Tuesday, January 27, 2026

စစ်ရေးပဋိပက္ခပူးပေါင်းအဖြေရှာရန် သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ၂ ဦးထံ ဗဟိုသျှမ်းစာ/ယဉ် မှ စာပို့

သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့တွင် ၂၁၁၃ ခု သျှမ်းနှစ်သစ် ကြိုဆိုသည့်ပွဲတော် ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗဟိုသျှမ်းစာပေယဉ်ကျေးမှု အဖွဲ့ နှင့် မြို့နယ်အသီးသီးမှသျှမ်းစာပေယဉ်ကျေးမှုအဖွဲ့များ တွေ့ဆုံဆွေးနွေးရာ ဒေသခံများ တင်ပြချက်အရ ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများရပ်တန့်ရန်အတွက် ပူးပေါင်းအဖြေရှာကြရန် သျှမ်းပြည်တပ်မတော် ခေါင်းဆောင်နှစ်ဦးထံ တိုက်တွန်းစာပေးပို့လိုက်ကြောင်းသိရသည်။

လားရှိုးမြို့တွင် ၂၁၁၃ ခု သျှမ်းနှစ်သစ် ကြိုဆိုသည့်ပွဲတော် ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗဟိုသျှမ်းစာပေယဉ်ကျေးမှု အဖွဲ့ နှင့် မြို့နယ်အသီးသီးမှသျှမ်းစာပေယဉ်ကျေးမှုအဖွဲ့များ တွေ့ဆုံဆွေးနွေး

၂၁၁၃ ခု သျှမ်းနှစ်သစ်ကူးပွဲ စုပေါင်းကျင်းပနိုင်ရေးအတွက် သြဂုတ်လ ၁၇ ရက်နေ့က ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗဟိုသျှမ်းစာပေယဉ်ကျေးမှု အဖွဲ့ နှင့် သျှမ်းပြည်မြောက်ပိုင်း တောင်ပိုင်းမှ မြို့နယ်က သျှမ်းစာပေ နှင့် ယဉ်ကျေးမှုအသင်းဝင် အကြီးအကဲများ ကိုယ်စားများ သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့ သျှမ်းစာပေယဉ်ကျေးမှုရုံးတွင် တွေ့ဆုံကြရာ သျှမ်းပြည်မြောက်ပိုင်းအတွင်း ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများရပ်တန့်နိုင်ရေးအတွက် သျှမ်းပြည်တပ်မတော်ခေါင်းဆောင် နှစ်ဦးထံ စာများပေးပို့ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဗဟိုသျှမ်းစာပေယဉ်ကျေးမှု ဥက္ကဌ စိုင်းတင်ကပြောသည်။

“ကျနော်တို့ ၂၁၁၃ သျှမ်းနှစ်သစ်ကူးပွဲတော်စုပေါင်းကျင်းပရေးအတွက် လားရှိုးမှာ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေး ခဲ့တာဖြစ်တယ်။ အစည်းအဝေးတက်ရောက်လာတဲ့ နမ္မတူဒေသခံတွေက သူတို့ဒေသတွင်းမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရတယ်။ လုပ်ငန်းခွင်မဝင်ရတော့ ကောက်ပဲအသစ်တွေရှိမှာမဟုတ်ဘူး။ ဒါကြောင့် ပွဲကျင်းပမယ်ဆိုရင်သူတို့ဘက်ကိုလည်း ငဲ့ကြည့်ပေးဖို့ ဆွေးနွေးလာတယ်။ ဒါကြောင့် ကျနော်တို့ သျှမ်းစာပေယဉ်ကျေးမှုအနေနဲ့ သျှမ်းလက်နက်ကိုင်တပ် ၂ ခုဖြစ်တဲ့ SSPP/SSA နဲ့ RCSS/SSA ရဲ့ခေါင်းဆောင်တွေဆီကို – တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်နိုင်အောင် ဆွေးနွေးအဖြေရှာပေးဖို့ – စာပေးပို့ရတာဖြစ်တယ်”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အဆိုပါ ပေးစာတွင်- သျှမ်းပြည်မြောက်ပိုင်းရှိ မိဘပြည်သူများမှာ စစ်ဘေးစစ်ဒဏ်ကိုမပြတ်ခံနေရပြီး လယ်ယာခြံမြေနှင့် နေရပ်ကိုစွန့်ခွါကာ စစ်ဘေးရှောင်နေရကြောင်း၊ လယ်ယာမဆင်းရသဖြင့် လာမည့်နှစ်တွင် ၀မ်းရေးအတွက် စိတ်ပူရကြောင်း၊ ထို့အပြင် အမျိုးသားရေးအတွက် ဆောင်ရွက်နေသော အဖွဲ့အစည်းအသီးသီးထံ ကူညီထောက်ပ့ံမှုပေးနိုင်မည်မဟုတ်ကြောင်း ၊ ရည်မှန်းချက်တူပြီး သဘောထားခြင်းမတိုက်ဆိုင်ရုံဖြင့် လက်နက်ကိုင်ကာပြသနာဖြေရှင်း နေရသည်မှာ မိဘပြည်သူမှ ၀မ်းနည်း နေရကြောင်း ၊ အနာဂတ်မျိုးဆက်သစ်များအတွက် ရုပ်ဆိုးသောသမိုင်းမထားရှိသင့်ကြောင်း ပါရှိပါသည်။

