ခရီးလမ်း ခက်ခဲတဲ့ သျှမ်း/ရှေ့တောင်တန်းမှာ ဖွံ့ဖြိုးရေးအတွက် ဖော်ဆောင်ပေးမယ်ဆိုတဲ့ ကျားဖြူကိုယ်စားလှယ်လောင်း နန်းနွေနှောင်း

ခေတ်အဆက်ဆက် ပြောင်းလဲလာပေမယ့် တောင်ပေါ်ဒေသမှာအဖက်ဖက် ဖွံ့ဖြိုးမှု နှောင့်နှေးနေဆဲ၊ထိုအရာတွေကို ပြုပြင်ပေးချင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ အများပြည်သူသိတဲ့ ကျားဖြူပါတီရဲ့ကိုယ်စားလှယ်လောင်း မိုင်းပျဉ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း နန်းနွေနှောင်းကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဆိုင်လှိုင်း က ဆက်သွယ်မေးမြန်းထားပါတယ်။


နန်းနွေနှောင်းဟာ နိုင်ငံရေးအလုပ်တွေမလုပ်ခင်မှာ ကျေးလက်ဒေသမှာ ကျောင်းဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တဦးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၅ ခုနစ် ရွေးကောက်ပွဲ ကာလမှာလည်း မိုင်းပျဉ်းမြို့နယ် မှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအနေနဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ အနိုင်မရရှိခဲ့ပေ။


သို့သော် ၅နှစ်တာ ကာလ အချိန်သာပြောင်းလဲသွားပေမယ့် နန်းနွေနှောင်း ယှဉ်ပြိုင်ခဲ့တဲ့ မိုင်းပျဉ်း ဒေသ ကျေးရွာတွေဟာ ပြောင်းလဲ တိုးတက်မှု ဟာ အားနည်းနေဆဲ၊ ထိုနေရာတွေကို ပြုပြင်ပြောင်းလဲလိုစိတ်ဖြင့် သူမဟာ ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ချင်းဖြစ်ကြောင်း ပြောပြလာပါတယ်။


မေး။ ။ ကျားဖြူပါတီ SNDP ပါတီထဲ ကနေ ရွေးကောက်ပွဲဝင်ပြိုင်ရတဲ့အကြောင်းရင်းပြောပြပေးပါဦး။


ဖြေ။ ။ ကျမတို့ ၂၀၁၁ နဲ့ ၂၀၁၂ ကြားမှာ ကျားဖြူစည်းရုံးရေးပိုင်းကနေ ပြီးတော့မှ လာစည်းရုံးတယ်။ အဲချိန်က ကျမတို့ နိုင်ငံရေးအကြောင်းတွေ ဘာမှတော့ နားမလည်းသေးဘူး။ ဒါပေမဲ့ ကိုယ်ရဲ့ ရှမ်းတိုင်းရင်းသားရဲ့ပါတီက အဲချိန်က ကျားဖြူပါတီတစ်ခုထဲဘဲရှိတယ်။ ကိုယ်ရဲအမျိုးရဲ့ပါတီတွေကို ပြည်သူလူထုတွေအတွက် ပံပိုးချင်တယ်။ အဲချိန်ကတော့ ကိုယ်စားလှယ်အနေနဲတော့ မပါဝင်ခဲ့ဘူး။ ပါတီဝင်တစ်ယောက်အနေနဲ့ပါဘဲ။


မေး။ ။ အမျိုးသမီးတစ်ယောက် အနေနဲ့ နိုင်ငံရေးလောကထဲဝင်လာတဲ့အချိန်မှာ ဘယ်လိုစိန်ခေါ်မှုတွေရှိလဲ


ဖြေ။ ။ အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီနိုင်ငံရေးပါတီထဲဝင်တာတော့ စိန်ခေါ်မှုတွေက ရှိတာပေါ့။ ဖြစ်ချင်တော့ အမက တစ်ကိုယ်တည်း သားသမီး ၃ ယောက်၊ ပြီးရင် အဘိုးအဘွား ကလဲရှိသေးတယ်။ ကိုယ်ကပဲ အိမ်ထောင်ဦးစီး၊ စားဝတ်နေရေး ရှာဖွေနေရတာဆိုတော့ ဒီနိုင်ငံရေးပိုင်းမှာဆိုတော့ ကိုယ့်က ဦးတည်ချက်ဆောက်ချပြီးလုပ်လိုက်ပြီး။ ကျန်တဲ့ကိုယ်ရဲ့ အိမ်မှု ကိစ္စတွေ ဘာတွေကတော့ နည်းနည်း လစ်ဟင်းတာပေါ့။ အဲလိုမျိုးစိန်ခေါ်မှုတော့ ရှိတာပေါ့။


