နမ့်ခမ်းမြို့နယ် အတွင်း စစ်ကောင်စီ လေကြောင်းဖြင့်ဗုံးကြဲ ဒေသခံ ၂ဦး ထိခိုက်

သျှမ်းပြည် နမ့်ခမ်းမြို့နယ် တွင် ယနေ့ (ဇန်နဝါရီ ၂၁)ရက် နေ့လည်ပိုင်းတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံ (၂)ဦးထိခိုက်ဒဏ်ရာရရှိသည့်အပြင် နေအိမ်များလည်း ပျက်စီးမှုရှိကြောင်း စုံစမ်းသိရသည်။

နမ့်ခမ်းမြို့

နမ့်ခမ်းမြို့နယ် နောင်မလုံ ကျေးရွာ (ဇန်နဝါရီလ ၂၁ ရက်) နေ့လည် ၁၂ ကျော်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များလည်း ပျက်စီးမှုရှိခဲ့ကြောင်း နမ့်ခမ်းဒေသခံများပြောပြချက်အရသိရသည်။

‌” အိမ်တွေ လည်းထိတယ်၊အိမ်ရှင် နှစ်ယောက်လည်းထိသွားတယ်။နမ့်ခမ်းမှာတိုက်ပွဲတော့မရှိဘူး။လေယာဉ် နဲ့ဗုံးလာကြဲသွားတာ။ တခြားနေရာ တွေလည်း ဗုံးတွေကြဲသွားတယ်။”ဟု နမ့်ခမ်းမြို့ အသက် ၄၀ အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုထိခိုက်ဒဏ်ရာရရှိသော အမျိုးသားသည် အသက် ၅၁ အရွယ်ရှိ စိုင်းထွန်းလှ နှင့် အသက် ၄၃ နှစ်အရွယ် နန်းခမ်းအောင် တို့ဖြစ်ကြောင်းသိရသည်။

အလားတူ နမ်းခမ်းမြို့နယ် နယ်မြေထိစပ်နေသည့် ကချင်ပြည် မန်စီမြို့နယ်၊ မန်ဝိန်းကြီရွာ တွင်လည်း စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့တိုက်ပွဲများပြင်ထန်ခဲ့ပြီး စစ်ကောင်စီမှ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ်များ ပျက်စီးမှုရှိခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ကချင်စစ်သားတွေကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စစ်ကောင်စီတွေကို ဝင်ပစ်တာ၊ စစ်ကောင်စီတွေကလည်း လေကြောင်းတွေနဲ့ ပြန်ပစ်တော့ ပြည်သူတွေကိုလည်းထိတယ် နေအိမ် တွေကိုလည်းထိတယ်။ လက်နက်သံတွေကလည်း မနက်ကတည်းက ကြားနေရတာပဲ”ဟုတ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်၊ မန်စီမြို့ နယ် မန်ဝိန်းကြီးရွာ စခန်း စစ်ကောင်စီတပ်စခန်းခမရ (၄၂၄) ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ယနေ့ (ဇန်နဝါရိလ ၂၁)နံနက်တွင် တိုက်ခိုက်သိမ်းခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

နန်းမယ်ခုံမြို့နယ်ကို စစ်တပ်က ထပ်မံ လေကြောင်းဗုံးကြဲ

0
ကရင်နီပြည် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၉ ရက်) နေ့လည် ၁ နာရီဝန်ကျင်တွင် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီနေ့ နေ့လည်က ဗုံးကြဲသွားတာ ဟုတ်ပါတယ်။နန်းမယ်ခုံ တဝိုက်ကိုပဲ ကြဲသွားတာပါ။ လူအထိခိုက်တော့ မရှိဘူးဗျ။အိမ် နှစ်လုံးပေါ်ကျတာ။”ဟု မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။  ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်တွင်လည်း နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၂) ဦး သေဆုံးခဲ့သည်။ ယမန်နေ့ (ဇွန်လ ၂၈ ရက်) တွင်လည်း မိုးဗြဲအနီးရှိ စစ်ကော်မရှင်တပ် စခန်းတစ်ခုကို တော်လှန်ရေး တပ်ပေါင်းစုများကဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်း စစ်သား (၁) ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၂) ဦး နှင့် အတူ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...