“စာပေယဉ်ကျေးမှုအဖွဲ့ဆိုပေမယ့် အချင်းချင်းမသင့်မြတ်ကြရင်လည်း စာပေယဉ်ကျေးမှုထိန်းသိမ်းရေး လုပ်ငန်းလုပ်နိုင်မှာ မဟုတ်တဲ့အတွက် အချင်းချင်းပြေပြေလည်လည်ညှိနှိုင်းကြဖို့၊ အလေးအနက်ထားပြီး အဖြေရတဲ့အထိ ငြိမ်းချမ်းစွာဖြေရှင်းကြဖို့ ခေါင်းဆောင် ၂ ဦးဆီကိုစာပေးပို့ရတာဖြစ်ပါတယ် ” – ဟု စိုင်းတင်ကပြောသည်။

သျှမ်းပြည်မြောက်ပိုင်း သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် တအာင်းပလောင်လွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့အကြားဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ၄င်း၏မဟာမဟိတ်ဖြစ်သည့် PSLF/TNLA တပ်ဘက် သျှမ်းပြည်တပ်မတော် SSPP/SSA မှာ ပါ၀င်တိုက်ခိုက်သည်ဆိုသည့်သတင်း ထွက်ရှိလာခဲ့သည်။ ထိုဖြစ်စဉ်အပေါ် သျှမ်းလူထုတဝမှမ်းလုံးသာမက သျှမ်းသံဃာတော်ကြီးများပါ သျှမ်းပြည်ကြီးနှင့်တကွ ပြည်ထောင်စုတဝှမ်းလုံးငြိမ်းချမ်းစေရန် ဆက်တိုက် ဆုတောင်းမေတ္တာပို့တ ပွဲများပြုလုပ်လာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

SSPP နှင့် အငြင်းပွားမှုနယ်မြေအတွင်း အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် MNDAA သဘောတူ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား နယ်မြေအငြင်းပွားမှု ဒေသအတွင်း MNDAA ဘက်မှ တပ်သားသစ်စုဆောင်းခြင်းနှင့် အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် သဘောတူခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၇) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီး သံလွင်ကျေးရွာတွင် SSPP နှင့် MNDAA...

လားရှိုးမြို့အဝင် MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်း အချိန်အတော်ကြာ စစ်ဆေးခံရ

0
သျှမ်းပြည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်းကို ကားပေါ်အထိ တက်ရောက်ကာ အချိန်အတော်ကြာ စစ်ဆေးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၅) ရက် နံနက်ပိုင်းတွင် မိုင်းရယ်ဘက်မှ လာသည့် စစ်ကား (၆) စီးပါ စစ်ကောင်စီယာဉ်တန်းသည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ MNDAA...

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...

တရုတ်“ကျားကွက်”ထဲက လားရှိုးမြို့

0
“ စကစပဲ အုပ်ချုပ်သည်ဖြစ်စေ၊ ကိုးကန့်တပ်ကပဲ အုပ်ချုပ်သည်ဖြစ်စေ ကြိုက်တဲ့လူအုပ်ချုပ်ပါစေ ပြည်သူကတော့ အုပ်ချုပ်တဲ့လူတွေ ပြည်သူတွေအပေါ် မျှမျှတတ ဖြစ်ဖို့ပဲ လိုချင်တယ်။ ဘယ်သူ လာအုပ်ချုပ်ပါ၊ ဘယ်သူ မအုပ်ချုပ်နဲ့ လို့လည်း ပြောပိုင်ခွင့် မရှိဘူး၊ လက်ယက် ခေါ်လို့လည်း မရဘူး”လို့ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ဘေးရှောင်ဖြစ်ခဲ့ရတဲ့...

လားရှိုး မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်သည့် ကိုးကန့်တပ်သားနှစ်ဦး အချင်းချင်းပစ်သတ်၊ မိန်းကလေးကို MNDAA ဖမ်းထားပြီး ပြန်မလွှတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုတွင် ကိုးကန့်တပ်သားနှစ်ဦးသည် အရွယ်မရောက်သေးသည့် မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်ရာမှ အချင်းချင်း ပစ်သတ်ခဲ့၍ တစ်ဦးသေဆုံးသွားပြီး စွပ်စွဲခံရသည့် မိန်းကလေးကို MNDAA က ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ (၇) ရက် နံနက် (၆) နာရီကျော်တွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ...