၂၀၀၈ အတိုင်းသွားနေလို့ မူးယစ်ဆေး ပြဿနာ မရှင်းနိုင်သေး သျှမ်းပြည်နယ်အမှတ် ၃ မဲဆန္ဒနယ် အမျိုးသားလွှတ်တော်အမတ်ပြော 

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ကျေးလက်အုပ်စုများ အတွင်း မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းဆီး သော်လည်း မအောင်မြင်နိုင်သေးသည်မှာ အစိုးရအနေဖြင့်ထိထိရောက်ရောက်ကိုင်တွယ်ရန်အထူးလိုအပ်ကြောင်း လားရှိုးခရိုင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်စိုင်းဝမ်းလျန်းခမ်း ကပြောသည်။

စိုင်းခိုင်၊ နန်းခေါင် စိုင်းစံလှ နှင့်အိုက်ဆာအောင်

“တရားဥပဒေစိုးမိုးမှုမရှိလို့ မူးယစ်ဆေးဝါးမပ ပျောက်နိုင်တာလို့မြင်တယ်။ ၂၀၀၈ အခြေခံဥပဒေ အတိုင်းသာ ဆက်သွား နေမယ်ဆိုရင်မူးယစ်ပြသနာကဒီအတိုင်းသွားနေမှာဘဲ။ လူထုရွေးချယ်တဲ့ အစိုးရ အောက်မှာ ပြည်ထဲရေးတိုက်ရိုက်ရှိမနေတော့ သမ္မတက မညွှန်ကြားနိုင်ဘူး။ ဒါကြောင့် ဒီလို ကြီးမားတဲ့မူးယစ်ဆေးဝါးရှင်းလင်းရေးကိစ္စမှာ ကြားထဲက ချိတ်ဆက်မှုမရှိတဲ့ လစ်ဟာမှုတွေရှိနေတယ်။ လူတွေကလည်း ဟာကွက်ကိုအခွင့်ကောင်းယူပြီးတော့ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကား နေတယ်။ ဆိုတော့ တာဝန်ယူတာဝန်ခံမှုလုပ်ပေးတဲ့သူ မရှိတဲ့ခါကျတော့ လူထုကလည်းကိုယ့်အားကိုယ်ကိုးပြီး ရှင်းလင်းရေးလုပ်ရတယ်။ လူထုက လုပ်တယ်ဆိုပေမယ့်လည်း ရေရှည် လုပ်လို့ မနိုင်ဘူးလေ။ ပုဆိန်နဲ့ပေါက်မှရမယ့်အရေးကို အပ်လောက်ရှိတဲ့လူထုအင်အားနဲ့ထွင်းတာလောက်ဘဲရှိ တော့ အရာမထင်ဘူး။ ဆိုတော့ အစိုးရကိုယ်တိုင်ကထ လုပ်မှရမှာဖြစ်ပါတယ်။” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ယခုလဆန်းပိုင်းအတွင်း လားရှိုးမြို့အရှေ့တောင်ဘက်ရှိ နမ့်ပေါင်အုပ်စုအတွင်း အုပ်ချုပ်ရေးနှင့် ဒေသတွင်းရဲတပ်ဖွဲ့များက သြဂုတ်လ ၈ ရက်နေ့တွင်တကြိမ်နှင့် ၁၂ ရက်နေ့တွင်တကြိမ်စုစုပေါင်း ၂ ကြိမ် ၀င်ရောက်ဖမ်းဆီးသော်လည်း မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲနေဆဲဖြစ်ကြောင်း အဖျားသာရှင်းပြီးအရင်းအမြစ်မခုတ်ထစ်နိုင်သေးကြောင်း ဒေသခံများကဝေဖန်ပြောဆိုသည်။

နန်းဆိုင်ဟန်

“၁၂ ရက်နေ့တုန်းက အုပ်ချုပ်ရေး၊ ရဲ၊ ပြည်သူ့စစ်၊ ရပ်ကွက်မှူး လူအင်အား ၂၀ လောက်က ၂ ဖွဲ့ခွဲပြီးတော့ ရပ်ကွက် ၄ ကိုတဖွဲ့ ရပ်ကွက် ၅ ကိုတဖွဲ့ သွားပြီး စစ်ဆေးတယ်။ ရပ်ကွက် ၄ မှာ စိုင်းခိုင်၊ နန်းခေါင် တို့ဆီက ယာဘအပြားပေါင်း ၁၀၀၀ ကျော်ဖမ်းမိတယ်။ ရပ်ကွက် ၅ မှာကျတော့ စိုင်းနောင့် နန်းဆိုင်ဟန်တို့ဆီကနေ ယာဘအပြားပေါင်း ၅၀၀၀ ကျော်ဖမ်းမိတယ် ။ ရပ်ကွက် ၆ မှာလည်း ထွန်းလင်း နန်းနုတို့အိမ်မှာ ဘိန်းဖြူ (တန်ဖိုးကျပ်သိန်း ၈၀ ဖိုး) ဖမ်းမိတယ်။ ဒါ့အပြင်ငွေတွေ ရွှေတွေနဲ့ တခြားဘိန်းဖြူတွေ ဘာတွေကိုလည်းသိမ်းမိတယ်။” – ဟု နမ့်ပေါင်ဒေသခံ အိုက်စိုင်းက ပြောသည်။

