ရွေးကောက်ပွဲ
ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းအလိုတောင်ကြီးမြို့ပေါ်တွင် အဖြေရှာ မရသေးသော ပေါက်ကွဲသံ ကြောင့် ပြည်သူများထိတ်လန့်
တောင်ကြီး မြို့ပေါ်တွင် နိုဝင်ဘာ(၂) ရက်နေ့ ညနေ ၆ နာရီ ၃၀ ချိန်ခန့်က ဖြစ်ပွားခဲ့သော ပေါက်ကွဲသံ နှင့် ပတ်သက်၍ သက်ဆိုင်ရာမှ အဖြေအတိအကျမထုတ်ပြန် နိုင်သေးပဲ ပြည်သူများကြားထိတ်လန့် မှုဖြစ်ပွားခဲ့သည် ဟုသိရသည် ။ “ အသံက အရမ်းကျယ်တယ် တစ်မြို့လုံးကို လွှမ်းမိုးသွားတဲ့...
ခရီးလမ်း ခက်ခဲတဲ့ သျှမ်း/ရှေ့တောင်တန်းမှာ ဖွံ့ဖြိုးရေးအတွက် ဖော်ဆောင်ပေးမယ်ဆိုတဲ့ ကျားဖြူကိုယ်စားလှယ်လောင်း နန်းနွေနှောင်း
SHAN -
ခေတ်အဆက်ဆက် ပြောင်းလဲလာပေမယ့် တောင်ပေါ်ဒေသမှာအဖက်ဖက် ဖွံ့ဖြိုးမှု နှောင့်နှေးနေဆဲ၊ထိုအရာတွေကို ပြုပြင်ပေးချင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ အများပြည်သူသိတဲ့ ကျားဖြူပါတီရဲ့ကိုယ်စားလှယ်လောင်း မိုင်းပျဉ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း နန်းနွေနှောင်းကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဆိုင်လှိုင်း က ဆက်သွယ်မေးမြန်းထားပါတယ်။ နန်းနွေနှောင်းဟာ နိုင်ငံရေးအလုပ်တွေမလုပ်ခင်မှာ ကျေးလက်ဒေသမှာ ကျောင်းဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တဦးဖြစ်ပါတယ်။...
ကြိုတင်မဲပုံးလုံခြုံရေးရဲချထားသော်လည်း မည်သည့်အရာမှ ရာနှုန်းပြည့်စိတ်ချရသည်မရှိ သျှမ်းရွေး/ကော်ပြော
SHAN -
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အတွက် ကြိုတင်မဲပေးကို ကော်မရှင်အဖွဲ့ခွဲရုံးတွင် လုံခြုံရေးရဲဖြင့် ထားသော်လည်း ရာနှုန်းပြည့် စိတ်မချရမှု မရှိကြောင်း သိရသည်။ အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၇ ရက်ထိ မနက် ၈နာရီ မှ ညနေ ၆နာရီထိ...
“မူးယစ်ဆေးကြောင့် မိဘမဲ့ဖြစ်သွားတဲ့ကလေး” လျော့သွားအောင်စွမ်းဆောင်မယ်ဆိုတဲ့ လားဟူ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း မအေးသီတာမြင့်
လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အပြင် ဈေးကွက်စီးပွားရေးလည်းမရှိတာကြောင့် မူးယစ်ဆေးဝါး ကို မစိုက်ချင်ဘဲ စိုက်နေရတဲ့ တောင်ပေါ်ဒေသအတွက် မူးယစ်ဆေးဝါး ပပျောက်အောင် ဆောင်ရွက်ကာ တရားဝင် မူးယစ်ဆေးဝါး ဆေးဖြတ်စခန်းတွေလည်း တည်ထောင်ချင်ကြောင်း လားဟူ အမျိုးသမီး မအေးသီတာမြင့် က ပြောပါတယ်။ မအေးသီတာမြင့်ဟာ လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP ဥက္ကဌ ဖြစ်ပြီး၊...
ငြိမ်းချမ်းရေးနှင့် နိုင်ငံသားအခွင့်အရေးရရှိရေး ကျောက်မဲစစ်ဒဏ်သင့်လူငယ်နှင့်ရပ်မိရပ်ဖများ တောင်းဆို
ဒေသခံလူထု ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးနှင့်နိုင်ငံသားအခွင့်အရေးအပြည့်အ၀ ရရှိရေးအတွက် စစ်မြေပြင်အတွင်းနေထိုင်သည့် လူငယ်များနှင့် ရပ်မိရပ်ဖ များက ကျန်းမာရေးဌာန ထုတ်ပြန်ချက်နှင့်အညီ ငြိမ်းချမ်းစွာ တောင်းဆိုလိုက်သည်။ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ တိုက်ပွဲကြောင့် စစ်ဘေးရှောင်လူထု ၁၀၀၀ ခန့်ခိုလှုံခဲ့သည့် ပုံ၀ိုးဘုန်းကြီးကျောင်းတွင် (စစ်ရှောင်များနေရပ်ပြန်ကြပြီးနောက် ) အောက်တိုဘာ ၂၂ ရက်က ကျောက်မဲလူငယ်များနှင့်ရပ်မိရပ်ဖများတွေ့ဆုံကာ ...
