လားရှိုးမြို့မြောက်ဘက်တွင် အစိုးရတပ်နှင့် TNLA တိုက်ပွဲဖြစ် ရွာသားတချို့ စစ်ဘေးရှောင်နေရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်း အစိုးရတပ်နှင့် တအာင်း TNLA တပ်တို့ တိုက်ပွဲဖြစ်ပွါးမှုကြောင့် ဒေသခံလူထု မိုင်းယော်သို့ စစ်ဘေးရှောင် ရောက်ရှိနေကြောင်းသိရသည်။

မိုင်းယော်တိုက်နယ်အတွင်း အစိုးရတပ်နှင့် တအာင်းတပ်တို့တိုက်ပွဲဖြစ်ပွါးသည့်နေရာပြမြေပုံ ( Photo from Saikaung facebook)

သြဂုတ်လ ၂၁ ရက် ယနေ့မနက် ၈ နာရီ ၄၅ မိနစ်မှ ၉ နာရှိခွဲကျော်အထိ ပစ်ခတ်တိုက်ခိုက်မှုသံများ၊ လက်နက်ကြီးသံများ ကြားရကြောင်းမိုင်းယော်ဒေသခံများကပြောဆိုသည်။

“မိုင်းယော်တောင်ဘက်အရပ်က လွယ်ပန်ဖီး ဘက်မှာ ပစ်ခတ်မှုအသံကြားရတယ်။ အရင် သကဆဖ ပြည်သူ့စစ် တပ်စခန်းဟောင်းရှိတဲ့တောင်ကြောဘက်မှာတိုက်ကြတာ။ တိုက်ပွဲက လွယ်ပန်ဖီးနဲ့ ၀မ့်ပန်ခုတ်ရွာကြား လောက်မှာဖြစ်လိမ့်မယ်။ ၂ ဖက်တပ်တွေ ရွာဘက်ကို ရောက်ရှိလာလို့ လွယ်ပန်ဖီးက ဒေသခံတချို့ မိုင်းယော်ထဲကိုရောက်လာတယ်။ နီးစပ်ရာဆွေမျိုးတွေဆီမှာခိုလှုံနေကြတာတွေ့တယ်။” – ဟု မိုင်းယော်ဒေသခံ စိုင်းဖှ က သျှမ်းသံတော်ဆင့်အား ပြောသည်။

မိုင်းယော်တိုက်နယ် တောင်ဘက် ခြမ်း ၈ မိုင်ခန့်အကွာရှိတောင်ကြောဘက်တွင် ပစ်ခတ်မှုဖြစ်ပွါးခြင်းဖြစ်ပြီး တိုက်ပွဲကြောင့်သေကြေဒဏ်ရာရမှုသတင်းတော့ မကြားသိရကြောင်း ၊ အဆိုပါ တောင်ကြောတွင် တအာင်းနှင့် တရုတ်လူမျိုးများ နေထိုင်ကြပြီး ပဲ၊ပြောင်း တောင်ယာ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ကြသည်။

“ပစ်ခတ်မှုတွေခန ခနဖြစ်ရင်ကျမတို့ ရွာဘက်မှာ စျေးသွားရောင်းဖို့တော့ မရဲတော့ဘူး။ ခုနောက်ပိုင်းက ပစ်ခတ်သံတွေက မကြာမကြာဆိုသလိုကြားနေရတာဘဲ။ ၀မ်းရေးအတွက်တော့အခက်အခဲဖြစ်ရတာပေါ့”- ဟု ရွာစျေးနေ့များသို့ စားသောက်ကုန်ပစ္စည်းများ လှည့်ပတ်ရောင်းနေသည့် စျေးသည်အမျိုးသမီးတဦး ကပြောသည်။

မိုင်းယော်တိုက်နယ်အတွင်း အစိုးရတပ်နှင့် တအာင်းတပ်တို့တိုက်ပွဲဖြစ်ပွါးသည့်နေရာပြမြေပုံ ( Photo from Saikaung facebook)

မိုင်းယော်တိုက်နယ်ဘက်တွင် အစိုးရစစ်တပ်နှင့် သကဆဖ ဌာနေပြည်သူ့စစ်တို့ အခြေချလှုပ်ရှား နေထိုင်ကြောင်း၊ ယခုနောက်ပိုင်း တအာင်းတပ်ဖွဲ့၊ သျှမ်းတပ်ဖွဲ့များလည်းဝင်ရောက်လှုပ်ရှားလာကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

လားရှိုးမြို့အရှေ့မြောက်ဘက် မိုင် ၃၀ ကျော်အကွာရှိ မိုင်းယော်တိုက်နယ် အရှေ့ဘက် ပန်ခါးရွာဘက်တွင်လည်း ပြီးခဲ့သည့်အပတ်က အစိုးရတပ်နှင့် တအာင်းတပ်တို့ ပစ်ခတ်မှုဖြစ်ပွါးခဲ့ပါသေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...