Tuesday, January 27, 2026

မူးယစ်ကြောင့် လားရှိုးမြို့ခံတဦးက အိမ်နီးချင်းကိုဓါးဖြင့်ခုတ်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် အရက်မူးနေသည့် လူတဦးက အိမ်နီးချင်းလင်မယားအား ၀င်ရောက် ခုတ်ထစ်သဖြင့် ဇနီးဖြစ်သူ ဒဏ်ရာပြင်းထန်စွာရရှိပြီးမန္တလေးဆေးရုံသို့ပို့ဆောင်ဆေးကု နေရကြောင်း သိရ သည်။

ဓါးခုတ်ခံရသဖြင့် ဆေးရုံတက်ဆေးကုသမှုခံယူနေရသူ စိုင်းဆန်ပန်အား SNLD ပါတီက သွားရောက်ကြည့်ရှုအားပေး Photo from Sai Lern Facebook

လားရှိုးမြို့ ရပ်ကွက် ၁၂ နေ စိုင်းဆန်ပန် နှင့် နန်းခမ်းစံ လင်မယားအား သြဂုတ်လ ၅ ရက်နေ့မွန်းလွဲပိုင်းက အိမ်နီးချင်းနေ စိုင်းအိုအေး (အသက် ၄၀ ကျော်) ဆိုသူက ၄င်းတို့နေအိမ်ခြံဝင်းအတွင်း ဓါးဖြင့်ဝင်ရောက် ခုတ်ဖြတ်သဖြင့် နန်းခမ်းစံတွင် ဒဏ်ရာအပြင်းအထန်ရရှိပြီး ၀င်ကယ်သော ၄င်း၏အမျိုးသား စိုင်းဆန်ပန်မှာ ခေါင်းတို့တွင် ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း လားရှိုးမြို့နယ် ကျားခေါင်းပါတီ SNLD ဒုဥက္ကဌ စိုင်းလျန် က သျှမ်းသံတော်ဆင့်အားပြောပြသည်။

“ သူ့မိန်းမက ဒဏ်ရာပြင်းထန်တော့ မန္တလေးဆေးရုံကို အဲ့နေ့မှာဘဲ ပို့ဆောင်ဆေးကုပေးလိုက်ရတယ်။ ခေါင်း ရဲ့ဘယ်ဖက်ခြမ်းရော ညာဘက်ခြမ်းရော ခုတ်ရှဒဏ်ရာရရှိတယ်။ လက်တွေမှာလည်းခုတ်မိတယ်။ ခေါင်းက ဒဏ်ရာ ပြင်းထန်တယ်။စိုးရိမ်ရတဲ့အခြေအနေလို့တောင်ပြောနေတယ်။ သူ့ယောက်ကျားကတော့ လားရှိုး ဆေးရုံမှာ ဘဲဆေးကုသမှုခံယူနေတယ်။ ခေါင်း ၂ ဖက်ခြမ်းလုံးမှာခုတ်ရှိဒဏ်ရာရမိတယ်။ သူ့မိန်းမ လောက် ဒဏ်ရာမဆိုးဘူး။ စိုင်းအိုအေးက ဓါးနဲ့ခုတ်ချိန်မှာအရက် ၊မူးယစ်ဆေးကြောင်နေတယ်လို့ အိမ်နီးချင်းတွေ ကပြောတယ် ”- ဟု လူနာအားသွားရောက် အားပေးမေးမြန်းကြည့်ရှုလာသည့် လားရှိုးမြို့နယ် SNLD ပါတီ ဒုဥက္ကဌ စိုင်းလျန် ကပြောသည်။

လားရှိုးမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများ တနေ့တခြားများပြားလာသည်ဖြစ်ရာ ဓါးခုတ်မှုတရားခံ စိုင်းအိုအေးမှာလည်း အရက်နှင့် မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲမှုကြောင့် စိတ်မူမမှန်ကာ ယခုတလော ရမ်းကားပြီး လူတကာအားလိုက်လံပြသနာရှာနေလေ့ရှိကြောင်း ၊ ထို့အတွက် ၄င်း၏ ဇနီးနှင့်သားသမီးများမှာ ၄င်းအားထားခဲ့ကာ ရွာသို့ ပြန်သွားနေကြကုန်ပြီဖြစ်ကြောင်း၊ ဓါးခုတ်မှုဖြစ်ပြီးနောက် ရဲတပ်ဖွဲ့က ၄င်းအားဖမ်းဆီး ချုပ်နှောင်ထားကြောင်း လားရှိုးမြို့ရပ်ကွက် ၁၂ မှ နန်းနု ကပြောသည်။

