖြစ်ပြီး ပရဟိတ လုပ်ငန်း ၊ စာပေယဉ်ကျေးမှုလုပ်ငန်း၊ လူမှုရေးလုပ်ငန်းများကို တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူတဦးဖြစ်ကြောင်း၊ မီးလောင်သည့်ထဲတွင် အဒေါ်ဖြစ်သူကို သွားရောက်ကယ်တင်ရာမှ မီးခိုးမွှန်ပြီး သေဆုံးသွားကြောင်း၊ ထိုနည်းတူ အမျိုးသမီး တဦးမှာလည်း မီးလောင်မှုထဲတွင် ပိတ်မိကာ သေဆုံးသွားကြောင်း သိရသည်။

“ကွတ်ခိုင်မှာလူငယ်တွေရဲ့ခေါင်းဆောင်တဦးလည်းဖြစ်တာကြောင့် စိုင်းစံကိုဆုံးရှုံးရတာ လူငယ်တွေအတွက်အများကြီးကို နစ်နာပါတယ်။ နမျောမိလို့မဆုံးပါဘူး။” – ဟု သီပေါမှ သျှမ်းလူငယ်အဖွဲ့ဝင်တဦးကလည်းပြောသည်။

လက်ရှိမှာတော့ မီးလောင် ဒဏ်ရာ ဖြင့် သေဆုံးသူ ၂ ဦးကို အပြင်သို့ ခေါ်ထုတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ကွတ်ခိုင် လူမှု ကယ်ဆယ်ရေး အသင်း အဖွဲ့ ကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွတ်ခိုင်မြို့တွင် ဆိုင်ကယ်ခိုးယူထွက်ပြေးသည့် TNLA တပ်သားကို ပြည်သူပြန်ဖမ်း

0
သျှမ်းပြည် ကွတ်ခိုင်မြို့တွင် ဆိုင်ကယ်ခိုးယူ ထွက်ပြေးခဲ့သည့် TNLA တပ်သားတစ်ဦးကို ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာလ (၁၅)ရက် ညနေ ၆ နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ ရပ်ကွက်(၁) ရှိ “အောင်” ဆိုင်ကယ်ပြင်ဆိုင်ရှိ ဆိုင်ကယ်တစ်စီးကို...

ပင်လောင်းမြို့ ပေါင်းလောင်းတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံး၊ နှစ်ဦး အပြင်းထန်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့သစ် သပြေကုန်းအုပ်စု ဧဒင်ကျေးရွာတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံးပြီး၊ နှစ်ဦးအပြင်းထန် ဒဏ်ရာရှိသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ( ဩဂုလတ် ၂၇) ရက် နံနက် ၂ နာရီ လူအိပ်ချိန်တွင် ရုတ်တရက် တောင်ပြိုပြီး တောင်ကျရေနှင့်အတူ ကျောက်တုံး၊...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...

ကွတ်ခိုင်မြို့ ငလျင်ဒဏ်အလှူငွေကောက်ခံသည့်နေရာ TNLA နှင့် MNDAA ခိုက်ရန်ဖြစ်ပွား၊ TNLA တပ်သားတစ်ဦး သေဆုံးဟုဆို

0
သျှမ်းပြည် ကွတ်ခိုင်မြို့တွင် ငလျင်ဒဏ်အတွက် အလှူငွေ ကောက်ခံသည့် နေရာ၌ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁ ရက်) နေ့လယ် ၁၁ နာရီခွဲတွင် ကွတ်ခိုင်မြို့မဈေး နေရာ၌ ကိုးကန့်တပ်ဖွဲ့ MNDAA...

တောင်ကြီးမြို့ပေါ်ရပ်ကွက်အတွင်း မီးလောင်မှုထပ်မံဖြစ်ပွား

0
သျှမ်းပြည်မြို့တော် တောင်ကြီးတွင် မြို့ပေါ်ရပ်ကွက်အတွင်း ဒုတိယအကြိမ် မီးလောင်မှုထပ်မံဖြစ်ပွားခဲ့ကြောင်း တောင်ကြီးမြို့ခံများထံမှ သတင်းရရှိသည်။ ယနေ့ (မတ်လ ၁၆ ရက်) နေ့လည် ၁၂ ခန့်အချိန်တွင် တောင်ကြီးမြို့ ညောင်ရွှေဟော်ကုန်းရပ် မြကန်သာပန်းခြံအနီး၊ နန်းထိုက်ရွှေစင်ကွန်ဒိုနှင့် မိဘအရိပ်ကွန်ဒိုအနီးရှိ လျှပ်စစ်ထရန်စဖော်မာမှ ဝါယာရှော့ဖြစ်ပြီး မီလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများကပြောသည်။ “မနေ့ကလည်း ရတနာသီရိထဲမှာလောင်တယ်၊ ဒီနေ့လည်း...