မေး။ ။ မဲဆွယ်စည်းရုံးရေး သွားတဲ့အချိန်မှာ လမ်းတွေကြမ်းတာ ခက်ခဲတာတွေတွေ့ရပါတယ်။ အဲ့အပေါ်မှာရောဘာများပြောချင်ပါသလဲ။

ဖြေ။ ။ ကျမ ၂၀၁၅ ကတည်းက အဲဒီတောင်ပေါ်ဒေသတွေကို အမျိုးသမီးကိုယ်စားလှယ်လောင်း အနေနဲ့ သွားခဲ့တယ်။ ၂၀၁၅ တုန်းကလည်း အဲချိန် ကျမ တုံတာမှာ ဖုန်းလိုင်းမရှိဘူး။ မိုင်းပျဉ်း ကတော့ရှိတယ်။

Facebook၊ အင်တာနက်တွေကို အဲချိန်မတိုင်းခင်ကတည်းကသုံးထားတာဆိုပေမယ့် သိပ်ပြီးမှ ကွန်ယက်တွေပေါ်မှ မတင်ဖြစ်ဘူး။ ဒီ၂၀၂၀ နောက်ထက်သွားတဲ့ချိန်လည်း ဒီလိုဘဲဖြစ်နေသေးတယ်။ ဖွံ့ဖြိုးမှုတွေမရှိသေးဘူး။ ပြည်သူလူထုတွေဆို ပညာရေး၊ ကျန်းမားရေး တွေကအစ အဆိုးဆုံးကတော့ ဒီလမ်းပန်ဆက်သွယ်ရေးတွေ နောက် နိုင်ငံသားကဒ်တွေပေါ့။ အဲတာတွေက အမကိုယ်တိုင် မျက်မြင်ကိုယ်တွေ့တဲ့အချိန်မှာ ပြည်သူလူထုနေထိုင်စားသောက်မှုတွေ ရုန်းကန်နေရတဲ့ ဘဝတွေ တွေ့ရတယ်။

ကျမ ၂၀၂၀မှာ နိုင်ခဲ့မယ်ရှိရင် ကြုံတွေ့နေရတဲ့ ပြည်သူလူထုတွေရဲ အခက်ခဲကို ကြိုးစားပြီးမှ ဖြေရှင်းပေးချင်တယ်။


မေး။ ။ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြား မရှိတာ ဘယ်လောက်လောက်ရှိလဲ။


ဖြေ။ ။ နိုင်ငံသားမှတ်ပုံတင်မရှိတာ ၃ပုံ၂ပုံလောက်ဖြစ်နေတယ်။ တချို့ တွေဆိုရင် မွေးကတည်းကနေ သေဆုံးသွားတဲ့ထိ မှတ်ပုံတင်ဆိုတာ ဘာမှန်းတောင်မသိခဲ့ဘူး။ ဒါပေမဲ့ သူတို့နယ်မြေက ကျဉ်းလာဆိုမကျဉ်းဘူး။ အုပ်စုက အရမ်းလည်းကျယ်ပြန့်တယ်။ ရွာပေါင်းလည်းမနည်းဘူး။ ပြီးရင် တစ်ရွာဆိုရင်လည်း အိမ်ခြေအနည်းဆုံး ၃၀ ရှိတယ်။ ၁၀၀ ထိရှိတယ်။ တကယ်တောင်ပေါ်ဒေသမှ နေထိုင်တယ်။ ပညာရေးဆိုရင်လည်း တချို့ဆိုရင် ကိုယ်ဒီရှမ်းဘာသာ စာတောင်မှမသိဘူး။ အဲလောက်ထိဖြစ်တာပေါ့။