“စိုးရိမ်စရာလို့ပြောရင်မှားမယ်မထင်ပါဘူး။ မူးယစ်ဆေးတွေက သုံးစွဲတဲ့လူတွေအတွက် ဟင်းရွက်စျေး လိုဘဲရှာရလွယ်နေတဲ့ခေတ်။ မျိုးဆက်သစ်လူငယ်တွေအတွက်စိုးရိမ်ဖွယ်ဖြစ်နေတယ်။ ” – ဟုစိုင်းလျန်က ပြောသည်။

မူးယစ်ဆေးဝါး ဥပဒေသစ်တွင် ဆေးသုံးစွဲသူများအား မူးယစ်လက်ဝယ်မဖမ်းမိပါက ချုပ်နှောင် ခြင်းမပြု ၊ ရောင်းဝယ်သူများကိုသာ ဖမ်းဆီးမည်ဟု ဆိုသောကြောင့် မူးယစ်ဆေးကြောင်သူများ ရမ်းကားပြသနာရှာခြင်း နေ့စဉ်ဖြစ်ပေါ်နေကြောင်းလည်း ဒေသခံများကပြောဆိုပါသည်။

မူးယစ်စိတ်ကြွသုံးစွဲမှုပြဿနာက လွှတ်တော်မှာ အကြိမ်ကြိမ် အကျယ်တဝံ့ ဆွေးနွေးနေပေမယ့် လည်း ဒီနေ့ထိ ၎င်းရဲ့ဆိုးမွေက လူထုကိုခြိမ်းခြောက်နေဆဲပါပဲ – ဟု ၄င်းနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက ၄င်း ဖေ့စ်ဘုစာမျက်နှာတွင် ရေးသားဖော်ပြထားသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

SSPP နှင့် အငြင်းပွားမှုနယ်မြေအတွင်း အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် MNDAA သဘောတူ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား နယ်မြေအငြင်းပွားမှု ဒေသအတွင်း MNDAA ဘက်မှ တပ်သားသစ်စုဆောင်းခြင်းနှင့် အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် သဘောတူခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၇) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီး သံလွင်ကျေးရွာတွင် SSPP နှင့် MNDAA...

လားရှိုးမြို့အဝင် MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်း အချိန်အတော်ကြာ စစ်ဆေးခံရ

0
သျှမ်းပြည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်းကို ကားပေါ်အထိ တက်ရောက်ကာ အချိန်အတော်ကြာ စစ်ဆေးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၅) ရက် နံနက်ပိုင်းတွင် မိုင်းရယ်ဘက်မှ လာသည့် စစ်ကား (၆) စီးပါ စစ်ကောင်စီယာဉ်တန်းသည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ MNDAA...

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...

တရုတ်“ကျားကွက်”ထဲက လားရှိုးမြို့

0
“ စကစပဲ အုပ်ချုပ်သည်ဖြစ်စေ၊ ကိုးကန့်တပ်ကပဲ အုပ်ချုပ်သည်ဖြစ်စေ ကြိုက်တဲ့လူအုပ်ချုပ်ပါစေ ပြည်သူကတော့ အုပ်ချုပ်တဲ့လူတွေ ပြည်သူတွေအပေါ် မျှမျှတတ ဖြစ်ဖို့ပဲ လိုချင်တယ်။ ဘယ်သူ လာအုပ်ချုပ်ပါ၊ ဘယ်သူ မအုပ်ချုပ်နဲ့ လို့လည်း ပြောပိုင်ခွင့် မရှိဘူး၊ လက်ယက် ခေါ်လို့လည်း မရဘူး”လို့ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ဘေးရှောင်ဖြစ်ခဲ့ရတဲ့...

လားရှိုး မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်သည့် ကိုးကန့်တပ်သားနှစ်ဦး အချင်းချင်းပစ်သတ်၊ မိန်းကလေးကို MNDAA ဖမ်းထားပြီး ပြန်မလွှတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုတွင် ကိုးကန့်တပ်သားနှစ်ဦးသည် အရွယ်မရောက်သေးသည့် မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်ရာမှ အချင်းချင်း ပစ်သတ်ခဲ့၍ တစ်ဦးသေဆုံးသွားပြီး စွပ်စွဲခံရသည့် မိန်းကလေးကို MNDAA က ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ (၇) ရက် နံနက် (၆) နာရီကျော်တွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ...