သီပေါမြို့နယ်
သီပေါမြို့ ညမထွက်ရ မာရှယ်လော ရှိနေသည့်ကြား KTV ညနက်ထိ လူစည်ကားနေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း စစ်ကောင်စီမှ ညမထွက်ရအမိန့် မာရှယ်လောကို ထုတ်ပြန်ထားသော်လည်း KTV တွင် လူစည်ကားနေကြောင်း စုံစမ်းသိရသည်။ သီပေါမြို့နယ်တွင် ဇွန်လ ၈ ရက် မှစပြီး ညမထွက်ရ မာရှယ်လောထုတ်ပြန်ခဲ့သော်လည်း KTV ဆိုင်များတွင် ညနက်ထိ လူစည်ကားနေကြာင်း ဒေသခံ အမျိုးသမီး က...
သျှမ်းပြည်မြောက်ပိုင်း ရေကြီးမှုကြောင့် ဒေသခံ တစ်ဦးသေဆုံး
သျှမ်းပြည်မြောက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားကာ ဒေသခံတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရဿည်။ ဇူလိုင် (၃) ရက်တွင် သီပေါမြို့ ဆောင်ကြဲကျေးရွာအုပ်စု၊ ဆောင်ကြဲကျေးရွာအတွင်း မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး စိုက်ပျိုးသီးနှံများလည်း ပျက်စီးကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။ “သူက ရောဂါအခံရှိတယ်။...
သီပေါ အမျိုးသမီးတစ်ဦး ပျောက်ဆုံး
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နားမွန်းကျေးရွာနေ သျှမ်းအမျိုးသမီးငယ်တစ်ဦးသည် တလနီးပါး အဆက်အသွယ်မရ ပျောက်ဆုံးနေသည့်အတွက် မိဘများက စိတ်ပူနေကြောင်း သတင်းသိရသည်။ ဇွန်လ ၂ ရက်နေ့ ကတည်းက နေအိမ်မှ ထွက်သွားပြီး ယနေ့အထိ အဆက်အသွယ်မရ ပျောက်ဆုံးနေသည့် သီပေါမြို့ နားမွန်းကျေးရွာမှ အသက် ၁၉ နှစ်အရွယ်...
သီပေါမြို့နယ် အတွင်း TNLA က ဆက်ကြေးကောက်ခိုင်းနေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အတွင်း တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့မှ ရွာသူကြီးကို ဆက်ကြေးကောက်ခိုင်းနေကြောင်း စုံစမ်းသိရှိရသည်။ ဇွန်လ ၂၀ ရက်တွင် TNLA တပ်ဖွဲ့သည် သီပေါမြို့နယ်အတွင်းရှိ ကျေးရွာတခုမှ ရွာသူကြီးဆီရောက်လာပြီး ရွာသူ၊ရွာသားများထံ ဆက်ကြေးကောက်ခိုင်းကြောင်း...
သီပေါမြို့ မာရှယ်လောထုတ်ပြီးနောက် သေနတ်ပစ်သံများကြားရ
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် သေနတ်ပစ်သည့်အသံ ကြားလာရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန် ၁၉ ရက် သီပေါမြို့ တောင်မြို့ရပ်ကွက်တွင် ည ၁၁ နာရီ၌ တဖက်ဖြသတ် သေနတ်ပစ်သံကြားရကြောင်း၊ လက်ရှိအချိန်ထိ လူထိခိုက်မှုရှိ၊ မရှိမသိသေးကြောင်း သီပေါမြို့ ဒေသခံအမျိုးသားတစ်ဦး က...
သီပေါမြို့နယ် ရုန်းရင်းဆန်ခတ်မှုရှိလာသည့် အတွက် ညမထွက်ရအမိန့်ကို ထုတ်ပြန်ရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားသဖြင့် မာရှယ်လော ထုတ်ပြန်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ သီပေါမြို့နယ်အတွင်း ရပ်ရွာ ငြိမ်းချမ်းရေးကို ထိခိုက်လာမှု၊ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားသည့်အတွက် ည (၈) နာရီ မှ မနက် (၄) နာရီအထိ ညမထွက်ရ အမိန့်ကို ဇွန် (၈) ရက်နေ့က ထုတ်ပြန်လိုက်ကြောင်း...
သီပေါမြို့နယ်အတွင်း လောင်းကစားဝိုင်းများဖွင့်လှစ်နေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နားလွယ်ကျေးရွာအတွင်း လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားပြီးသူခိုး ဓားပြ များပြားလာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ သီပေါမြို့နယ်ထဲက လောင်းကစားဝိုင်းများသည် သီပေါဘော်ကြို (တပေါင်းပွဲ) မတ်လမှစတင်ပြီး လက်ရှိချိန်ထိ နေရာပြောင်းရွှေ့ပြီး လောင်းကစားများကို ဆက်တိုက် ဖွင့်လှစ်လာသည့်အတွက် ပြည်သူများ အကျင့်စာရိတ္တပျက်မည်ကို သီပေါဒေသခံ လူငယ်...
သီပေါမြို့နယ် ပြည်သူတစ်ဦး မြေမြုပ်မိုင်းနင်းမိ၊ ခြေထောက်ဖြတ်ရ စား၀တ်နေရေးခက်ခဲ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း မြေမြုပ်မိုင်းနင်းမိသွားသည့် အမျိုးသားတစ်ဦးသည် လက်ရှိတွင် စားဝတ်နေရေးအတွက် ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။ဖြစ်စဉ်မှာ ယခုနှစ် ဖေဖော်ဝါရီလအတွင်း သီပေါမြို့နယ်မှ ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာသို့ ဆိုင်ကယ်ဖြင့် ဈေးသွားရောင်းရာမှာ လမ်းတစ်ဝက်တွင် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဖြတ်လိုက်ရကြောင်း သိရသည်။ “ သူက ဖြစ်တာတော့ကြာပြီ၊ ဖေဖော်ဝါရီလအတွင်းမှာ...
သီပေါမြို့နယ် အရက်မူးနေသည့် အမျိုးသားကို စစ်သားများ သေနတ်ပစ် ဖမ်းဆီး
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တုံစင်ကျေးရွာတွင် အရက်မူးနေသည့် အမျိုးသားကို စစ်သားများက ရိုက်နှက်မှု ပြုလုပ်သည့်အပြင် သေနတ်ဖြင့်လည်း ပစ်ခတ်ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မေလ ၂ ရက်တွင် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တုံစင်ကျေးရွာ နယ်မြေ (၅) မှ အရက်မူးနေသည့် အမျိုးသားကို အထက်အမိန့်များ မပါရှိဘဲ...
သီပေါမြို့နယ် အမျိုးသားတစ်ဦး မိုင်းနင်းမိသေဆုံး
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်ယန်းအုပ်စု ကောင်းဟုန်းကျေးရွာတွင်နေထိုင်သည့် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ သေဆုံးခဲ့ပြီး ကျန်ရစ်သူ မိသားစုဝင်များ စားဝတ်နေရေးအတွက် များစွာ အခက်အခဲ ရှိနေကြောင်း သတင်းသိရသည်။ မတ်လ ၂၆ ရက် မနက် ၆ နာရီကျော်တွင် ကောင်းဟုန်းကျေးရွာမှ စိုင်းဘရွှေ နှင့် တခြားဒေသခံနှစ်ဦးတို့သည် ကောင်းဟုန်းကျေးရွာအပြင်ဘက်ရှိ...





