Wednesday, January 28, 2026

သီပေါမြို့နယ်

သီပေါမြို့နယ် အမျိုးသားတစ်ဦး မိုင်းနင်းမိ ဒဏ်ရာပြင်းထန် ရရှိ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကြံခင်းကျေးရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည် ယာခင်းထဲ မြေမြုပ်မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာ ရရှိကြောင်းသတင်းသိရသည်။ ယမန် (မတ်လ ၁၈) ရက် နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် ကြံခင်းကျေးရွာမှ အသက် ၂၂ နှစ်အရွယ်အမျိုးသားတစ်ဦး ယာခင်းသို့သွားစဥ် မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့ကြောင်း ဖြစ်စဥ်များကို...

သီပေါမြို့ KBZ ဘဏ် ဓားပြတိုက်ခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ရှိ KBZ ဘဏ် ယနေ့ (ဖေဖော်ဝါရီ ၂၈)ရက် မွန်းလွဲ ၃ နာရီ တွင် ဓားပြတိုက်ခံရကြောင်း သတင်းသိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက် မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင် သီပေါမြို့ KBZ ဘဏ်သို့ လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသားသုံးဦး...

ကျောက်မဲ အဝင် စားသောက်ဆိုင် မီးလောာင်မှုဖြစ်ပွား

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့အဝင် မန္တလေး - လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖွင့်လှစ်ထားသည့် ယိုးဒယား - စားဥယျာဉ်ဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်း သိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၂၁)ရက် ည ၇ ဝန်းကျင်တွင် မန္တလေး - လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ...

သီပေါမြို့ လင်မယားရန်ဖြစ်ရာမှ အမျိုးသားအင်္ဂါ ဖြတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၂၁ ရက်) ည (၁၀) နာရီဝန်းကျင်တွင် လင်မယားနှစ်ဦး ရန်ဖြစ်ပွားရာမှ အမျိုးသမီးဖြစ်သူက အမျိုးသား၏ ငယ်ပါအင်္ဂါကို ဖြတ်လိုက်ကြောင်း သတင်းရရှိသည်။ ထို လင်မယားနှစ်ဦးသည် မည်သည့် အကြောင်းကိစ္စကြောင့် ရန်ဖြစ်ပွားသည်ကို မသိရှိရသေးပေ။ “ဘာကြောင့် ရန်ဖြစ်လည်းတော့ မသိဘူး။ ကျနော်တို့လည်း...

ပြောင်းဖူးစက်ရုံသုံး ကျောက်မီးသွေးမှ အနံ့အသက်ဆိုးထွက်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ရှိ ပြောင်းဖူးစက်ရုံများတွင် အသုံးပြုသည့် ကျောက်မီးသွေးအနံ့ဆိုး ထွက်နေသည့်ဟု စုံစမ်းသိရှိရသည်။ နမ့်လန်မြို့ ကောင်းလန်းရပ်ကွက်ရှိ ပြောင်းဖူးလှော်စက် စက်ရုံတွင် ပြောင်းဖူးအခြောက်လှော်ရာ အသုံးပြုသည့် ကျောက်မီးသွေးများမှ အနံ့ဆိုး ထွက်ပေါ်သည့်အတွက် ဒေသခံများ အခက်ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ “ကျောက်မီးသွေးတင်တဲ့ တွဲကားကြီးတွေ လာလာပို့တာတော့ တွေ့ရတယ်။ တွင်းနား ရောက်နေသလို...

သီပေါ မိုင်းထိ လူနာနှင့် ပျက်စီးသွားသည့်နေအိမ် ပြန်ပြင်ရန် အကူအညီ လိုအပ်နေ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ်တွင် ယခုလ အစောပိုင်းက နေရပ်ပြန် စစ်ရှောင်များထဲမှ မိုင်းထိ ဒဏ်ရာရခဲ့သည့် လူနာ နှင့် နေအိမ်လက်နက်ထိမှန် ပျက်စီးခဲ့သည့် ဒေသခံများ အကူအညီ လိုအပ်နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့က သီပေါမြို့နယ် ကျင်သီကျေးရွာအုပ်စု တွန်ဆောက်ကျေးရွာမှ ဒေါ်ခင်ဌေး...

သီပေါမြို့နယ် ထိုင်းထုတ် အသားချောင်း စားပြီး အဆိပ်သင့်ဖြစ်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တွန်ခေါ့ကျေးရွာ ဒေသခံ (၄)ဦးသည် နေအိမ်တွင် ပျော်ပွဲစားပြုလုပ်ရာမှ အစာအဆိပ်သင့်မှုဖြစ်ပွားကာ ဆေးရုံတွင် ဆေးကုသမှုခံယူရကြောင်း သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက် ည ၁၀ နာရီဝန်းကျင်က နေအိမ်တွင် ပျော်ပွဲစားပြုလုပ် စားသောက်ကျရာမှ ထိုင်းနိုင်ငံထုတ် အသားချောင်း (ဟော့တော့) စားကာ...

သီပေါမှ နေရပ်ပြန်စစ်ရှောင် ၃ ဦး မိုင်းထိ ဒဏ်ရာရ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ်တွင် နေရပ်ပြန်သွားသည့် စစ်ရှောင်ပြည်သူ ၃ ဦး မိုင်းထိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိုစစ်ရှောင်များသည် ပြီးခဲ့သည့် ဇန်နဝါရီလ လကုန်ပိုင်းက နေရပ်ပြန်သွားတာဖြစ်ကြောင်း၊ နေရပ်ပြန်ပြီး ရက်ပိုင်းအကြာ ယခုလ (ဖေဖော်ဝါရီ) ၃ ရက်နေ့တွင် မိုင်းထိခဲ့တာဖြစ်ပြီး ၂ ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့သည့်အတွက်...

သီပေါစစ်ရှောင် (၄၅၀)ကျော် စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ဘော်ကြိုဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် (၄၅၀)ကျော် သည် စိုးရိမ်စိတ်ဖြင့် နေရပ်ကို ပြန်သွားကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိ အချိန်ထိ သီပေါမြို့နယ်အတွင်း နယ်မြေတည်ငြိမ်မှု မရှိသေးသော်လည်း စစ်ဘေးရှောင်များသည် နေအိမ်ကို စိုးရိမ်ရသောကြောင့် ဇန်နဝါရီ ၂၉ ရက်မှစကာ နေရပ်သို့ ပြန်သွားကြောင်း သိရသည်။ “နယ်မြေတည်ငြိမ်မှုတော့...

ကွတ်ခိုင်မြို့ လက်နက်ကြီးသံများကြားနေရ

သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့အနီး ယနေ့ (ဇန်နဝါရီ ၂၈)ရက် နေ့လည်(၂)နာရီ တွင် လက်နက်ကြီး လက်နက်သံများ ကြားနေရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဇန်နဝါရီ (၂၈) ရက် နေ့လည် (၂) နာရီကျော်ခန့်က ကွက်ခိုင်မြို့အနီး စစ်ကောင်စီတပ်၏ အနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသခံများထံ မှ...

Latest news