ကွတ်ခိုင်မြို့နယ် စစ်ကောင်စီ ရမ်းသမ်းပစ်ခတ် ကျွဲ/နွားများ ထိမှန်သေဆုံး

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့တို့မှ လက်နက်ကြီး၊ လက်နက်ငယ် တို့ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူပိုင်ကျွဲ၊ နွားများ ထိမှန်သေဆုံးရကြောင်း သတင်းသိရသည်။

အောက်တိုဘာ ၁ ရက်နေ့တွင် ကွတ်ခိုင်မြို့ အထွက် တိုးဂိတ်အကျော်အနီး မောင်းနှင်လာသည့် စစ်ကောင်စီ စစ်ကား နှစ်စီးကို လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ ဝင်ရောက်ပစ်ခတ်ပြီး စစ်သားတချို့ ထိမှန်ဒဏ်ရာရပြီးနောက် ကွတ်ခိုင်အခြေစိုက် ခမရ ၂၄၁ မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်နက်ကြီးထိမှန်သေဆုံးသည့် နွား

“အဲ့တိုးဂိတ် အကျော်နားလေးအရောက်မှာ မိနစ် ၂၀ ကျော် ပစ်ခတ်မှုဖြစ်တယ်၊ အဲ့ဒီမှာ စစ်ကောင်စီ တပ်သား တချို့က ကျည်ထိမှန်ဒဏ်ရာရတယ်တဲ့၊ အဲ့ဟာဖြစ်ပြီး နေ့ခင်းပိုင်း ၂ နာရီလောက်မှာ ခမရ ၂၇၁ က လက်နက်တွေ ရမ်းပစ်လို့ ရွာက ကျွဲ နွားတွေ ထိမှန်ပြီး သေဆုံးရတယ်” ဟု ကွတ်ခိုင်မြို့မှ အမည်မဖော်လိုသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ လက်နက်ကျည်ထိမှန်သည့် ကျွဲ၊ နွားများသည် ကွတ်ခိုင်မြို့နယ် ဖတ်ယိုင်းကျေးရွာအုပ်စု၊ မန်ဘန်ကျေးရွာမှ ပြည်သူပိုင် ကျွဲ၊ နွားများဖြစ်ပြီး နွား ၅ ကောင်နှင့် ကျွဲ ၃ ကောင် ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“စစ်ကောင်စီတွေက လက်နက်ကြီးတွေနဲ့ ရမ်းပစ်တယ်လေ၊ ရွာထဲမကျလို့ ပြည်သူတွေကို မထိလို့ တော်သေးတယ်ပဲ ပြောရမလား စားကျက်ထဲ လွတ်ထားတဲ့ ကျွဲတွေ နွားတွေတော့ ထိမှန်သေကုန်ကြတယ်၊ မသေပဲ ဒဏ်ရာရတဲ့ ကျွဲ၊ နွားလည်းများတယ်” ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ကွတ်ခိုင်မြို့နယ်အတွင်း၌ ပစ်ခတ်သံများ ငြိမ်သက်နေသော်လည်း ဖတ်ယိုင်းကျေးရွာအုပ်စုဘက်၌ စစ်ကောင်စီအုပ်စု လှုပ်ရှားမှု ရှိနေသေးကြောင်း ဒေသခံများက ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ နှင့် ပြည်သူ့စစ်တပ်ဖွဲ့များ လှုပ်ရှားမှု ရှိနေသည့် အပြင် စစ်ကောင်စီတပ်ဖွဲ့ နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ကြား ပစ်ခတ်တိုက်ခတ်မှုလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွတ်ခိုင်မြို့နယ် TNLA တပ်စခန်းများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် MNDAA တိုက်ခိုက်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းနေရာများကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး စတင်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်ရှိ မုံးစီး၊ နမ့်ဖတ်ကာ၊...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...