လေကြောင်းဗုံးကြဲ

ဆီဆိုင်မြို့တိုက်ပွဲ စစ်ကောင်စီ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက် ဘုန်ကြီးကျောင်းနှင့် အဆောက်အဦး ထိခိုက်ပျက်စီးမှုများ

သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုကြောင့် ကျေးရွာဘုန်းကြီးကျောင်းများနှင့် အရပ်သားနေအိမ် အများအပြား ထိခိုက်ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့တဲ့ (ဇန်နဝါရီလ ၂၃ ရက်) မှစပြီး ဆီဆိုင်မြို့ပေါ်တွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ၊ KNDF ၊PDFပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်၊...

နမ့်ခမ်းမြို့နယ် အတွင်း စစ်ကောင်စီ လေကြောင်းဖြင့်ဗုံးကြဲ ဒေသခံ ၂ဦး ထိခိုက်

သျှမ်းပြည် နမ့်ခမ်းမြို့နယ် တွင် ယနေ့ (ဇန်နဝါရီ ၂၁)ရက် နေ့လည်ပိုင်းတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံ (၂)ဦးထိခိုက်ဒဏ်ရာရရှိသည့်အပြင် နေအိမ်များလည်း ပျက်စီးမှုရှိကြောင်း စုံစမ်းသိရသည်။ နမ့်ခမ်းမြို့နယ် နောင်မလုံ ကျေးရွာ (ဇန်နဝါရီလ ၂၁ ရက်) နေ့လည် ၁၂ ကျော်တွင် စစ်ကောင်စီမှ...

နောင်ချို စစ်ကောင်စီ လေကြောင်းဗုံးကြဲ အမျိုးသမီးနှင့် ကလေး အပါအဝင် ၃ ဦးသေဆုံး

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦးနှင့် ကလေး ၁ ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၁၁ ရက်) နေ့လည် ၁၁ နာရီခွဲအချိန်ခန့်က နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာတွင် တိုက်ပွဲတစုံတရာ...

နမ္မတူမြို့ကို TNLA တပ်ဖွဲ့ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ၊ ကျောင်းဆရာမတစ်ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရ

သျှမ်းပြည် နမ္မတူမြို့နယ်ကို တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က အလုံးစုံထိန်းချုပ်နိုင်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းဆရာမတစ်ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ၂၈ ရက်တွင် နမ္မတူမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ-၃၂၄ တပ်ရင်းကို တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က...

လောက်ကိုင်မြို့ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၃ ဦး သေဆုံး၊ ၅ ဦးဒဏ်ရာရ

သျှမ်းပြည် လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းသိရသည်။ လောက်ကိုင်မြို့ရှိ အိုလုံတုံ့နေရာကို ဒီဇင်ဘာလ ၂၃ ရက်က စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင်များ ခိုလှုံရာနေရာသို့ ကျရောက်ပေါက်ကွဲခဲ့ကာ အရပ်သား ၃ ဦး...

မူဆယ်မြို့နယ် တိုက်ပွဲပြင်းထန်နေ၊ စစ်တပ်မှ လေယာဉ်ဖြင့် ဗုံးကြဲ

သျှမ်းပြည် မူဆယ်မြို့နယ် နမ့်ခွမ်ရွာ-တုန်ခန်ရွာအကြားတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် နေကြောင်း သတင်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၄ ရက်) မွန်းလွဲပိုင်းအချိန်မှစပြီး မူဆယ်မြို့နယ် နမ့်ခွမ်ရွာ-တုန်ခုန်ရွာ အကြားတွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း...

နမ့်ခမ်း စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီး

သျှမ်းပြည် နမ့်ခမ်းမြို့ရှိ မြို့မရဲစခန်းအနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) ည ၇ နာရီခွဲအချိန်ခန့်က နမ့်ခမ်းမြို့ ပေါက်နေရပ်ရှိ မြို့မရဲစခန်းအနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ...

နမ့်ခမ်း စစ်ကောင်စီလေကြောင်းဗုံးကြဲ ကလေး ၂ ဦး အပါအဝင် ၅ ဦး ထိမှန်သေဆုံး

သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုကြောင့် ကလေး ၂ ဦး အပါအဝင်အရပ်သား ၅ ဦးထိမှန်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၇ ရက်) နံနက် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြု၍ နမ့်ခမ်းမြို့နယ် ကောင်းကတ်ကျေးရွာအုပ်စု၊ ဟိုနားကျေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး...

သျှမ်း-မန္တလေးနယ်စပ် မိုင်းလုံမြို့ လေယာဉ်ဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦးသေ၊ အရပ်သား ၁၀ ဦးဒဏ်ရာရ

သျှမ်းပြည် ကျောက်မဲမြို့နယ် မိုင်းလုံမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး အရပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၅ ရက်) နံနက် ၉ နာရီအချိန်ခန့်က သျှမ်း-မန္တလေးနယ်စပ်ရှိ မိုင်းလုံမြို့တွင် စစ်ကောင်စီတပ်မှ...

လားရှိုး စစ်ကောင်စီ တိုက်လေယာဉ်ဗုံးကြဲမှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးသွားခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၂ ရက်) ည ၉ နာရီတွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ လုံတွေကျေးရွာတွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့်...

Latest news