လူထုရဲ့ပြဿနာ ဆက်လက်ဖြေရှင်းဖို့ ရွှံနွံကြားက မဲဆွယ်နေတဲ့ ပင်လုံမြေက နန်းမြထွေး
SHAN -
မိုးရာသီရောက်တိုင်း တောင်ပေါ် မြေနီလမ်းဟာ ရွှံ့နွံထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေ နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရပါတယ်။ ရွှံ့နွံထူထပ်တဲ့လမ်းမှာ ဖိနပ်ချွတ် ၊ ထဘီ ကို ဒူးခေါင်းလောက်အထိ မ တင် ပြီး မဲဆန္ဒရှင်လူထုဆီကို ခက်ခက်ခဲခဲ အရောက်သွားနေသူကတော့ နန်းမြထွေးပါပဲ။ နန်းမြထွေး ဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်( SNLD)...
နောင်ချို ဆိပ်ဖူးကျေးရွာအုပ်စု ရွေးကောက်ပွဲ မကျင်းပသည့်အပေါ် ဒေသခံများဝေဖန်မှု
ရွေးကောက်ပွဲမကျင်းပသည့်နယ်မြေများစာရင်းတွင် လက်နက်ကိုင်ပဋိပက္ခများ၊ ကိုဗစ်ဖြစ်ပွားမှုများမရှိသည့် နောင်ချိုမြို့နယ်ရှိ ဆိပ်ဖူးကျေးရွာအုပ်စုအံ့အားသင့်ဖွယ် ထည့်သွင်းထားမှုအပေါ် ဒေသခံများအကြား ဝေဖန်မှုများမြင့်တက်လျက်ရှိကြောင်း သိရသည်။ အဆိုပါကျေးရွာအုပ်စုသည် သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင်တည်ရှိခြင်းဖြစ်ပြီး ရွေးကောက်ပွဲမကျင်းပခြင်းသည် တောခိုခိုင်းသည့်သဘောသက်ရောက်သည်ဟု ဒေသခံများက ယူဆလျက်ရှိကြောင်း ဆိပ်ဖူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံလှမောင်က ပြောသည်။ “ကျွန်တော်တို့က ဒီမဲထည့်ဖို့ပဲဆန္ဒရှိတယ်။မဲထည့်ခွင့် မပေးဘူးဆိုရင် မဲစာရင်းရှင်တွေ တောပဲဝင်မယ်ဆိုအကြမ်းပဲဖြစ်မှာပေါ့။ ကောင်းလာမယ့်ပုံစံတော့ မရှိလောက်ဘူး...
မိုင်းကိုင်မြို့နယ်နှင့် သျှမ်းမြောက် နေရာတချို့ရွေးကောက်ပွဲ ပြန်ကျင်းပခွင့်ရရန် ကြိုးစားနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ရွေးကောက်ပွဲ ကျင်းပရေး ပယ်ဖျက်ခံထားရသည့် မိုင်းကိုင်မြို့နယ်တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပခွင့် ရရှိရေး အလားအလာကောင်းကြောင်း သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံ စုံစမ်းသိရှိရသည်။ သျှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပခွင့် ဖျက်သိမ်းခံထားရသည့် မြို့နယ်များအနက် ပြန်လည်ကျင်းပနိုင်ရေး အလားအလာကောင်းသည့် မြို့နယ်များမှာ မိုင်းကိုင်မြို့နယ် ၊ လားရှိုးမြို့နယ်...
ထိုင်းမြောက်ပိုင်းရောက်မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများ ကြိုတင်မဲစပေး
ထိုင်းနိုင်ငံမြောက်ပိုင်း ၉ ခရိုင်ရောက် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများ ယနေ့ကစပြီး ချင်းမိုင်ခရိုင် ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်၀န်ရုံးတွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးနေကြပါသည်။ ထိုင်းနိုင်ငံမြောက်ပိုင်းရောက်မဲမြန်မာနိုင်ငံသားဆန္ဒရှင်များက ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် ဇူလိုင်လ ကတည်းက အမည်စာရင်းများပေးထားကြရပြီဖြစ်သည်။ ချင်းမိုင်မြို့ မြန်မာကောင်စစ်၀န်ရုံးတွင် ကြိုတင်မဲပေးသူများအား သွားရောက်ကူညီမှုပေးနေသည့်စေတနာ့၀န်ထမ်း ၊ချင်းမိုင်ရောက်သျှမ်းလူငယ်များအဖွဲ့က စိုင်းမိဏ်းက- "ဒီမနက်တော့ လားရှိုးနဲ့ မိုင်းကိုင်ပါ ။...