ထွန်းလင်း နန်းနု

ထို့ပြင် လားရှိုးမြို့ခံ ဥပဒေသိကျွမ်းသူတစ်ဦးကလည်း “သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းပုဂ္ဂိုလ်များတာဝန်ရှိသလို ကျေးရာအုပ်စု အတွင်း နေထိုင်သူများလည်း တာဝန်ဝတ်တရားနှင့်အခွင့်အရေးများ အုပ်ချုပ်ရေးဥပဒေ အခန်း ၁၀ မှာ အချက်(က) နေအိမ် ဥပစာ လုံခြုံမှုနှင့်ပစ္စည်းလုံခြုံမှုအခွင့်အရေး များမကခံစားပိုင်ခွင့်ရှိသည် ဆိုတဲ့ အချက် ဥပဒေပြဌာန်းထားတာရှိတာပေါ့ ဒါပေမဲ့ လက်တွေ့မှာက ဘာလုံခြုံမှုမှခံစားပိုင်ခွင့်မရ လူမှုလုံခြုံရေး ဘာမှမရှိဘူးလို့ခံစားရတာပေါ့ ’’ဟုသျှမ်းသံတော်ဆင့်သို့ပြောသည်။

ယခင်လက နိုင်ငံတော် သမ္မတကြီး လားရှိုးမြို့သို့ရောက်ရှိပြီး မူးယစ်ဆေးဝါး ရှင်းလင်းရေးနှင့် ပတ် သက်ပြီးပြောကြားခဲ့ သည့်နောက်ပိုင်း ခရိုင်မှူးထံမှဖမ်းဝရမ်းမိန့်တောင်းခံကာ ရဲအာဏာပိုင်များကွင်းဆင်းဖမ်းဆီးရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း မူးယစ်ဆေးဝါးဆန့်ကျင် ရေးလူငယ်အဖွဲ့ကပြောသည်။

“၂၅-၁၀-၂၀၁၆တုန်းက နမ့်ပေါင်အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အုပ်ချုပ်ရေးမှူးဦးစိုင်းလှအောင်တို့အဖွဲ့ နဲ့ မူးယစ်ဆေးဝါး ဆန့် ကျင်တိုက်ဖျက်ရေး နမ့်ပေါင်လူငယ်အဖွဲ့တို့ စုံညီအစည်းအဝေးဆုံးဖြတ်ချက်အရ အဲနေ့ကစပြီး ၆ လအတွင်း မူးယစ် ဆေးဝါးပပျောက်အောင်သက်ဆိုင်ရာဌာန နဲ့ပူးပေါင်းဆောင်ရွက် တိုက်ဖျက်သွားဆိုပြီး အရင်ပြောထားသည့်ဟာတွေအလုပ်မဖြစ်ခဲ့ဘူး။ သက်ဆိုင်ရာများပူပေါင်းဆောင်ရွက် တာတော့အရင်ရှိခဲ့ဖူးပါတယ်။ ဒါမဲ့ ကြာကြာမှတခါ။ ခုတော့ ၄ ရက်ပဲခြားတယ် ထပ်ဖမ်းတယ် ။ တာဝန်အရလုပ်တာကောင်းပါတယ်။ မကြာမကြာတိုက်ဖျက်သွားရင်တော့ တိုးတက်မှုရှိ မှာပါ။ ’’ ဟု ၄င်းကဆက်ပြောသည်။

လက်ရှိတွင် သျှမ်းပြည်အနှံ့အပြား မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသုံးစွဲသူများ များပြားလာပြီး ကိုယ့်အားကိုယ်ကိုးမူးယစ်တိုက်ဖျက်ရေး ဒေသတွင်းလူထုအနေဖြင့်လည်း ကျယ်ပြန့်စွာ မဆောင်ရွက်နိုင်သကဲ့သို့ ဒေသခံအာဏာပိုင်များအနေဖြင့်လည်း ထိရောက်စွာ မတိုက်ဖျက်ပေးနိုင်မှုကြောင့် ခိုးဆိုးလုယက်မှု၊ မှုခင်းများ ဆက်တိုက်ဖြစ်ပေးနေကြောင်း လားရှိုးဒေသခံ လူငယ်ကပြောသည်။

သျှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့က သျှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး ပေါများနေသည်မှာ နိုင်ငံရေးကြောင့်ဖြစ်ကြောင်း၊ ဖြစ်ပွါးနေသည့်နိုင်ငံရေးပြသနာမဖြေရှင်းနိုင်သေးသရွေ့ မူးယစ်ဆေးဝါးပြသနာ ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း၊ မူးယစ်ဆေးဝါးများအားခေတ်အဆက်ဆက်အစိုးရ ကနိုင်ငံရေးလက်ကိုင်ဒုတ် အဖြစ်အသုံးပြုနေသောကြောင့် ဖြစ်ကြောင်းဝေဖန်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

လားရှိုးမြို့ “ကျော်သရဖူရွှေဆိုင်” နေအိမ် ဓားပြတိုက်ခံရပြီး ရွှေ ၅ ပိဿာပါသွားဟုဆို

0
သျှမ်းပြည် လားရှိုးမြို့ရှိ ရွှေအရောင်းအဝယ် လုပ်ကိုင်သည့် “ကျော်သရဖူ ရွှေဆိုင်”၏ နေအိမ်တွင် ဓားပြတိုက်ခံရပြီး ရွှေ (၅) ပိဿာနှင့် ကျပ်ငွေ သိန်းတစ်ထောင်ကျော် ပါသွားခဲ့ကြောင်း ဒေသခံပြောဆိုချက်အရ သိရသည်။ ယမန်နေ့ (၂၀၂၆ ဇန်နဝါရီလ ၁ ရက်) မွန်းတည့်ချိန် ၁၂ နာရီခန့်တွင် စစ်ကော်မရှင်...