Thursday, May 2, 2024

လက်နက်ကြီး

သိန္နီမြို့နယ် စစ်ကောင်စီ နှင့် KIA တိုက်ပွဲကြောင့် ဘုန်းကြီးကျောင်း လက်နက်ကြီးထိမှန်

သျှမ်းပြည် လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာအုပ်စုအတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကချင်လွတ်လပ်ရေး တပ်ဖွဲ့ (KIA) တို့ တိုက်ပွဲဖြစ်ပွားပြီး ဘုန်းကြီး ကျောင်းဝင်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၇) ရက် နံနက်ပိုင်း ၁၁ နာရီဝန်းကျင်...

မူဆယ်မြို့နယ်အတွင်း ညအချိန် ပစ်ခတ်သံကြောင့် ဒေသခံများ ထိတ်လန့်

သျှမ်းပြည် မူဆယ်မြို့နယ်အတွင်း ညဘက် လူခြေတိတ်ချိန်တွင် ပစ်ခတ်သံများ ဖြစ်ပေါ်သည့်အတွက် ဒေသခံများမှ ထိတ်လန့်တုန်လှုပ်ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၃) ရက် ည ၁၀ နာရီဝန်းကျင်တွင် မူဆယ်မြို့ပေါ် လက်နက်ကြီး အသံ နှစ်ချက် ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာပြီး အချင်းချင်း ပစ်ခတ်သည့် သေနတ်သံများလည်း...

မိုးကုတ်မြို့ နယ် နေအိမ်တစ်လုံး လက်နက်ကြီး ကျရောက်ပေါက်ကွဲ အသက် (၅) နှစ်အရွယ် သေဆုံး

မိုးကုတ်မြို့နယ် ညောင်ကုန်းကျေးရွာရှိ နေအိမ် ခြံဝန်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အသက် (၅) နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ စက်တင်ဘာလ ၂၀ ရက် မနက်ပိုင်း အချိန်တွင် ညောင်ကုန်းကျေးရွာမှ နေအိမ်တစ်လုံးအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ထဲရှိ အသက်...

နမ့်ဖတ်ကာ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးပစ်ခတ်၊ ပြည်သူများ စိုးရိမ်ကြောက်လန့် အိမ်ပြင်မထွက်ရဲ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရှိ စစ်ကောင်စီ တပ်စခန်းမှ လက်နက်ကြီးဖြင့် တစ်နေကုန်နီးပါး ဆက်တိုက်ပစ်ခတ်နေသောကြောင့် ပြည်သူများ စိုးရိမ်ကြောက်လန့်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၂၀) ရက် နံနက်ပိုင်း ၁၁ နာရီကျော်မှ ညနေ ၅ နာရီအထိ နမ့်ဖတ်ကာ အခြေစိုက် ခလရ (၁၂၃)...

စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် စယ်လန့်ကျေးရွာနေ အမျိုးသမီး ကျည်စထိမှန်

သျှမ်းပြည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ . ယမန်နေ့ စက်တင်ဘာလ ၁၈ ရက် ညနေပိုင်းအချိန်တွင် စယ်လန့်ကျေးရွာအုပ်စု မန်ကန်ရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲပြီး အသက် (၄၀) ဝန်းကျင် အမျိုးသမီးတစ်ဦးကို လက်နက်ကြီးကျည်စ ထိမှန်ခဲ့ကြောင်း...

ကွတ်ခိုင်မြို့နယ်အတွင်း လက်နက်ကြီးကျပေါက်ကွဲ နေအိမ်များ နှင့် အိမ်မွေးတိရိစ္ဆာန်များ ထိခိုက်သေဆုံး

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မိုင်းယုကျေးရွာအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးများ ကျပေါက်ကွဲမှုကြောင့် နေအိမ်များ နှင့် အိမ်မွေးတိရိစ္ဆာန်များ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း စုံစမ်းသိရသည်။ . ယမန်နေ့ (စက်တင်ဘာလ ၅ ရက်) ည ၁၀ ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကွတ်ခိုင်မြို့နယ် နမ့်ခိုင်တံတားရှိ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးများသည် မိုင်းယုကျေးရွာ...

နမ့်ဖတ်ကာ လက်နက်ကြီးထိ သေဆုံးသူ၏ မိသားစုဝင် နှင့် ဒဏ်ရာရသူကို စစ်ကောင်စီက ရွှေဖီဦး နှင့် အရက်ဖြင့် နှစ်သိမ့်

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအတွင်း လက်နက်ကြီးကျမှုကြောင့် သေဆုံးသွားရသည့် မိသားစုဝင်များ နှင့် ဒဏ်ရာရရှိသူများကို စစ်ကောင်စီတပ်သားများက အရက် နှင့် ရွှေဖီဦးကော်ဖီဖြင့် သွားရောက်နှစ်သိမ့်ခဲ့ကြောင်း သတင်းရရှိသည်။ . ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ကြား တိုက်ပွဲပြင်းထန်မှု ဖြစ်ပွားခဲ့ပြီး...

ကွတ်ခိုင်မြို့နယ် တိုက်ပွဲမှ လက်နက်ကြီး လမ်းမကြီးပေါ် ကျရောက်ပေါက်ကွဲ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် လက်နက်ကြီးများသည် မူဆယ် - မန္တလေး ပြည်ထောင်စု ကားလမ်းမကြီးပေါ်ထိ ကျရောက်ပေါက်ကွဲကြောင်း စုံစမ်းသိရသည်။ . စက်တင်ဘာလ ၁ ရက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအနီးတွင် စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)...

နမ့်ဖတ်ကာအတွင်း လက်နက်ကြီးကျ နေအိမ်တစ်လုံး နှင့် အရပ်သား ထိခိုက်မှုရှိနေ

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအုပ်စုအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် နေအိမ်တစ်လုံး ပျက်စီးရသည့်အပြင် အရပ်သား ထိခိုက်မှုများလည်း ရှိနေကြောင်း သတင်းရရှိသည်။ . ယနေ့ (သြဂုတ် ၃၀) ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ကွတ်ခိုင်အခြေစိုက် စစ်ကောင်စီ တပ်ရင်း တပ် အမှတ် (၁၂၃)...

စစ်ကောင်စီလက်နက်ကြီးကြောင့် နမ့်ဖတ်ကာ အရပ်သား တစ်ဦးသေ ၊ နှစ်ဦးဒဏ်ရာရ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအုပ်စု အခြေစိုက် စစ်ကောင်စီ တပ်ဖွဲ့၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပတ်ခတ်မှုကြောင့် အရပ်သား တစ်ဦးသေ တစ်ဦးဒဏ်ရာ ရသွားကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၂၉ ရက် ည ၉ နာရီခွဲဝန်းကျင်တွင် နမ့်ဖတ်ကာ အခြေစိုက် စစ်ကောင်စီတပ် အမှတ် ခလရ ၁၂၃...

Latest news