Wednesday, January 28, 2026

ကွတ်ခိုင်မြို့နယ် စစ်ကောင်စီ ရမ်းသမ်းပစ်ခတ် ကျွဲ/နွားများ ထိမှန်သေဆုံး

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့တို့မှ လက်နက်ကြီး၊ လက်နက်ငယ် တို့ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူပိုင်ကျွဲ၊ နွားများ ထိမှန်သေဆုံးရကြောင်း သတင်းသိရသည်။

အောက်တိုဘာ ၁ ရက်နေ့တွင် ကွတ်ခိုင်မြို့ အထွက် တိုးဂိတ်အကျော်အနီး မောင်းနှင်လာသည့် စစ်ကောင်စီ စစ်ကား နှစ်စီးကို လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ ဝင်ရောက်ပစ်ခတ်ပြီး စစ်သားတချို့ ထိမှန်ဒဏ်ရာရပြီးနောက် ကွတ်ခိုင်အခြေစိုက် ခမရ ၂၄၁ မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်နက်ကြီးထိမှန်သေဆုံးသည့် နွား

“အဲ့တိုးဂိတ် အကျော်နားလေးအရောက်မှာ မိနစ် ၂၀ ကျော် ပစ်ခတ်မှုဖြစ်တယ်၊ အဲ့ဒီမှာ စစ်ကောင်စီ တပ်သား တချို့က ကျည်ထိမှန်ဒဏ်ရာရတယ်တဲ့၊ အဲ့ဟာဖြစ်ပြီး နေ့ခင်းပိုင်း ၂ နာရီလောက်မှာ ခမရ ၂၇၁ က လက်နက်တွေ ရမ်းပစ်လို့ ရွာက ကျွဲ နွားတွေ ထိမှန်ပြီး သေဆုံးရတယ်” ဟု ကွတ်ခိုင်မြို့မှ အမည်မဖော်လိုသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ လက်နက်ကျည်ထိမှန်သည့် ကျွဲ၊ နွားများသည် ကွတ်ခိုင်မြို့နယ် ဖတ်ယိုင်းကျေးရွာအုပ်စု၊ မန်ဘန်ကျေးရွာမှ ပြည်သူပိုင် ကျွဲ၊ နွားများဖြစ်ပြီး နွား ၅ ကောင်နှင့် ကျွဲ ၃ ကောင် ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“စစ်ကောင်စီတွေက လက်နက်ကြီးတွေနဲ့ ရမ်းပစ်တယ်လေ၊ ရွာထဲမကျလို့ ပြည်သူတွေကို မထိလို့ တော်သေးတယ်ပဲ ပြောရမလား စားကျက်ထဲ လွတ်ထားတဲ့ ကျွဲတွေ နွားတွေတော့ ထိမှန်သေကုန်ကြတယ်၊ မသေပဲ ဒဏ်ရာရတဲ့ ကျွဲ၊ နွားလည်းများတယ်” ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ကွတ်ခိုင်မြို့နယ်အတွင်း၌ ပစ်ခတ်သံများ ငြိမ်သက်နေသော်လည်း ဖတ်ယိုင်းကျေးရွာအုပ်စုဘက်၌ စစ်ကောင်စီအုပ်စု လှုပ်ရှားမှု ရှိနေသေးကြောင်း ဒေသခံများက ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ နှင့် ပြည်သူ့စစ်တပ်ဖွဲ့များ လှုပ်ရှားမှု ရှိနေသည့် အပြင် စစ်ကောင်စီတပ်ဖွဲ့ နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ကြား ပစ်ခတ်တိုက်ခတ်မှုလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...