သီပေါမြို့ ကျွဲ၊ နွားများ အရေပြားအနာကျိတ်ရောဂါများဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အတွင်းရှိ ကျွဲ ၊ နွားများတွင် အရေပြားအနာကျိတ် ရောဂါများဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။

သီပေါမြို့နယ် ဆောင်ကြဲကျေးရွာအုပ်စု ၊ဆီထောက်ကျေးရွာအုပ်စု နှင့် စိန်ကျော့ကျေးရွာအုပ်စုအတွင်းရှိ ကျွဲ ၊နွားများတွင် အရေပြားအနာကျိတ် ရောဂါများ ဖြစ်ပွားကာ (၃-၄) လခန့်ကြာပြီး သေဆုံးမှုများရှိကြောင်း ဒေသခံပြောပြချက်အရသိရသည်။

ထိုသို့ ကျွဲ ၊နွားများ အရေပြား အနာကျိတ်ရောဂါများ ဖြစ်ပွားခြင်းကြောင့် ဒေသခံများ လယ်ယာလုပ်ကိုင်ရန် အတွက် ခက်ခဲနေကြောင်း ဆီထောက်ဒေသခံ ဦးလုံးစိုင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော့် နွားတော့ ဆေးထိုးပြီးနည်းနည်း သက်သာလာပြီ ။ ဒီရောဂါက ဘာရောဂါမှန်းလည်း မသိဘူး။ နွားရဲ့အရေခွံမှာ အဖု့တွေအများကြီး ပေါက်နေတာ။ ကျနော့် နွားက ၅ ကောင်လောက် ဒီလိုရောဂါမျိုးကိုဖြစ်နေတယ် ၊ ကျွဲတွေတော့ ဒီနောင်ခွန်မှာ ဖြစ်တယ်“ ဟု ၎င်းဒေသခံ တစ်ဦးကဆိုသည်။

နွားများ အရေပြား ရောဂါဖြစ်ပွား

အဆိုပါ အရေပြား အနာကျိတ်ရောဂါများသည် ဆောင်ကြဲကျေးရွာအုပ်စု ဆိုင်လဲရွာတွင် ကျွဲ၊ နွားများ အကောင် (၄၀) ဝန်းကျင် သေဆုံးခဲ့ကြောင်း သိရသည်။

ထို ကျွဲ ၊ နွားများ ကူးစက်ခံရသော ရောဂါသည် ၎င်းအရေပြားပေါ်တွင် အဖု့များဖြင့် ပြည့်နှက်နေပြီး (၅) ရက်မြောက် ဖြစ်ပွားလာချိန်တွင် ထိုအဖု့များပေါက်ပြီး နောက်ဆုံး သေဆုံးသွားကြသည်။

“ အစကထင်တာတော့ အပူချိန်ကြောင့်လို့ပဲ ထင်တယ်။ ဒီ (၅-၆) လ လောက်ဖြစ်လာတာ ဗိုင်းရပ်စ်ရောဂါအသစ်ပဲ။ အစက ဆိုင်လဲ ကနေစဖြစ်တာ အခုတော့နေရာတိုင်းကို ဖြစ်နေပြီ” ဟု ဆောင်ကြဲဒေသခံ တိရိစ္ဆာဆန်ကျန်းမာရေးအဖွဲ့မှ တာဝန်ခံတစ်ဦးက ပြောသည်။

ကျွဲ၊နွား အရေပြားအဖု့ကြောင့် ဆိုင်လဲကျေးရွာမှ နွား (၅) ကောင်သေသွားပြီး ကူးစက်ခံရတာတော့ (၃၅) ကောင်ခန့်ရှိပြီး၊ မန်ကိတ်ရွာတွင်လည်း (၃) ကောင်ခန့် ကူးစက်ကြောင်း သိရသည်။

“လူတွေက ထိတွေ့မိမယ် တစ်ခါတစ်လေ စားမိမယ်ဆို လူတွေကို ကူးစက်သွားမှာလည်း ကြောက်ရတယ်။ ဒီရောဂါလည်း အခုမှပေါ်လာစဆိုတော့ သူ့ဗီဇကိုကောင်းကောင်းမသိဘူး။ စစ်ဆေးရမယ်လေ ၊ ပိုးသတ်ဆေးသုံးမယ်ဆိုရင်လည်း မထိရောက်ဘူး၊နွားတွေမှာ ဒီရောဂါကို ကူးစက်လာပြီဆိုရင်လည်း ရောပြီး မထိတွေ့ နဲ့ လူကိုကူးစက်သွားမှာကို စိုးရိမ်ရတယ် “ ဟု တိရိစ္ဆာန်ကျန်းမာရေးအဖွဲ့က ဆိုသည်။

သီပေါမြို့ရှိ ၎င်းကျေးရွာများသည် လယ်၊ ယာများကို အဓိအားဖြင့် လုပ်ကိုင်လျက်ရှိပြီး နွားတစ်ကောင် ဈေးနှုန်းမှာ (၆၀၀၀၀၀) ကျပ် ၊ ကျွဲမှာ (၅၀၀၀၀၀) ကျော်အထိ ရှိသဖြင့် ယခုကာလ စက်သုံးဆီများ မြှင့်တက်လာခြင်းကြောင့် လယ်ထွန်လျှင် ကျွဲ ၊ နွားများကို ပြန်လည်အသုံးပြုနေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...