လားရှိုးမြို့

လားရှိုးမြို့တွင် လူငယ်ခေါင်းဆောင် စွမ်းရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် လူငယ်ခေါင်းဆောင်များ စွမ်းရည်မြှင့်တင်ရေးသင်တန်း  ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ သင်တန်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် Tai Youth Network က ဦးဆောင်ကာ မေလ ၂၀ ရက်မှ ဂျူလိုင်လ ၂၀ ရက်နေ့အထိ ၂ လကြာ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း  သင်တန်းဖြစ်မြောက်ရေးစီစဉ်သူ စိုင်းနော်ဆိုင်က သျှမ်းသံတော်ဆင့်အားပြောသည်။ “အခုကျနော်တို့...

လားရှိုးမြို့တွင် ဂေါက်ကွင်းအတွက်သိမ်းဆည်းထားသည့်မြေများမှ လူထုအားဖြတ်သန်းခွင့်မပြုသဖြင့် လယ်ယာသွားရန်အခက်တွေ့နေ 

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် တပ်မှ သိမ်းဆည်းထားသည့်လယ်ယာမြေများ၏ အတွင်းပိုင်းကျသော ခြံမြေများသို့ လူထုအား သွားရောက်လုပ်ကိုင်စားသောက်ခွင့်မပြုသဖြင့် လူထုအခက်တွေ့နေရကြောင်း သိရသည်။ သံချပ်ကာတပ်ရင်း ၇၀၀၅ မှ ဂေါက်ကွင်းတိုးချဲ့ရန်အတွက် သိမ်းဆည်းထားသော ဟူးမွန်ကျေးရွာအုပ်စု ခေးခမ်းရွာသားများ၏ လယ်ယာ ခြံမြေများအားဖြတ်သန်းကာ (မသိမ်းရသေးသော) အတွင်းပိုင်းကျသည့် ခြံမြေများသို့ပါ ရွာသားများအား သွားရောက်စိုက်ပျိုး ခွင့်မပေးလိုသဖြင့်...

နှစ်ပေါင်း ၃၀ နီးပါး တပ်မှသိမ်းသွားသောလယ်ယာမြေများအား လူထု ၂၀၀ ကျော်လမ်းလျှောက်ဆန္ဒဖော်ထုတ်ပြန်တောင်း 

သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့တွင် သိမ်းဆည်းခံထားရသောလယ်ယာမြေများအား လူထုထံပြန်လည်အပ်နှံပေးဖို့ တောင်သူလယ်သမားရာနှင့်ချီ လမ်းလျှောက်ဆန္ဒဖော် ထုတ်ခဲ့ကြကြောင်းသိရသည်။ ဧပြီလ ၅ ရက် ယနေ့နံနက် ၉ နာရီမှ မွန်းတည့်ချိန်အထိ လားရှိုးမြို့ ခေးနင်း ဘူတာမှ မြို့တော်ခန်းမအထိ လူထု ၂၀၀ ကျော်သည် ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ပြီး လားရှိုးမြို့ တပ်ရင်း...

လားရှိုးမြို့ ရပ်ကွက် ၇ ရှိနေအိမ်တလုံးတွင် ပေါက်ကွဲမှုဖြစ်ပွါး

သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့ ရပ်ကွက် ၇ နယ်မြေ ၄ တွင် အောက်တိုဘာလ ၁၁ ရက်နေ့ ည ၉ နာရီအချိန်က နေအိမ်တအိမ်အတွင်း ပေါက်ကွဲမှုဖြစ်ပွါးခဲ့သည်။   အမက ၂ ကျောင်းအနီးရှိ အိမ်အမှတ် ၃၄  တွင်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လူသူထိခိုက်ဒဏ်ရာ ရမှုတော့မရှိကြောင်း သက်ဆိုင်ရာအာဏာပိုင်များ ပြောသည်ဟု လားရှိုးခရိုင်အမျိုးသား...

စစ်ရေးပဋိပက္ခပူးပေါင်းအဖြေရှာရန် သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ၂ ဦးထံ ဗဟိုသျှမ်းစာ/ယဉ် မှ စာပို့

သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့တွင် ၂၁၁၃ ခု သျှမ်းနှစ်သစ် ကြိုဆိုသည့်ပွဲတော် ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗဟိုသျှမ်းစာပေယဉ်ကျေးမှု အဖွဲ့ နှင့် မြို့နယ်အသီးသီးမှသျှမ်းစာပေယဉ်ကျေးမှုအဖွဲ့များ တွေ့ဆုံဆွေးနွေးရာ ဒေသခံများ တင်ပြချက်အရ ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများရပ်တန့်ရန်အတွက် ပူးပေါင်းအဖြေရှာကြရန် သျှမ်းပြည်တပ်မတော် ခေါင်းဆောင်နှစ်ဦးထံ တိုက်တွန်းစာပေးပို့လိုက်ကြောင်းသိရသည်။ ၂၁၁၃ ခု သျှမ်းနှစ်သစ်ကူးပွဲ စုပေါင်းကျင်းပနိုင်ရေးအတွက် သြဂုတ်လ...