မေး။ ။ ခေတ်အဆက်ဆက်မှ သျှမ်းအရှေ့ပိုင်းကို ဥပက္ခာပြုခဲ့တဲ့ အပေါ်မှာကော ဘာပြောချင်လဲ။


ဖြေ။ ။ သျှမ်းပါတီပေါ်မှာ သျှမ်းရှေ့ ပြည်သူလူထုတွေကတော့ ဟုတ်တယ်။ ဒါပေ့မဲ့ ဒီမိုင်းပျဉ်းနယ်မှာတော့ ဒီ ၂၀၂၀မှာတော့ နည်းနည်း အား သာလာတယ်။ အရင်ထက် စာရင်ပေါ့နော်။ သူတို့က လူကိုယ်တိုင်တာမပါဝင်လှုပ်ရှားပေမယ့် သူတို့ရဲ့စိတ်ဓာတ်ကတော့ ဘယ်သူကဘယ်လို ရှိလဲဆိုတာသိတယ်။

ဥပမာ ၁၀၀ ရာခိုင်းနှုန်းမှာ ၅၀ လောက်တော့တိုးတက်လာတယ်လို့ ပြောရမှာပေါ့ အရင်ကထက် စာရင်တော့။ ဒါပေ့မဲ သူတိုနည်းနည်းလေး ဇဝေဇဝါဖြစ်နေတာ ဒီကျားခေါင်း နဲ့ ကျားဖြူ မပူပေါင်းရေးကိစ္စမှာဆိုရင် စည်းရုံရေးတဲ့ ချိန်ကြလိုရှိရင် ပြည်သူလူထုတွေကမေးတယ်။ ရှမ်းပါတီဖြစ်ပြီးမှ ဘာကြောင့် မပူပေါင်းတာလဲ။ အဲချိန်ကြရင်တော့ ကိုယ်ကရှင်းပြပေးရတာပေါ့။ ကျမကတော့ ဒီလိုတော့ပြောလိုက်တယ်။ ဘယ်ဗမာမှ ကျမတို့ရှမ်းပါတီကို မဲထည့်ပေးတာ မရှိဘူးထင်တယ်။ ဒီစကားနဲဘဲ သူတို့ကို အားပေးတာပေါ့။


မေး။ ။ သျှမ်းရှေ့က တိုင်းရင်းသားပေါင်းစုံနေထိုင်ကြတယ်။ လူမျိုးစု လူငယ်တွေအတွက်ဘာတွေ ပြုလုပ်ပေးချင်လဲ။


ဖြေ။ ။ သျှမ်းရှေ့မှာ တိုင်းရင်းသားပေါင်းစုံ လူမျိုးဘာသာမခွဲခြားဘဲ ဒီလူငယ်တွေကိုတော့ အဓိကတော့ နိုင်ငံရေးအမြင်တွေကော၊ အဖွဲစည်းအမြင်တွေကအစ ပြီးတော့ဒီလူငယ် စွမ်းဆောင်နိုင်တဲ့ အပိုင်း မှာဆိုရင်လည်း သူတို့ကို လုပ်ဆောင်ပေးချင်တယ်။


အဓိကက သူတို့ကို တစုတစည်းတည်း ကွန်ယက်ချိတ်ဆက်မိစေချင်တယ်။ အခုဟာကြတော့ သူတို့က ပါဝင်လုပ်ရှားမှု ကနည်းနေတယ်။ စိတ်အားထက်သန်းမှုသိပ်မရှိဘူး။ သျှမ်းရှေ့ကတော့ နယ်စပ်လဲဖြစ်တယ်ဆိုတော့ သူတိုက အလုပ်လုပ်ဖို့လောက်ဘဲ ဦးစားပေးတယ်။ နောက်တခု က ပညာရေးပိုင်းမှာ အားနည်းတယ်။ အလုပ်ရှိပြီဆိုရင် အလုပ်ဘဲသွား လုပ်ချင်ကြတော့တယ်။ ပညာရေးပိုင်းကိုလည်း အဓိကထားပြီးတော့ လုပ်ပေးချင်တယ်။


