Sunday, May 5, 2024

နောင်ချိုမြို့နယ် ကျေးရွာထဲ စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ် ပြည်သူ ၁၄၀ နီးပါး စစ်ရှောင်နေရ

Must read

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် လုံခံကျေးရွာထဲကို စစ်ကောင်စီက လက်နက်ကြီး၊ ငယ် ပစ်ခတ်မှုကြောင့် ပြည်သူ (၁၄၀) ဝန်းကျင် စစ်ဘေးထပ်မံ တိမ်းရှောင်လာခဲ့ရကြောင်း စုံးစမ်းသိရှိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက် နှင့် ၄ ရက် တွင် စစ်ကောင်စီက ကျေးရွာတွင်း PDF တပ်ဖွဲ့ရှိသူဟု ယူဆကာ လက်နက်ကြီး ပစ်ခတ်လာသောကြောင့် ပြည်သူများ ထပ်မံပြေးရှောင်လာရကြောင်း သိရသည်။

“မနေ့ ည ကပဲ ထပ်ပြီးထွက်ပြေးလာကြတာ။ စစ်ကောင်စီက ရွာထဲမှာ PDF ရှိတယ်ဆိုပြီးတော့ လက်နက်ကြီးပစ်လိုက်တာ။ အဲ့ကြောင့် ရွာပတ်ဝန်းကျင်တွေကသူတွေ ထပ်ထွက်ပြေးလာတာ။ ၃ ရက်နေ့ ညကလည်း ထွက်ပြေးလာကြတာ။ စုစုပေါင်း ၁၄၀ ဝန်းကျင်လောက်ရှိမယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

နောင်ချို စစ်ရှောင်

အဆိုပါ စစ်ဘေးရှောင်များသည် ဒိုးပင်ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေပြီး၊ စစ်ရှောင်များအတွက် အစားအသောက် ၁ ပတ်စာသာ ကျန်ရှိတော့ကြောင်း သိရသည်။

ထို့အပြင် စစ်ဘေးရှာင်များအတွက် ဆေးဝါးများလည်း အရေးပေါ် လိုအပ်နေကြောင်း ၎င်းအမျိုးသမီးက ဆိုသည်။

နောင်ချိုကျေးရွာ

“စစ်ရှောင်တွေအတွက်က ၁ ပတ်စာလောက်တော့ ကျန်နေသေးတယ်။ ဆရာတော်တွေလည်း ဆက်ပြီးအလှူခံထားသေးတယ်။ ပြီးတော့ ဆေးဝါးက အရမ်းလိုတယ်။ အခုက ရာသီ အကူးပြောင်းဖြစ်တော့ ကလေးတွေ အအေးမိ ဖြစ်နေကြတာ။ ဆရာဝန်ကရှိပြီး ဆေးမရှိထားဘူး” ဟု ထိုအမျိုးသမီးက ပြောသည်။

စစ်ဘေးရှောင်များသည် လက်ရှိမှာ ခြံများ၊ လယ်ယာများမှာလည်း သွားရောက်နေထိုင်သူများလည်း ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် ဩဂုတ် ၂၄ ရက်နေ့ကစပြီး စစ်ကောင်စီ နှင့် မန္တလေး PDF တိုက်ပွဲဖြစ်ပွားသဖြင့် ကုန်းတမော့၊ နားခါး၊ လုံခံ၊ ရတနာသိင်္ဂီ၊ ကြံခင်း ကျေးရွာမှ ဒေသခံ စုစုပေါင်း စစ်ဘေးရှောင် တစ်ထောင်ဝန်းကျင်ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article