Tuesday, May 7, 2024

သီပေါမြို့ လင်မယားရန်ဖြစ်ရာမှ အမျိုးသားအင်္ဂါ ဖြတ်ခံရ

Must read

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၂၁ ရက်) ည (၁၀) နာရီဝန်းကျင်တွင် လင်မယားနှစ်ဦး ရန်ဖြစ်ပွားရာမှ အမျိုးသမီးဖြစ်သူက အမျိုးသား၏ ငယ်ပါအင်္ဂါကို ဖြတ်လိုက်ကြောင်း သတင်းရရှိသည်။

ထို လင်မယားနှစ်ဦးသည် မည်သည့် အကြောင်းကိစ္စကြောင့် ရန်ဖြစ်ပွားသည်ကို မသိရှိရသေးပေ။

“ဘာကြောင့် ရန်ဖြစ်လည်းတော့ မသိဘူး။ ကျနော်တို့လည်း ဆေးခန်းက ဖုန်းခေါ်လာလို့ သွားရောက်ကူညီပေးခဲ့တာ။ အမျိုးသားကတော့ အင်္ဂါ ဖြတ်ခံရတယ်။ လက်ရှိအချိန်က အမျိုးသမီးက ဘယ်မှာရှိနေလဲ မသိသေးဘူး။ ရဲတွေခေါ်ထားတာလား မသိဘူး” ဟု သီပေါမြို့ ပရဟိတအဖွဲ့ဝင် လူငယ်တစ်ဦးက ပြောသည်။

လက်ရှိမှာ ထို အမျိုးသားသည် လားရှိုးဆေးရုံသို့ ရောက်ရှိနေပြီး ဆေးကုသမှု ခံယူနေလျက်ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article