မေး။ ။ ကိုယ့်လူမျိုးအတွက်ရော ဘာတွေ လုပ်ဆောင်ပေးဖို့စဉ်းစားထားလဲ။


ဖြေ။ ။ ကိုယ်လူမျိုးအတွက်တော့ အဓိက အရင်ခေတ်က ကြုံတွေ့လာတဲ့ ပြဿနာတွေကို အစွဲရှိရင်ရှိသလို ကြောက်စိတ်ရှိရင်လည်းရှိနေမှာပေါ့နော်။


တချို့ပိုင်းကလူငယ် တွေကပွင့်လင်းလာပြီး မှ ကိုယ့်ရဲ့ ရပ်ရေး ရွာရေးတွေကို လုပ်ပေးချင်တယ် ဆိုပေမဲ့ လူငယ်တွေက စိတ်အားသန်ပေမဲ့ မိဘတွေက ခွင့်မပြုဘဲ အားမပေးတာတွေရှိတယ်။


တချို့ကျတော့ မိဘတွေကအားပေးမှ သားသမီးတွေက စိတ်မဝင်စားတာတွေရှိတယ်။ နောက်တခု သျှမ်းရှေ့မှာက နယ်စပ်ဖြစ်တော့ ဒီမူးယစ်ဆေးဝါပိုင်းမှာ အရမ်းကိုနည်းနည်းလေးတော့ ဖြစ်နေတယ်ဆိုတော့လေ။ ဒီမူယစ်ဆေးဝါးပိုင်းမှာဆိုရင်လည်း တက်နိုင်သလောက်တော့ ထိန်းနိင်သလောက်တော့ ထိန်းရမှာပေါ့နော်။ ကိုယ်လူမျိုးတွေအတွက်ကတော့ ဒီပညာရေးပိုင်း၊ ကျန်းမာရေးပိုင်း၊ စီးပွားရေးပိုင်းမှာတွေ အားကစားပိုင်းမှကော တိုးတက်အောင်တော့ လုပ်ပေးချင်တာပေါ့နော်။


မေး။ ။ အနိင်ရခဲ့မယ်ဆိုရင် ဘာကိုအရင်ဆုံး လုပ်ဆောင်ပေးဖို စီစဉ်ထားလဲ။


ဖြေ။ ။ နံပါတ် ၁ အချက်ကတော့ အမတို့ဖက်မှာ လမ်းပန်ဆက်သွယ်ရေး တွေပေါ့နော်။ တောင်ပေါ်ဒေသပေါ့။ နောက်တစ်ခုကြတော့ ကျမ ခုနကပြောတဲ့ ဒီလူငယ်ပိုင်းတွေကော နိုင်ငံရေးတွေ စီးပွားရေး၊ ပညာရေးပိုင်းတွေမှာ မူယစ်ဆေးဝါပိုင်းတွေမှာလည်း သက်ဆိုင်ရာ အဖွဲစည်း၊ သက်ဆိုင်ရာဌာနတွေနဲ့ ချိတ်ဆက်ပြီးမှာတော့ ဆောင်ရွက်ပေးချင်တယ်ပေါ့။ သျှမ်းရှေ့မှာက တောင်ပေါ်ဒေသတွေမှာ မှတ်ပုံတင်တွေဆိုရင် ၃ ပုံ ၂ပုံ မှာ မရှိကြဘူး။ အဲတာတွေကိုလည်း ဦးစားပေးလုပ်ပေးချင်တယ်ပေါ့။ နောက်တခုက တပ်သိမ်းနယ်မြေနေရာတွေကိုလည်း တောင်းပေးချင်ပါတယ်။


မေး။ ။နန်းနွေနှောင်း အနေနဲ့သျှမ်းရှေ့ပိုင်းကို ဘယ်လို ပြောင်းလဲတာမြင်ချင်လဲ ဘယ်လိုပြုပြင်ချင်လဲ။