လားရှိုးမြို့မြောက်ဘက်တွင် အစိုးရတပ်နှင့် TNLA တိုက်ပွဲဖြစ် ရွာသားတချို့ စစ်ဘေးရှောင်နေရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်း အစိုးရတပ်နှင့် တအာင်း TNLA တပ်တို့ တိုက်ပွဲဖြစ်ပွါးမှုကြောင့် ဒေသခံလူထု မိုင်းယော်သို့ စစ်ဘေးရှောင် ရောက်ရှိနေကြောင်းသိရသည်။ သြဂုတ်လ ၂၁ ရက် ယနေ့မနက် ၈ နာရီ ၄၅ မိနစ်မှ ၉ နာရှိခွဲကျော်အထိ ပစ်ခတ်တိုက်ခိုက်မှုသံများ၊ လက်နက်ကြီးသံများ ကြားရကြောင်းမိုင်းယော်ဒေသခံများကပြောဆိုသည်။ “မိုင်းယော်တောင်ဘက်အရပ်က...

လားရှိုးမြို့မြောက်ဘက်မှာ မဟာမိတ်တပ်ဖွဲ့နဲ့အစိုးရတပ်ပစ်ခတ်မှုဖြစ်ပွါး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အစိုးရတပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးခဲ့ကြောင်းသိရပါတယ်။ ဩဂုတ်လ ၁၇ ရက်နေ့မနက် ၉ နာရီကနေ ၁၁ နာရီအထိ လားရှိုးမြို့အရှေ့ဘက်မိုင် ၃၀ ကျော်အကွာက မိုင်းယော်တိုက်နယ်ထဲမှာ တိုက်ပွဲဖြစ်ပွါးခဲ့တာပါ။ မိုင်းယော်တိုက်နယ်အရှေ့ဘက်မိုင် ၂၀ လောက်အကွာမှာရှိတဲ့ ပန်ကိန် ဟိုဆေ အုပ်စုဘက်မှာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။ တအာင်း TNLA နဲ့...

၂၀၀၈ အတိုင်းသွားနေလို့ မူးယစ်ဆေး ပြဿနာ မရှင်းနိုင်သေး သျှမ်းပြည်နယ်အမှတ် ၃ မဲဆန္ဒနယ် အမျိုးသားလွှတ်တော်အမတ်ပြော 

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ကျေးလက်အုပ်စုများ အတွင်း မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းဆီး သော်လည်း မအောင်မြင်နိုင်သေးသည်မှာ အစိုးရအနေဖြင့်ထိထိရောက်ရောက်ကိုင်တွယ်ရန်အထူးလိုအပ်ကြောင်း လားရှိုးခရိုင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်စိုင်းဝမ်းလျန်းခမ်း ကပြောသည်။ “တရားဥပဒေစိုးမိုးမှုမရှိလို့ မူးယစ်ဆေးဝါးမပ ပျောက်နိုင်တာလို့မြင်တယ်။ ၂၀၀၈ အခြေခံဥပဒေ အတိုင်းသာ ဆက်သွား နေမယ်ဆိုရင်မူးယစ်ပြသနာကဒီအတိုင်းသွားနေမှာဘဲ။ လူထုရွေးချယ်တဲ့ အစိုးရ အောက်မှာ...

မူးယစ်ကြောင့် လားရှိုးမြို့ခံတဦးက အိမ်နီးချင်းကိုဓါးဖြင့်ခုတ်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် အရက်မူးနေသည့် လူတဦးက အိမ်နီးချင်းလင်မယားအား ၀င်ရောက် ခုတ်ထစ်သဖြင့် ဇနီးဖြစ်သူ ဒဏ်ရာပြင်းထန်စွာရရှိပြီးမန္တလေးဆေးရုံသို့ပို့ဆောင်ဆေးကု နေရကြောင်း သိရ သည်။ လားရှိုးမြို့ ရပ်ကွက် ၁၂ နေ စိုင်းဆန်ပန် နှင့် နန်းခမ်းစံ လင်မယားအား သြဂုတ်လ ၅ ရက်နေ့မွန်းလွဲပိုင်းက အိမ်နီးချင်းနေ စိုင်းအိုအေး...

လားရှိုးမြို့တွင်ယာဉ်နှင့်အတူ မျောပါသွားသည့် ယာဉ်မောင်း ယနေ့ထိရှာမတွေ့သေး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၁၂ နမ့်လောင်းရေကြီးမှုကြောင့် ရေနှင့်မျောပါသွားသည့် ကားအတွင်းမှ ကားသမားအား ယနေ့မနက်အထိ အဖွဲ့အစည်းအသီးသီးမှ လားရှိုးလူငယ်များစုပေါင်းကာ ရှာဖွေမှုပြုနေသော်လည်းရှာမတွေ့သေးကြောင်းသိရသည်။ ဇူလိုင်လ ၂၈ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြောင်းရေလျှံတက်ကာရေစီးသန်ချိန် ၁၂ ရပ်ကွက်သား စိုင်းငြိမ်းကျော်ဦးသည် တားမြစ်ထားသည့်ဧရိယာအတွင်းရှိ တံတားတခုအားဖြတ်မောင်းနှင်ရာ ချောင်းရေနှင့်အတူ လူရော ကားပါ...

Latest news