Wednesday, January 28, 2026

ကျောက်မဲ အဝင် စားသောက်ဆိုင် မီးလောာင်မှုဖြစ်ပွား

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့အဝင် မန္တလေး – လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖွင့်လှစ်ထားသည့် ယိုးဒယား – စားဥယျာဉ်ဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်း သိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၁)ရက် ည ၇ ဝန်းကျင်တွင် မန္တလေး – လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ခိုမုန်းကျေးရွာမှ ကောင်းအက်ရွာအသွားလမ်း ၌ဖွင့်လှစ်ထားသည့် ယိုးဒယား-စားဥယျာဉ်ဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး သက်ကယ်အိမ်ဆိုင် မီးလောင်ပျက်စီးသွားတာဖြစ်ကြောင်း သိရသည်။

“မီးလောင်တာက ညပိုင်းပါ၊ ဟင်းပေါင်းအိုး အပူလွန်ကဲပြီး လောင်တာလို့ ကြားမိတယ်။ အဲ့ဆိုင်က သက်ကယ်တွေဆိုတော့ မီးလောင်တာ မြန်တယ်၊ ဘာမှ မရလိုက်ဘူးလို့ ပြောတယ်၊ ဆုံးရှုံးတာက ဘယ်လောက်ရှိလဲတော့ မသိဘူး” ဟု ဒေသခံ အမျိုးသားလူငယ်တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်လည်း သီပေါမြို့နယ် ကောင်းလန်းကျေးရွာတွင် ဆိုလာဖြင့် ဘက်ထရီအားသွင်းထားရာမှ အပူလွန်ကဲပြီး နေအိမ်တစ်အိမ်လုံး မီးလောင်ဆုံးရှုံးသွားခဲ့ရကြောင်း သိရသည်။

ယခုအချိန်တွင် ပူပြင်းသည့်ရာသီ ဝင်ရောက်လာပြီဖြစ်သည့်အတွက် ဒေသခံများအနေဖြင့် မီးဘေးအန္တရာယ်ကို သတိပြု ဆင်ခြင် နေထိုင်သင့်ကြောင်းလည်း သက်ဆိုင်ရာမှ အသိပေးထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...

မူဆယ်မြို့တွင် ဆိုလာပြားဘတ္ထရီ ပေါက်ကွဲမှုကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆိုလာပြားဖြင့် ဘတ္ထရီ အားသွင်းရာမှ အပူလွန်ကဲပြီး ပေါက်ကွဲခဲ့ခြင်းကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၁ ရက်) ညနေ ၆ နာရီခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်၊ သိန်းသန်းချီ အဝေးပြေးကားကြီးဝင်းနှင့် ခိုင်ဇာနန်းတော် ဟိုတယ် အနီးပတ်ဝန်းကျင်ရှိ နေအိမ်တစ်လုံးတွင်...

စစ်ကော်မရှင် သီပေါမြို့နယ်ထဲ လေကြောင်းဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေ

0
စစ်ကော်မရှင်သည် သီပေါမြို့နယ်အတွင်း ယနေ့ (အောက်တိုဘာ ၁၄)ရက် ညနေ ၄နာရီခွဲတွင် လေကြောင်းဖြင့် အဆက်မပြတ်ကြဲနေကြောင်း သတင်းရရှိသည်။ ထိုစစ်ကော်မရှင်လေကြောင်းဗုံးကြဲသည့်နေရာသည် သီပေါမြို့နယ် ဘော်ကြို၊ တိုးဂိတ်ဘက်တို့ဖြစ်ကြောင်း သီပေါမြို့ ဒေသခံတစ်ဉီးပြောပြချက်အရသိရသည်။ “ မြို့ထဲတော့ မပစ်သေးဘူး။ ၁၁ လုံးလောက်ရှိနေပြီ။ ဘယ်နားပစ်ချတာလဲတော့ အတိကျမသိဘူး။ မြို့နဲ့တော့ဝေးနေသေးတယ်။ တိုးဂိတ် ၊...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...