ဖြေ။ ။ သျှမ်းရှေ့ပိုင်းမှာကတော့ ကိုယ့်ရဲ သျှမ်းလူမျိုးအနေနဲပေါ့နော် သူတိုကကြတော့လည်း အဖွဲစည်းကလည်း ၂ ဖွဲဖြစ်နေတယ်။ လက်နက်ကိုင်တိုင်းရင်သားကဆိုရင်လည်း ၂ ဖွဲဖြစ်နေတဲ့အတွက်ကြောင့် တစ်ချိုကတော့ သျှမ်းအချင်းချင်းကို အထင်မကြီးတော့တာရှိတယ်။ အချင်းချင်းတောင် စည်းလုံးညီညွတ်မှုတောင်းမရှိတော့ဘူး။ တခြားပါတီကြီးတွေ တစ်ခြားအဖွဲ့အစည်း တွေ သူများထက်ပါတာတွေများနေတယ်။ အဲကြောင့် ကိုယ်ဖက်က စည်းလုံနိုင်ဖို့၊ ညီညွတ်နိုင်ဖို့ အများကြီးတော့ ကြိုးစားရဦးမှာပေါ့။


မေး။ ။နောက်ဆုံး အနေနဲ့ ဘာထပ်ဖြည့်စွက်ပြောချင်လဲ။


ဖြေ။ ။ နောက်ဆုံးအနေနဲ့တော့ ဒီပါတီမှာ ကျမ နိင်တာ၊ မနိုင်တာ အဓိကမဟုတ်ဘူး။ တကယ်လို နိုင်ဖြစ်တယ်ဆိုရင် ကိုယ်လုပ်ဆောင်ရာမှာ တာဝန်ပိုပြီးတော့ များမှာပေါ့။ လုပ်ဆောင်ပေးချင်တာတွေ အများကြီးရှိတယ်။ မနိုင်ခဲ့ဘူးဆိုရင်တော့ အရင်ကပုံစံ အတိုင်း ကျမ တက်နိုင်သလောက် CSO အဖွဲတွေ့နဲ့ ဖြစ်ဖြစ် ရပ်ရွာအဖြစ်ဖြစ် ဒါတွေနဲ့တော့ ချိတ်ဆက်ပြီးတော့ လူငယ်ပိုင်းတွေကော မှတ်ပုံတင်လုပ်တဲ့ ကိစ္စတွေကော အစ ပြီးတော့ တက်နိင်တဲ့အပိုင်း လူကုန်ကူးမှု အပိုင်းတွေ ရွှေ့ပြောင်းအလုပ်သမား ကိစ္စတွေလည်း ဒါတွေကိုလည်း ကျမ က အမြဲချိတ်ဆက်ပြီးတော့မှ အသိပညာတွေကို အလိုလျောက်ဆောင်ရွက်ပေးတာတွေ ကြိုးစားပြီးတော့ လုပ်သွားမှာပေါ့နော်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...
After Election_China

တရုတ်အလိုကျ အစိုးရသစ်ဆီသို့ စစ်အာဏာရှင်အရွေ့က လူထုအတွက် ဗလာနတ္ထိ

0
အာဏာသိမ်းစစ်တပ် ဉီးစီးကျင်းပပြီးသည့် ရွေးကောက်ပွဲရလဒ်များကို အခြေခံ၍ လာမည့်လပိုင်းအတွင်း စစ်ကောင်စီ အသွင်ပြောင်း "အစိုးရသစ်" တစ်ရပ်ကို ဖွဲ့စည်းရန် ပြင်ဆင်နေသည်။ သို့သော်လည်း ဖြစ်စဉ်တစ်ခုလုံးမှာ တရုတ်နိုင်ငံ အလိုကျ ဖန်တီးထားသည့် စစ်အာဏာရှင် သက်တမ်းတိုး အရွေ့တစ်ခုသာဖြစ်ပြီး ပြည်သူလူထုအတွက်မူ အနှစ်သာရ ကင်းမဲ့သော "ဗလာနတ္ထိ" အချိုးအကွေ့တစ်ခုသာ ဖြစ်နေသည်ကို...

PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် သျှမ်းပြည်လွှတ်တော်အမတ်စာရင်း UEC ထုတ်ပြန်

0
သျှမ်းပြည် မြို့နယ်(၁၇) ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သော်လည်း အချိုးကျကိုယ်စားပြုစနစ် PR ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် ပြည်နယ်လွှတ်တော်အမတ် စာရင်းကို UEC မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂ ) ရက်စွဲဖြင့် စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ သျှမ်းပြည်နယ်လွှတ်တော်အတွက် နိုင်သူအကုန်ယူစနစ်...