သီပေါမြို့နယ် အတွင်း TNLA က ဆက်ကြေးကောက်ခိုင်းနေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အတွင်း တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့မှ ရွာသူကြီးကို ဆက်ကြေးကောက်ခိုင်းနေကြောင်း စုံစမ်းသိရှိရသည်။

ဇွန်လ ၂၀ ရက်တွင် TNLA တပ်ဖွဲ့သည် သီပေါမြို့နယ်အတွင်းရှိ ကျေးရွာတခုမှ ရွာသူကြီးဆီရောက်လာပြီး ရွာသူ၊ရွာသားများထံ ဆက်ကြေးကောက်ခိုင်းကြောင်း သိရသည်။

“ သူတို့ရွာသူကြီး နားလာပြီးတော့ ဆက်ကြေးကောက်ခိုင်းတာ။ သူတို့ရွာထဲဝင်လာတာတယ်။ ရွာသူကြီးအိမ် ထဲကိုလာတာ။ TNLA တပ်ဖွဲ့က လာကောက်ခိုင်းတာပါ။ သူတို့ ဆက်ကြေးကောက်ပေးဖို့ ပြောပြီးတော့ ပြန်သွားတာပဲ” ဟု သီပေါမြို့နယ် အမည်မဖော်လိုသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါမြို့

အဆိုပါ TNLA တပ်ဖွဲ့မှ ဆက်ကြေးကောက်ခိုင်းသောကြောင့် ဒေသခံများ နှင့် စီးပွားရေးလုပ်ကိုင်သူများ အနေလည်း စိုးရိမ်နေကြောင်း သိရသည်။

“ သူတို့တွေကဆိုးတယ်။ ဆက်ကြေးကို အတင်းကောက်ခိုင်းတာ။ မကောက်ပေးရင်လည်း ရွာသူကြီးတွေကို ဖမ်းတတ်တယ်။ မြို့ထဲက ပွဲစားလုပ်ငန်းရှင်တွေကိုလည်း စာလာပေးပြီး ငွေကောက်တယ်။ ဒေသခံတွေကလည်း မပေးရင် မနေရဲကြဘူး။ သီပေါမှာ သူခိုးလုယက်မှုက တစ်မျိုး ဆက်ကြေးကောက်တာက တစ်မျိုးနဲ့ စိတ်မချမ်းသာလိုက်တာ။ စိုးရိမ်ကြောက်လန့်နေရပါတယ်” ဟု အထက်ပါ ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီးတော့ ကျေးရွာအတွင်းရှိ ရွာသူကြီးကို သျှမ်းသံတော်ဆင့် ကဆက်သွယ်ရန် ကြိုးစားခဲ့ သော်လည်း ဆက်သွယ်ခွင့်မရခဲ့ပေ။

သို့သော် သီပေါမြို့နယ်အတွင်း နေထိုင်သည့် အမျိုးသမီးတစ်ဦးက “ ဒီချိန်မှာပြောလည်း ဘယ်သူမှ လုံခြုံရေးအတွက် တာဝန်ယူနိုင်တာမဟုတ်တဲ့အတွက်ကြောင့် ဘာမှ ပြောလို့မရသေးဘူး” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုအခွန်ဆက်ကြေးကိစ္စနှင့်ပတ်သက်ပြီး TNLA ပြောခွင့်ရ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော် ကို သျှမ်းသံတော်ဆင့် သတင်းဌာနမှ ဖုန်း ၂ ရက်ဆက်တိုက် ဆက်ခဲ့ပေမယ့် လက်ကိုင်ဖြေကြားခဲ့ခြင်းမရှိပါ။

TNLA တပ်ဖွဲ့မှ သီပေါမြို့နယ်ထဲ ယခုလို ဆက်ကြေးကောက်ခြင်းသည် ပထမဆုံးဖြစ်ပြီး၊ ညောင်ကိုးပင်ကျေးရွာ ထဲတွင် သျှမ်းတိုင်းရင်းသားအများစု နေထိုင်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကွတ်ခိုင်တက်မည့် ကုန်တင်ကားများကို သိန္နီတိုးဂိတ်တွင် MNDAA ဖြတ်သန်းခွင့်ပိတ်ထား

0
သျှမ်းပြည် သိန္နီမြို့ရှိ အေးရှားဝေါလ်တိုးဂိတ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကွတ်ခိုင်မြို့ဘက် သွားရောက်မည့် ကုန်တင်ကားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း စုံစမ်းသိရသည်။ သိန္နီနှင့် ကွတ်ခိုင်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကြား တစ်လနီးပါးကြာ ဖြစ်ပွားနေသည့် ပဋိပက္ခများ ပြေလည်မှု...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ကွတ်ခိုင်တွင် TNLA နှင့် MNDAA စစ်ရေးတင်းမာမှု ဆက်ရှိနေ၊ ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA အကြား စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ TNLA နှင့် MNDAA ပူးတွဲထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ်တွင် နှစ်ဘက်တပ်ဖွဲ့ကြား မဟာမိတ်အချင်းချင်း စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး မတ်လ (၂)...