သီပေါမြို့နယ် အမျိုးသားတစ်ဦး မိုင်းနင်းမိသေဆုံး

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်ယန်းအုပ်စု ကောင်းဟုန်းကျေးရွာတွင်နေထိုင်သည့် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ သေဆုံးခဲ့ပြီး ကျန်ရစ်သူ မိသားစုဝင်များ စားဝတ်နေရေးအတွက် များစွာ အခက်အခဲ ရှိနေကြောင်း သတင်းသိရသည်။

မတ်လ ၂၆ ရက် မနက် ၆ နာရီကျော်တွင် ကောင်းဟုန်းကျေးရွာမှ စိုင်းဘရွှေ နှင့် တခြားဒေသခံနှစ်ဦးတို့သည် ကောင်းဟုန်းကျေးရွာအပြင်ဘက်ရှိ တောင်ယာ သွားခုတ်ရှင်းလင်းစဥ် စိုင်းဘရွှေ က မိုင်းနင်းမိကာ သေဆုံးသွားကြောင်း သိရသည်။

“သူတို့က တောင်ယာသွားခုတ်တာပေါ့၊ တခြားရွာသားနှစ်ဦးက ယာခင်းတဲနားရှိနေချိန်မှာ စိုင်းဘရွှေက အပေါ့ သွားချင်လို့ ဆိုပြီး ယာခင်းရဲ့ ခြံစည်းရိုးနား ရောက်နေချိန် ပေါက်ကွဲသံကြားရတယ်လို့ပြောတယ်၊ အဲ့နှစ်ယောက်က သွားကြည့်တော့ စိုင်းဘရွှေက အသက်မရှိတော့ဘူး” ဟု ဖြစ်စဥ်များကို သိရသည့် ကောင်းဟုန်းကျေးရွာ သူကြီး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

သေဆုံးသူ စိုင်းဘရွှေသည် အသက် ၄၀ နှစ်ရှိ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ပြီး လက်ရှိတွင် သူ၏ အမျိုးသမီးနှင့် သားတစ်ယောက်၊ သမီးတစ်ယောက်ကျန်ရှိနေပြီး ရှေ့ဆက် စားဝတ်နေရေးအတွက် များစွာ အခက်အခဲရှိနေကြောင်း သတင်းသိရသည်။

“သူ့မိသားစုက သူ့ကို မှီခိုနေရတာပါ၊ တစ်နေ့လုပ်မှ တစ်နေ့စားရမဲ့ မိသားစုဆိုတော့လည်း အခု သူမရှိတော့ ကျန်ရစ်သူမိသားစုတွေက တော်တော်ကိုခက်ခဲနေတယ်၊ အလှူရှင်တွေရှိလာမယ်ဆိုရင်တော့ သူတို့အတွက် အဆင်ပြေပါလိမ့်မယ်” ဟုလည်း ကောင်းဟုန်းကျေးရွာ သူကြီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စိုင်းဘရွှေ၏ ရုပ်အလောင်းကို ရွာသူကြီးဦးဆောင်မှုဖြင့် ကျန်ရစ်သူမိသားစုဝင်များနှင့် ရွာသားများ စုပေါင်းပြီး မတ်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းမှာပင် သင်္ဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

သီပေါမြို့နယ်အပါအဝင် RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာတော်တော် များများတွင် မြေမြှုပ်မိုင်းများကို အသုံးပြုမှုရှိခဲ့ကြပြီး ပြန်ထွက်ခွာချိန်တွင် မိုင်းများကို ပြန်လည် ရုတ်သိမ်းပေးမှု မရှိသောကြောင့် ပြည်သူများက မြေစာပင်အဖြစ် မိုင်းနင်းမိ ထိခိုက်ဒဏ်ရာရ သေဆုံးမှုများ ရှိနေကြသည်။

ထိုသို့ သေဆုံးမှုများရှိနေသော်လည်း လက်နက်ကိုင်အဖွဲ့အစည်းမှ တာဝန်ယူဖြေရှင်းပေးခြင်းလည်း မရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...