Friday, May 17, 2024

လက်နက်ကြီး

နမ္မတူမြို့နယ် မန်စံ EPC ရုံးဝင်းအတွင်း လက်နက်ကြီး ကျ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာ အနီးရှိ EPC ရုံးဝင်းအတွင်း ယမန်နေ့ (ဧပြီ ၁)ရက် ည ၈နာရီတွင် လက်နက်ကြီး(၂)လုံး ကျကာ ဝန်ထမ်းတန်းလျား ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၁)ရက်တွင် နမ္မတူမြို့နယ် မန်စံကျေးရွာတွင် လက်နက်ကြီး ၂လုံးကျကာ တလုံးသည် EPC...

သီပေါမြို့နယ် မပေါက်ကွဲသေးသည့် လက်နက်ကြီးကို ဆော့ကာ အရပ်သားနှစ်ဦးသေ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ်တွင် တိုက်ပွဲကြောင့် မပေါက်ကွဲဘဲ ကျန်နေသည့် လက်နက်ကြီးကျည် တစ်လုံးကို သွားကောက်ယူပြီး ထုနှက် ဆော့သဖြင့် အရပ်သားနှစ်ဦး သေဆုံးခဲ့ရကြောင်း စုံစမ်းသိရသည်။ သီပေါမြို့နယ် မန်လီကျေးရွာတွင် ယမန်နေ့ (မတ် ၂၅)ရက်တွင် အရပ်သားသုံးဦးသည် တိုက်ပွဲအတွင်း မပေါက်ကွဲသေးဘဲ ကျန်ခဲ့သည့် လက်နက်ကြီးကျည် တစ်လုံးကို...

ကျောက်မဲမြို့နယ် ရှိ နေအိမ်တလုံးပေါ် လက်နက်ကြီးကျ အမျိုးသား တဦးသေ၊ အမျိုးသမီး ၂ဦး ကျည်ထိမှန်

သျှမ်းမြောက် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု ညောင်မောင်းကျေးရွာရှိ နေအိမ်ပေါ် တလုံးပေါ် ယနေ့ (မတ် ၂၃)ရက် မနက်ပိုင်းတွင် လက်နက်ကြီးကျသဖြင့် အရပ်သား တဦးသေဆုံးကာ၊ အမျိုးသမီး (၂)ဦး ကျည်ထိမှန်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲကြားထဲ ပိတ်မိနေဆဲ ဟု သတင်းရရှိသည်။ ယနေ့ (မတ် ၂၃)ရက် မနက်ပိုင်းမှစကာ...

ကျောက်မဲမြို့နယ် လက်နက်ကြီးကျ ကိုယ်ဝန်ဆောင်တဦး၊ အမျိုးသားတဦးသေ

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု ကလောဝိုင်းကျေးရွာတွင် လက်နက်ကြီး တလုံး ကျကာ ကိုယ်ဝန်ဆောင် အမျိုးသမီး တဦး နှင့် အမျိုးသား တဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၁၅)ရက် နေ့လည်ပိုင်းတွင် တော့ဆန်းကျေးရွာအုပ်စု အနီးတစ်ဝိုက်တွင် တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းဖြစ်သည့် သျှမ်းပြည်...

မူဆယ်ခရိုင် မုံးပေါ် ဒေသ လက်နက်ကြီးသံကြားရ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် မုံးပေါ် ဒေသတွင် ယနေ့(စက်တင်ဘာ ၁၁)ရက် နေ့လည် ၃နာရီ ကျော်မှစတင်ကာ လက်နက်ကြီးသံများ ကြားနေရကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။ အဆိုပါ လက်နက်ကြီးသံသည် နေ့လည် ၃နာရီကျော်မှ စတင်ကြားနေရပြီး ညနေ ၄နာရီထိ ပစ်ခတ်သံတွေ ကြားနေရဆဲ ဟု...

ကွတ်ခိုင်မြို့တွင် လက်နက်ကြီးသံများ ကြားရ

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း ယနေ့ (ဇန်နဝါရီ ၈) ညနေ ၄နာရီ ကျော်တွင် လက်နက်ကြီး ပစ်ခတ်သံများ ကြားရကြောင်း ဒေသခံများ ပြောပြချက် အရ သိရသည်။   အဆိုပါ လက်နက်ကြီး ပစ်သည့် သံကြောင့် ကွတ်ခိုင်ဒေသခံများ စိုးရိမ် ထိတ်လန့်မှု ဖြစ်နေကြောင်း၊...

သျှမ်းမြောက် တွင် ၃ လ အတွင်း ရုပ်ပိုင်းဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်ခံရသူ ၇၀ ဦးရှိ

သျှမ်းပြည် မြောက်ပိုင်းတွင် ၃ လ အတွင်း နည်းမျိုးစုံဖြင့်ရုပ်ပိုင်းဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ၇၀ ဦး ခန့် ရှိကြောင်း တအာင်း လူမှု အဖွဲ့အစည်းက ပြောဆိုလိုက်သည်။   မြန်မာ့တပ်မတော်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့တိုက်ပွဲဖြစ်ပွားသည့် သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ၊...

ကွတ်ခိုင်တွင်လက်နက်ကြီးကြောင့်အရပ်သားသေဆုံးမှု နှစ်ဖက်တပ် အပြန်အလှန်စွပ်စွဲ

သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း လက်နက်ကြီးများ ကျသဖြင့် အရပ်သားများ သေဆုံးသည့် ကိစ္စ နှစ်ဖက်တပ် အပြန်အလှန်စွပ်စွဲနေကြသည်။ သြဂုတ် ၃၁ ရက် မနက် ၉ နာရီ ကျော် ကွတ်ခိုင်မြို့နယ် မော်ဟိတ်စုစည်းကျေးရွာ တွင် လက်နက်ကြီးကျကာ အမျိုးသမီး များနှင့် လသားကလေးငယ်...

လက်နက်ကြီးကျည်မှ ကျည်စထိမှန်သေဆုံးသည့် ရွာသားအတွက် တရားမျှတမှုရှိစေရေး တာဝန်ယူဆောင်ရွက်ပေးရန် SHRF တောင်းဆို

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း ရွာသားတဦး လက်နက်ကြီးထိမှန်သေဆုံးမှုသည် အစိုးရ တပ်မတော် ခလရ ၆၈ မှပစ်လွှတ်သော လက်နက်ကြီးဖြစ်သဖြင့် သေဆုံးသူ၏ကျန်ရစ်သူမိသားစုများအတွက် တရားမျှတမှုဖြစ်စေရေးတာဝန်ယူဆောင်ရွက်ပေးသင့်ကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ပြောဆိုလိုက်သည်။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်အစိုးရတပ်မတော်တို့ကြားတိုက်ပွဲကြောင့် သြဂုတ်လ ၁၇ ရက်နေ့က အစိုးရတပ်မတော် ခလရ...

ကွတ်ခိုင်တွင် ရွာအတွင်းလက်နက်ကြီး ကျ အမျိုးသား တဦးသေဆုံး

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာအုပ်စု ပန်းဆေးရွာအတွင်း လက်နက်ကြီး ကျည်ကျရာ အသက် ၅၀ ၀န်းကျင်အမျိုးသားတဦး ကျည်စထိမှန် သေဆုံးခဲ့ကြောင်းသိရသည်။ သြဂုတ်လ ၂၆ ရက် ယမန်နေ့ ညနေ ရ နာရီဝန်းကျင်က ကွတ်ခိုင်မြို့နယ် ရပ်ကွက် ၅ ဘုရားကျောင်းအနီးတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး...

Latest news